Sunday, December 28, 2014

သတ္တုတူးဖော်နေတဲ့နေရာတွေကို ၀င်ရောက်ကြည်ရှုခွင့် ငြင်းပယ်ခံ


လက်ပံတောင်းတောင် အဓိကရုဏ်းဟာ သမ္မတထံ တင်ပြခဲ့တဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်ထည်မဖော်တဲ့ အတွက် ဖြစ်ပွားရတာ ဖြစ်တယ်လို့ ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံစာရေးသားခဲ့တဲ့ ပညာရှင်တွေက ပြောပါတယ်။ စုံစမ်းရေးကော်မရှင်က စံနှုန်းတွေနဲ့ အညီ အကြံပေးခဲ့ ပေမယ့် လက်တွေ့ အကောင်ထည်ဖော်တဲ့သူက ဆက်မလုပ်တဲ့ အတွက် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်လို့ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးစိုးသူရထွန်း က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ဟာ ကော်မရှင်တာဝန်ပေးချက်အရ ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်က စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိမရှိ စိစစ်အကြံပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မတ်လမှာ သမ္မတထံ ဒီအစီရင်ခံစာ တင်သွင်းခဲ့ပြီး သမ္မတက အဲဒီနေ့မှာပဲ အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မြန်မာ့သဘာဝပ၀တ်ဝန်းကျင်သိပ်ပံပညာရှင် သုံးဦးနဲ့ ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ဟာ ကြေးနီစီမံကိန်းနယ်မြေက မြန်မာ-၀မ်ပေါင်ကုမ္ပဏီရုံးရှိရာကိုသွားရော­က်ပြီး လက်ရှိသတ္တုတူးဖော်နေတဲ့နေရာတွေကို ၀င်ရောက်ကြည်ရှုခွင့် တောင်းဆိုခဲ့ကြရာမှာ ငြင်းပယ်ခံခဲ့ကြရပါတယ်။ ငြင်းပယ်ခံရသူ ပညာရှင်သုံးဦးကတော့ ဦးစိုးသူရထွန်း၊ ဦးငွေမိုးနဲ့ ဦးမင်းတင် သုံးယောက်ဖြစ်ပါတယ်။

Aung Nay Myo
ပုလဲပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်
ကို ဝင်ခွင့် မပေးနိုင်ပါဘူး ကျွန်တော် လုံခြုံ ရေး အရာရှိချု ပ်ပါ ဆိုပြီး ဝမ်ပေါင်ကုမ္ပဏီ ဂိတ်ပေါက်

ကနေ ပြောဆိုသူသည် ယခင် မီးလောင်ဗုံး ပစ်စဥ် က မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးတာဝန် ထမ်းဆောင် ခဲ့ သူ ဦးတင်ထွန်း ဖြစ်နေပါတယ်။

video

0 အကြံပြုခြင်း: