Sunday, December 7, 2014

ဘုရင်သွားဖို့ရှင်းတာဒီဖက်မှာငုတ်တုပ်




နော်ဝေဘုရင် လျော်ကြေးပေးရန် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို
ဧရာဝတီ

နော်ဝေလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty Norge)က မန္တလေး ဂေါဝိန်ဆိပ်ကမ်းအနီး အဓမ္မ ရွှေ့ပြောင်းခံရသော မြန်မာများအတွက် နော်ဝေဘုရင်က တာဝန်ယူကာ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပြန်ပေးရန် တောင်းဆိုလိုက်ကြောင်း နော်ဝေအသံလွှင့်ဌာန NRK က ရေးသားထားသည်။ "မြန်မာနိုင်ငံကို ဝင်ကြသူ ဘယ်သူမဆို ဒီနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရင် လူ့အခွင့်အရေးချိုးဖောက်မှုမှာ ပါဝင်ပတ်သက်နိုင်တယ်ဆိုတာ ဂရုစိုက်သင့်တယ်" ဟု (Amnesty Norge) မှ နိုင်ငံရေးအကြံပေး Gerald Kador Folkvord ပြောသည်။ နော်ဝေဘုရင်နှင့် မိဖုရားတို့ကို ကြိုဆိုရန် ဘောလုံးကွင်းတကွင်းစာ မြေကွက်ကို ဘူဒိုဇာဖြင့် ရှင်းခဲ့ခြင်းသည် VIP များလာသောအခါ "လုပ်ရိုးလုပ်စဉ်" ဟု မန္တလေးစည်ပင်က ဦးသက်နိုင်ထွန်းက ဧရာဝတီသို့ ပြောကြားပြီး နိုဝင်ဘာလကတည်းက သတိပေးထားကြောင်းနှင့် VIP များပြန်လျှင် မောင်းထုတ်ခံရသူများ ပြန်လာနေ၍ ရကြောင်း ဆိုသည်။ နော်ဝေဘုရင်နှင့် မိဖုရားတို့က ယင်းကိစ္စနှင့်ပတ်သတ်ပြီး ဘာပြောရမှန်းမသိဟု NRK က ရေးသားထားပြီး မြန်မာနှင့် နော်ဝေ "နှစ်ဖက်သဘောတူညီချက်များနှင့် လုံးဝဆန့်ကျင်ဘက်"ဟု ပြောကြောင်း နီးစပ်သူတဦးကို ကိုးကားထားသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီလုပ်ရပ်အပေါ် အလွန် အံ့အားသင့်မိပြီး စိတ်ပျက်ဝမ်းနည်း ရကြောင်း ဆိုသည်။

0 အကြံပြုခြင်း: