Friday, December 26, 2014

ဒေါ်ခင်ဝင်း သေဆုံးခဲ့မှု သေမှုသေခင်းနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ လိုက်ပါဆောင်ရွက်

r
====================================================
၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ မနန်းစော၊ မကြူကြူခိုင် မသဉ္ဇာခိုင်တို့သည် လက်ပံတောင်း တောင် အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား အကူအညီ ပေးရန်နှင့် ဒေသခံပြည်သူများအား အကူအညီပေးနိုင်ရန်အတွက် လက်ပံတောင်းသို့ သွားရောက်ခဲ့ကြပြီး လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်း အသက် (၅၆)နှစ် သေဆုံးမှု ဆာလင်းကြီးရဲစခန်းမှာ အမှုဖွင့်ရာတွင် လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။
ပထမတွင် ဆားလင်းကြီး ရဲစခန်းမှ အမှုမဖွင့်ပေးသေးပဲ ၂း၀၀ ကျော်ကြာ အခြေအတင် ပြောဆို ဆွေးနွေးပြီးမှ ဆာလင်းကြီးရဲစခန်း စခန်းမှူး (ဒုရဲမှူး) သန်းနိုင်မှ သေမှုသေခင်း ၄/ ၂၀၁၄ ဖြင့် FIRဖွင့်ပေးခဲ့သည်။
စစ်ဆေးအမှုဖွင့်ရန် ပြန်လည်သည်ယူလာခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း ကို ဆာလင်းကြီး ရဲစခန်းမှ အမှုဖွင့်လက်ခံလိုက်ပြီးဖြစ်သည့်အတွက် ဒေါ်ခင်ဝင်း
၏ ရုပ်အလောင်းကို မှုခင်းဆရာဝန်များ စစ်ဆေးနိုင်ရန် မိုးကြိုးပြင်ရွာမှ ဆားလင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ယမန်နေ့ည ၉ နာရီက ရွှေ့ပြောင်း
လိုက်ပါသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်၊ နံနက် ၁၀း၀၀ နာရီမှ
နေ့လည် ၁၂း၀၀ နာရီအထိ ဆားလင်းကြီးဆေးရုံရှိ ရင်ခွဲရုံတွင် မုံရွာဆေးရုံ အုပ်ကြီး ဒေါက်တာ ညွှန့်သန်း၊ မုံရွာ မှုခင်းဆရာဝန်ခံ ဒေါက်တာတင်နွယ်၊ ဆားလင်းကြီး ဆေးရုံအုပ် ဒေါက်တာတင့်လွင်၊ ဆားလင်းကြီးရဲစခန်းစခန်းမှူး ( ဒု-ရဲမှူး) သန်းနိုင်နှင့်( ဒု-ရဲအုပ်) ပြည့်ဖြိုးသူ တို့မှ ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး
သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေါက်တာတင်နွယ်မှ အတည်ပြုပြောကြားခဲ့သည်။
ယခုအခါ လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်း အသက် (၅၆)နှစ်၏ ရုပ်အလောင်းကို ဆားလင်းကြီးဆေးရုံ ရင်ခွဲရုံမှ ပြန်လည်သည်ဆောင်ပြီး မိုးကြိုးပြင် (လယ်)ရွာ သချိုင်္င်းတွင် ဂူသွင်း သဂြိုင်္ဟ်မည်ဖြစ်သည်။
တုံရွာနေရာကိုလည်း ခြံစည်းရိုးဝင်းအပြည့် ခတ်လိုက်ပြီဖြစ်သည်။

0 အကြံပြုခြင်း: