Friday, December 26, 2014

" ဇော်လင်း တမှု လွတ်ပြီ"



26.12.14
ကော့စမွေတရားရုံး
" ဇော်လင်း တမှု လွတ်ပြီ"
တရားရုံးမနက်ပိုင်းမှာ ရှေ့ နေ အပြောင်းအလဲ ကိစ္စ တွေ လုပ်ကြပါတယ်။
ထို့နောက်မှာတော့ ၀င်းနဲ့ဇော်တို့ရဲ့ ရှေ့ နေတွေ ရည်ရွူယ်ချက်ရှိရှိ သိမ်းထားတဲ့
ဇော်လင်း ရဲ့ ပက်စပို့စ်စာအုပ်ကို ထုတ်ပြလိုက်တဲ့အ ချက် အချိန်မှာတော့
တရားမ၀င် အလုပ်လုပ်မှု ဆိုတဲ့ ထင်ရာ မြင်ရာ စွဲချက်တင်တဲ့ ထိုင်းရဲ တွေ
 စွဲချက်ကို ကိုယ်စားပြုရတဲ့ အစိုးရရှေ့ နေ အဘို့ မအီမသာ ဖြစ်သွားခဲ့ရပါတယ်။

CSI MM
26.12.14 ( ကော့စမွေ တရားရုံး)

" ကျနော်တို့ နဲ့ အတူ သားလေးကိုပြန်ခေါ်သွားရမယ် လို့ ထင်ခဲ့တာပါ။
 ထိုင်းဘုရင်မင်းမြတ်ကြီးခင်ဗျာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ ဘုရင်ကြီး ဖြစ်ပါစေ"
(ဦးထွန်းထွန်းထိုက် ( ဝေဖြိုး အဖေ)


" ဘုန်းဘုန်း ၃ ပါး ကြွရောက်ခြင်း နှင့် အာမခံကိစ္စ"

ဒီနေ့ ထိုင်းနှင့် မြန်မာဘက်ခြမ်းက ဘုန်းဘုန်း ၃ ပါးဟာ တရားရုံးမှာ
မိန့် မိန့်ကြီး ထိုင်နေပုံနဲ့ ခဏတာ အားလပ်ချိန်လေးမှာ ၀င်းနဲ့ဇော်တို့က ဘုန်းဘုန်းတပါး ကို ဦးချ ရှိခိုးကြပုံ တွေကတော့ တဖက် မှာ ရှိတဲ့ရှေ့ နေတွေနဲ့
တရားသူကြီးကို မင်သက်သွားစေမှာ အမှန်ပင်ဖြစ်တယ်။
အမှန်တရားအတွက် လုံးဝမကြောက်ပဲ ရင် ဆိုင်သွားဘို့ ဘုန်းဘုန်းက အားပေးစကားမြွက်ကြားတော်မူခဲ့တယ်။

အာမခံကိစ္စကို ၀င်းနဲ့ဇော်တွက် ကြီုး စားကြမှာဖြစ်ပေမယ်လည်း ရဘို့ မျှော်လင်ချက်နည်းတယ်လို့ သိရပါတယ်။

ရက်ရွှေ့ခြင်းဟာ ၀င်းနဲ့ဇော်တို့ အတွက် လုံလောက်တဲ့ သက်သေရှာဘို့ အင်မတန် ကောင်းတဲ့ အခွင့် ရေးလို့ ပြောကြပေမယ့် ၀င်းနဲ့ဇော်တို့ လည်း ဇွဲရှိကြဘို့ မျှော်လင့်မိပါတယ်။

အမှန်တရားကိုချစ်မြတ်နိုးသူ ဘန်ကောက်နှင့် ကော့ဖငန်မှ အနောက်နိုင်ငံသား ၃ဦး လည်း ယခု လို တက်ရောက်ခြင်းကြောင့် ပိုအားရှိစရာဖြစ်စေပါတယ်


၂၆.၁၂.၂၀၁၄ ကော့စမွေ တရားရုံး
( ဘာလို့ မဟုတ်ပဲ နဲ့ ၀န်ခံတာလဲ လို့ သိချင်သူတွေကို အောက်ပါ စာကိုဖတ်ရင်ရှင်းပါလိမ့်မယ်။ ပိုရှင်း ချင်ရင်တော့ ရေပတ်လည် ၀ိုင်းနေတဲ့ ကော့တောင် ကျွန်းက မာဖီယာ တွေ ရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိနေတဲ့ ထိုင်းရဲ တွေကို ကျနော်တို့ ညီငယ် ၂ ယောက် အကြောက်လွန် ၀န်ခံခဲ့တာ မဆန်းပါဘူး။)
ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ ထိုင်းရှေ့နေများကောင်စီရဲ့ အဖွဲ့ခေါင်းဆောင် နခွန်းချွန်ဖူး ချပ်က “ဒီကနေ့ ကျနော်တို့ နှစ်ဘက်သက်သေတွေ စာရင်းကို စစ်ဆေးပြီးပါပြီ။ သက်သေစာရင်းကတော့ တဖက်နဲ့တဖက် ယုံကြည်မှု နည်းကြပါတယ်။ နှစ်ဘက်သက်သေတွေ ယူလာပါတယ်။ သက်သေတွေကို နောက်နှစ် ဇူလိုင်လမှာ စတင်စစ်ဆေးမယ်။ တရားလိုဘက်က ၁၂ ရက် စစ်ဆေးမယ်။ တရားခံဘက်က ၆ ရက် စစ်မယ်။ တရားလိုဘက်က သက်သေ ၆၀ ကျော်ရှိတယ်။ ကျနော်တို့ဘက်က ၃၀ ကျော်ရှိတယ်။”
တရားသူကြီးက ဒီကနေ့ တရားခံလူငယ် ၂ ဦးကို ကျူးလွန်မှု ရှိမရှိ၊ မရှိဘူးဆိုရင် ကျူးလွန်သူကို သိက ဖြေကြားရန် နှစ်ကြိမ်ထပ်မေးတယ်လို့ဆိုပါတယ်။
နခွန်းချွန်ဖူးချပ်က “တရားသူကြီးက ဒီနေ့ထပ်မေးတယ် မင်းတို့ လုပ်သလားလို့ မေးတယ်။ ကျနော်တို့ မလုပ်ဘူးလို့ ဖြေတယ်။ ဒါဆိုရင် မင်းတို့သိလား ဘယ်သူလုပ်လဲလို့ မေးတယ်။ မင်းတို့သိရင်လည်း ပြောပြပါဦးလို့ ပြောတယ်။ ကလေးနှစ်ယောက်ကလည်း ကျနော်တို့လည်း ဘယ်သူလုပ်လဲဆိုတာ မသိဘူးပြောတယ်။ အဲဒီနေ့က ကျနော်တို့ အရက်သောက်တယ်၊ မူးတယ်။ အိမ်ပြန်အိပ်တယ်လို့ ပြောတယ်။ တရားသူကြီးက နောက်တခါမေးတယ်။ ဖြေဖို့ မကြောက်ပါနဲ့လို့ ဖြည့်ပြောပါတယ်။ ကလေးတွေကလည်း ခုနလိုပဲ ပြန်ဖြေကြတယ်။ အဲလောက်ပါပဲ” လို့ ပြောပါတယ်။
Credit >> DVB


Pyi Moe Aung

"ဇူလိုင် ၇ ရက် 2015 သို့ ထပ်မံရွှေ့ လိုက်တဲ့ လိပ်ကျွန်းလူသတ်မှု"
၁။ ဒီဇင်ဘာ ၂၆ ရက် ကော့စမွေ တရားရုံး တွင် မနက် ၁၀ နာရီ စခဲ့ပါတယ်။ မိဘများ နဲ့ သံရုံးအဖွဲ့တွေ ကတော့ အကြောင်း အမျိုး မျိုး ဖြင့် ၁၁နာရီမှာ ရောက်ရှိခဲ့ပါတယ်။
၂။ တရားရုံးထဲသို့ မိဘများ ရောက်သော အခါမှာ ၀င်းဇော်ထွန်း၏ ဖခင် နှင့် မိခင်တို့ ၏ ၀မ်းနည်း ကြေကွဲ စွာ ငိုကြွေးမှု သည် အားလုံး၏ အသည်း နှလုံးကို ဆုပ်ကိုင်ထားလိုက်သလြို ဖစ် သွားခဲ့ပါတယ်။
မိခင် ၂ဦး တရားရုံးထဲတွင်သား ငယ် ၂ ဦး ကို နောက်ကျောမှ တချိန်လုံးထွေးပိုက် ထား နေတဲ့ မြင်ကွင်းကတော့ တရားသူကြီးကိုပါ မင်သက်သွားစေပြီး ၀င်းနှင့်ဇော်ဟာ လျှစ်လျှူ ရှု ခံရတဲ့ လူငယ်၂ဦး မဟုတ်ဘူးဆိုတာ တက်ရောက်လာကြတဲ့ နိုင်ငံခြားသားများကိုပါ သတိထားမိသွားစေပါတယ်။ ထို့အပြင် မတရား စီရင်မယ့် တရားလို ရှေ့ နေ နဲ့ တရားသူကြီး တို့ကို စာနာစိတ် ဆိုတဲ့ သတိပေးခေါင်းလောင်း နှိုး ဆော် လိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။
၃။ ၂ဖက် သက်သေတွေနဲ့ သက်သေခံပစ္စည်း တွေကို တင်ပြကြသည့် အခါမှာတော့ ထူးခြားစွာပဲ မြန်မာ လူမျိုး ဖြစ်သူ အိုကြီး ကတော့ ပေါက်တူး နဲ့ပက်သက်တဲ့ ကိစ္စကို ထိုင်းရဲဘက်ကနေ သက်သေထွက်ဆိုပေးမယ်လို့ ၀မ်းနည်းစွာ သိလိုက်ရပါတယ်။
၎။ တရားလို ရှေ့ နေတွေဘက်က ရှည်လျှားတဲ့ CCTV ပရင့် ထုတ်ထားတဲ့ စာရွက်များနဲ့ CDအချပ် ၂၀ ကိုလည်း ရုံးတော်မှာ တင်ပြခဲ့တာ တွေ့ပါတယ်။
၅။ မနက် ၁၀ နာရီကတည်းက အစပြုခဲ့ပြီး နေ့လည့် ၁ နာရီ လောက်သာ နားခဲ့ပါတယ်။ ညနေ ၆ နာရီမှသာ အပြီးသတ်ခဲ့ပါတယ်။


0 အကြံပြုခြင်း: