Monday, February 2, 2015

အရိုးစည်းရိုးထိုး မယ့် သူများထိုး လို့ရပါပြီ..

r
Min Ko Ko
ကဲ..ကဲ..ကဲ......
အရိုးစည်းရိုးထိုး မယ့် သူများ ...
ထိုး လို့ရပါပြီ....
အမျိုးဘာသာ အတွက်..အားကိုးရတယ်ဆိုတဲ့...သမဒဂြီးက..ခွင့်ပြုလိုက်တာ နော်..
''လေးစားစွာဖြင့်''..တဲ့...အဟက်..ဟက်..
''ဦးရွှေမောင်''......တဲ့...အဟက်..ဟက်....


ဟာဂျူလီ ကသာ
အမျိုးဘာသာထိမ်းသိမ်းစောင့်ရှောက်ရေးဆိုပြီး တလွဲဆံပင်ကောင်းမနေကြပါနဲ့ . ..
*************
အကြောင်းကတော့
တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်နေတဲ့ အကြောင်းတွေထဲက တစ်ခုပေါ့

နှစ် (၈၀-၁၀၀)ခန့်ရှိတဲ့ သရက်ပင်ကြီး လေး(၄)ပင်ကို ဘယ်သူဘယ်ဝါမှန်းမသိ လူ၁၀ယောက်လောက်တော့ရှိမယ်တဲ့ဗျ ခြံပိုင်ရှင်မရှိတုန်း ခြံဝန်းထဲက အပင်ကြီးပါမကျန် ဘာမှ ခွင့်မတောင်းပဲ ခုတ်လှဲကြပါတယ်
ညွှန်ကြားသူတော့ နောက်ကွယ်မှာ ရှိမှာပေါ့

= ကျွန်တော် ခြံရှင် ခရီးပြန်လာတဲ့ ၂၄ရက်နေ့ကျမှ တွေ့တော့ အားလုံး ခုတ်လှဲပြီးနေပြီ

= သစ်ပင်စိုက်ရတာ ၀ါသနာပါတဲ့သူ ကျွန်တော့်အတွက်တော့ အတော်လေးကို နှမျောတသ ၀မ်းနည်းမိပါတယ်

= ခြံစည်းရိုးနဲ့ ခြံဝန်းအတွင်းမှာရှိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေလည်း သစ်ပင်ကိုင်းကြီးတွေပိ ပျက်စီးခံရသေးတယ်

= လမ်း၂ဖက် အလယ်မှာ စိုက်ထားတဲ့ "ပူနွေးကမ္ဘာ တားဆီးရာ၊ ဖြေရှာတစ်ခု တောပြုစု" ဆိုတဲ့ ဆောင်ပုဒ် ရှေ့ထားပြီး "သစ်တစ်ပင် ထောင်သုံးနှစ်" ဆိုတဲ့ စကားတွေကိုလဲ အရေးမထားပဲ ခုတ်လှဲကြတယ်ဗျာ

= လူသူကင်းမဲ့တဲ့ တောတွင်းက အပင်တွေ ခုတ်လှဲပြီး သစ်ခိုးထုတ်ရုံသာမကတော့ပဲ
ဒီလို လူသွားလူလာများတဲ့ ပြင်ဦးလွင်-မန္တလေး လမ်းမကြီးဘေးက နှစ်ရှည် အပင်ကြီးတွေကိုတောင် ဥပဒေမဲ့ တာဆီးသူမရှိ ခုတ်လှဲနေကြပြီ

= ခုတ်လှဲပြီးသား သစ်ငုတ်တိုကြီးတွေကိုလဲ သစ်ရွက်တွေနဲ့ မရိုးမသား ဖုံအုပ်ထားသေးတယ်

= သစ်တစ်ပင်ရဲ့တန်ဖိုး အချိန်ဘယ်လောက် ရင်းနှီးခဲ့ရလဲဆိုတာ ဂရုမစိုက်ပဲ သံလွင် ဆီဆိုင် ပေါ်လွင်ထင်ရှားရေးအတွက် ဘယ်သူမှလဲ လာရောက် တားဆီးခြင်းမရှိဘူး

= သစ်ပင်ကြီးတွေရဲ့အရိပ်ကို မှီခိုပြီး အေးအေးချမ်းချမ်း အလုပ်လုပ်နေထိုင်ခဲ့ပေမဲ့ အခုတော့ နေပူခေါင်ခေါင် ဟင်းလင်းပြင်ထဲမှာ ရောက်လာတော့မယ့် မန္တလေးရဲ့ နွေရာသီ အပူဒဏ်ကို ဘယ်လိုတောင် ရင်ဆိုင်အန်တုရမလဲ မသိတော့ပါဘူးဗျာ
= သစ်တော ထိန်းသိမ်းရေးက တာဝန်ရှိလူကြီးတွေ၊ စိမ်းလန်းစိုပြေရေးအဖွဲ့အစည်းတွေ နဲ့ သက်ဆိုင်ရာ တာဝန်ရှိ အထက်လူကြီးတွေလဲ
တကယ်မသိတာလား မပြောတတ်တော့ပါဘူး

*****************

ဒီကိစ္စဖြစ်ပြီးမကြာ သေးဘူး ၃၁.၁.၂၀၁၅ နေ့လည် 1:50 pm ၀န်းကျင်လောက်မှာ
ပြိုလဲနေတဲ့ ကျွန်တော့်ရဲ့ ခြံဝန်းတွေကို အလုပ်သမားတွေနဲ့ ပြန်ပြီး ပြုပြင် အသစ်ခတ်နေချိန်မှာပဲ သံလွင် ဆီဆိုင် ပိုင်ရှင် ကိုးကန့်တရုတ်သူဋ္ဌေး ချိန်စီမင့် ကိုယ်တိုင်လာပြီး "မင်းတို့ ခြံဝန်းပြင်တာ အခုရပ်စမ်း" လို့ပြောပြီး

ပြောပြောဆိုဆိုပဲ ကျွန်တော့်ခြံစည်းရိုးကို ရိုက်ချိုးပြီး စည်းရိုးကာထားတဲ့ ၀ါးလုံးကို စောင့်ဆွဲ ချိုးပြီးတော့ ကျွန်တော်တို့ကို ရိုက်မယ် နှပ်မယ်နဲ့ ကြိမ်းမောင်းပြီး အနိုင်ကျင့် စော်ကားပါတယ်

သူဆွဲစောင့် ရိုက်ချိုးလိုက်တာ ခြံခတ်နေတဲ့ အလုပ်သမား ၂ယောက်တောင် မြောင်းထဲပြုတ်ကျသွားသေးတယ် ကျွန်တော်တို့ကလဲ "ငါတို့ခြံကို ငါတို့ပျက်လို့ ပြင်တာ မင်းခြံကို ဘာထိခိုက်လို့လဲ? ငါ့ခြံထဲ ငါ ဘာလုပ်လုပ်ပေါ့ မင်းနဲ့ဘာဆိုင်လဲ" ပြောတော့ "မင်းတို့က ငါ့ဆိုင်ရှေ့မှာဆိုတော့ ငါ့ဆိုင်ကွယ်တယ်" ဆိုပြီး ဒေါနဲ့မောနဲ့ ရန်တွေ့လိုက်တာဗျာ

အထက်မှာ ရေးထားတဲ့ အတိုင်း သစ်ပင်ကြီးတွေကို ပိုက်ဆံပေးပြီး ခုတ်လှဲပစ်တာလဲ သူပဲလို့ ယူဆလို့ရပါတယ်
သူ့ဆိုင်ကို ပေါ်လွင် ထင်ရှားချင်တာနဲ့ ဘယ်သူ့ကိုမှကို ဂရုမစိုက်တော့ဘဲ အနိုင်ကျင့်နေတာ သိသာထင်ရှားလွန်းပါတယ်

အဲ့တာနဲ့ ကျွန်တော်တို့လဲ "အဲ့တာဆို ဘာလို့ ငါတို့ခြံနောက်မှာ လာဝယ်ပြီး ဆိုင်ဖွင့်လဲ" ပေါ့
ပြီးတော့ "ငါတို့ခြံပျက်စီးတာ မပြင်ရင် သူခိုးဝင်ခိုးတဲ့ အခါ မင်းတာဝန်ယူမှာလား"လို့ ပြန်မေးတော့ "မင်းတို့မှာ ခိုးစရာ ဘာရှိလို့လဲ" ဆိုပြီး နိုင့်ထက်စီးနင်းနဲ့ ရိုင်းလိုက်တာဗျာ

""မင်းတို့ ခတ်လဲ ငါကပြန်ဖျက်စီးပစ်မှာပဲ"" လို့တောင် ရဲတွေရှေ့မှာ ပြောလိုက်တာ
ဘာတွေ ဘယ်လို ပီးပိုင်ထားလို့
အဲ့လောက် ရိုင်းစိုင်းနေလဲ မသိပါဘူးဗျာ
စဉ်းစားကြည့်ရင် သိနိုင်ပါတယ်

ကျွန်တော်တို့ မြန်မာလူမျိုးတွေ တရုတ်သူဋ္ဌေးတွေရဲ့ အနိုင်ကျင့်မှုတွေအောက်မှာ ပြားပြားဝတ် ခံနေရတော့မှာလားဗျာ ကိုယ့်ခြံဝန်းထဲမှာနေတာတောင် လာစော်ကားအနိုင်ကျင့်နေတာတွေကို မခံစားနိုင်လွန်းလို့ အခုလို့ အင်တာနက် သတင်းမှာ ရင်ဖွင့်ရတာပါ၊၊၊၊၊၊၊၊၊၊၊

ရဲစခန်းမှာလဲ တိုင်ထားပါတယ်
ခုချိန်ထိတော့ စုံစမ်းဆဲပေါ့ဗျာ
ဂျာနယ်ထဲလဲ ထည့်ထားတယ်
ကိုယ်တတ်နိုင်တာလဲ ဒါပဲရှိတာလေ
ဓါတ်ပုံတွေက သက်သေပါပဲ
သူဌေးမကြီးက လက်၂ချောင်းတောင် ထောင်ပြလိုက်သေးတယ်

စာနာ နားလည်နိုင်ကြပါစေ၊၊၊၊၊၊၊၊၊၊၊

0 အကြံပြုခြင်း: