Tuesday, December 30, 2014

အလံကိုင်ထိုးဖေါက်ခဲ့သော ဒေါ်စိန်ထွေးကိုဖမ်ဆီး

တရုပ်သံရုံးကိုအလံကိုင်ထိုးဖေါက်ခဲ့သော
ဒေါ်စိန်ထွေးကို တောင်ဒဂုံ တရားရုံးမှအပြန်တွင်
SBရဲက ထပ်ချမကွာဆိုင်ကယ်ဖြင့်လိုက်ပြီး
ကားပေါ်မှအဆင်းတွင် ဖမ်ဆီးခေါ်ဆောင်ခဲ့သည်။
ယခုစစ်ဆေးနေပါသည်ဟု သတင်းရရှိပါသည်။
သတင်းဓါတ်ပုံ- Kyaw Lwin

လက်ပတောင်းသို. ထွက်ခွာလာသော ကိုနေမျိုးဇင်နှင့်
အဖွဲ.အား ရွာသာကြီး စိတ်ကျန်းမာရေး လမ်းဆုံအရောက်တွင်
ရဲအင်အားများစွာ ပိတ်ဆို့ ထားကာ တားဆီးခဲ့ကြကြောင်းနှင့်
အဆိုပါကားနှင့်အတူ ရဲများပါဝင်လျက်
ကိုနေမျိုးဇင်အား ဒဂုံမြို့နယ်စခန်းသို့ ခေါ်ဆောင်သွားကြောင်း
သတင်းရရှိ ပါသည်။
သတင်းဓါတ်ပုံ- ကိုမင်း

မှတ်ချက်ထဲမှ
သရေကွင်းဥပဒေ
ပါးစပ်ထဲရှိတဲ့အတိုင်းထင်တာ
လုပ်နေတဲ့ ဥပဒေအထက်ကလူတွေရဲ့ လုပ်ရပ်တွေပါ

လက်ပန်တောင်းပြည်သူတွေအတွက်
ဝင်ရောက်တောင်းဆိုပြီး ကူညီသူတွေကို
ဒီလိုဖမ်းနေပါတယ်
----------------
ဒဂုံတရာရုံးသို့ ခေါ်ဆောင်စဉ်အခါက
ပုဒ်မ သုံးခုသာပြောခဲ့ပြီး

တရားရုံးရောက်ရှိသော အခါတွင်
ပုဒ်မများမှာ ၂၉၄ ၅၀၆ ၅၀၅(ခ)/၁၁၄
၃၅၃ ၂၄၇ တို့ ဖြင့်အာမခံမပေးပဲ
ရီမန်ကြီးတစ်ပတ်(၁၄ ရက်)် ချုပ်မိန့် ဖြင့်ဖမ်းဆီးခဲ့သည်။

ကိုနေမျိုးဇင် မနော်အုန်းလှ မစိန်ထွေးတို့ အား
၎င်းပုဒ်မများဖြင့် အမှု့ဖွင့်ခဲ့သည်။

နောက်ထပ်သုံးဦးထပ်ဖမ်းမည်ဟု သိရသည်
ထိုအထဲတွင် တင်ထွဋ်ပိုင်ပါ ပါသည်

Demo Min

Nay Myo Zin ဒဂုံရဲစခန်းသို့ နောက်နာရီဝက်ခန့်တွင် ရောက်ပါမည်။ နိုင်ငံတော်သီချင်းဆိုပြီး နိုင်ငံတော်ကို ကာကွယ်ဖို့တောင်းဆိုမှုဖြင့် နိုင်ငံတော်ရဲများ၏ ဖမ်းခေါ်ရာနောက် ဒဂုံရဲစခန်းသို့ နိုင်ငံတော်သီချင်းဖွင့်ပြီး အဖမ်းခံလိုက်သွားပါသည်။

ဒေါ်နော်အုန်းလှကို ယနေ့မနက် သူနေထိုင်တဲ့ ရန်ကုန် စမ်းချောင်းမြို.နယ်အိမ်ရှေ.မှာ ဖမ်းဆီးသွားပြီး၊ စမ်းချောင်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အတည်ပြုပြောဆိုပါတယ်။ လူအင်အားရာချီရှိတဲ့ဒီဆန္ဒပြပွဲကို မြန်မာလူမှုဖွံ့ဖြိုးရေးအသင်းဦးဆောင်သူ ကိုနေမျိုးဇင်၊ အမျိုးသမီးကွန်ယက်က ဒေါ်နော်အုန်းလှနဲ. ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ.မှ ဦးဘမြင့်တို့ ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။

0 အကြံပြုခြင်း: