Saturday, January 17, 2015

ရန်ကုန်မြို့လယ်တွင် ဗကသကျောင်းသားများ ရိုက်နှက်ခံရ



**********************************************************
ရန်ကုန်မြို့ ၄၁ လမ်းမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို အမည်မသိလူတချို့က ၀ိုင်းဝန်း ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းသား ၁ ဦး ဦးခေါင်းပေါက်ကွဲ ဒဏ်ရာ အပြင်းအထန်နဲ့ ကျန် ၄ ဦး ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသား မောင်အောင်သောင်းဦးရဲ့ ဦးခေါင်း ပေါက်ကွဲ ဒဏ်ရာကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အရှေ့ပိုင်း ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း လွှဲပြောင်းပေးလိုက်တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးဟာ ၃၈ လမ်းမှာ ရှိတဲ့ ဗကသ ရုံးကအပြန် ၄၁ လမ်း အလယ်ဘလောက် အရောက်မှာ လူအုပ်စု အယောက် ၂၀ လောက်က ၀ိုင်းရိုက်နှက်ပြီး ထွက်ပြေးသွားကြတာလို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။

ဒီအမှုကိစ္စကို စုံစမ်း စစ်ဆေးပြီး ကာယကံရှင်ကို ဖော်ထုတ်ပေးဖို့ ဗိုလ်တထောင် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။
.
Credit : DVB

ဖစ်စဉ်မှာ မနေ့ည (၁၆-၁-၂၀၁၅)ည၁၁နာရီ ဝန်းကျင်၌ ကျောင်းသား ၄ဦးက
 ကာချုပ်မင်းအောင်လှိုင်နှင့်သမ္မတသိန်းစိန်တို့အား ဆဲဆိုလို့ဆိုပြီး စွမ်းအားရှင်များ
နှင့်လူတစ်စုမှအုတ်ခဲများနှင့်ဝိုင်းထုရာ အနုပညာတက္ကသိုလ်ကျောင်းသား
မောင်အောင်သောင်း ဦးခေါင်း၌ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကုန်ဆေးရုံကြီး
ဦးနှောက်နှင့်အာရုံကြောဌာန၌အတွင်းလူနာအဖြစ်တင်ထားရပါသည်။ဗကသများ
အဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ)ဝင် ကိုမင်းသွေးသစ်မှ ရဲစခန်းတွင် တရားလိုပြု
အမှုဖွင့်ထားပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းရန်
ကိုမင်းသွေးသစ်
ဖုန်း 0943098526

ဓါတ်ပုံ-Zaw Sai

0 အကြံပြုခြင်း: