Monday, December 15, 2014

ရှောင်နဲ့တယ်လီဂရပ်တို့၏အင်တာဗျူးးရုပ်သံ




Than Min Kyaw
အမေစုက လိပ်ကျွန်းလူသတ် အမှုတွဲကို တာဝန်ယူဖြေရှင်းပေးဖို့ ဆုံးဖြတ်တဲ့အကြောင်း သိလိုက်ရတော့ ကျနော့်စိတ်ထဲမှာ အမေစုအတွက် ဝမ်းနည်းဝမ်းသာ နှစ်မျိုးလုံးရသကို ယှဉ်တွဲ ခံစားသွားရပါတယ်။

ဝမ်းသာတယ်ဆိုတာ အမေစုက လက်ရှိအနေအထားမှာ ဘာအာဏာမှ မရှိသေးပေမယ့်လည်း သူအခု တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးရဲ့ ကော်မတီ ဥက္ကဌဖြစ်တာက တစ်ကြောင်း အမေစုရဲ့ ဖြောင့်မတ်တဲ့စိတ်ဓာတ်နဲ့ ဥပဒေလောကကို တတ်ကျွမ်းပိုသိ နေတာကတစ်ကြောင်းမို့လို့ အမေစုလုပ်ရင် အောင်မြင်နိုင်ခြေ အခွင့်အလမ်း ပိုသာသွားမယ်ပေါ့။

ဝမ်းနည်းတယ်ဆိုတာကထိုင်းနိုင်ငံကလည်း အာဏာရှင်စနစ် ဖြစ်နေသလို မြန်မာနိုင်ငံကလည်း အရေခြုံဒီမိုစနစ် တစ်ဖြစ်လဲ အာဏာရှင်စနစ် ကျင့်သုံးနေတာချင်း တူညီနေတဲ့အပြင် လက်ရှိမှာလည်း ထိုင်းအစိုးရနဲ့ မြန်မာအစိုးရက ပဏာစားပြီး စီးပွားအကျိုးတူ လုပ်ဆောင်နေကြ လို့ပါဘဲ။

ထိုင်းဝန်ကြီးချုပ်ရဲ့ ဆွေမျိုးတစ်ဖြစ်လဲ တော်စပ်နေတဲ့ ကျွန်းသူဌေးသားရဲ့ ကျူးလွန်မှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစား နေကြတဲ့အပြင် ထိုင်းနိုင်ငံရဲ့ အဓိကအက္ခရာ အကျဆုံးဖြစ်တဲ့ စီးပွားရေး ဟော်တယ်နှင့်ခရီး သွားလာရေးဖြစ်တဲ့ အကျိုးစီးပွားရေးကို ထိခိုက်လာမှာ စိုးရိမ်နေကြလို့ ဘာအပြစ်မှကျူးလွန်းခြင်းမရှိတဲ့ အပြစ်မဲ့ မြန်မာနှစ်ယောက်ကို တမင် ထိုးကျွေးပစ်ဖို့ ကြံစည်ထားတာဟာ ထိုင်းအစိုးရဖက်က လွယ်လွယ် လက်လျှော့လိမ့်မယ်လို့ မထင်ပါဘူး။

ဒီအမှုတွဲကို တာဝန်ယူလိုက်တဲ့ အမေစုအဖြစ်မှာ အလွန် စိုးရိမ်စရာ ဖြစ်ပါတယ်။တကယ်လို့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ အာဏာရှင်ချင်း ပူးပေါင်းတိုက်ကွက် တမင်ဆင်ယင် ထောင်ချောက်ဖမ်းပြီးတော့ ကမ္ဘာ့အလယ် အမေစုရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာကို ကမ္ဘာ့အလယ် အရှက်ခွဲပစ်မယ့် ကြံရွယ်မှုကြီးတစ်ခုလို့လည်း ပြောလို့ရနေပါပြီဗျာ။

ဘာဘဲဖြစ်ဖြစ် ဒီအမှုတွဲအပေါ် အမေစုကူညီ ဆောင်ရွက်ပေးဖို့ လက်ခံရဲတာကိုက အမေစုရဲ့ စိတ်ဓာတ်နဲ့ သတ္တိစွမ်းပကားကို မချီးကျူးလို့ မနေနိုင်ပါဘူးဆိုတာပါ!


video

0 အကြံပြုခြင်း: