Friday, December 26, 2014

အဘယ် ကြောင့် ထိုသို့လုပ်ဆောင်နေ သည် ကို ဖြေရှင်းပေးစေလိုပါသည်

အယ်ဒီတာမှ တဆင့်
ပြည်နယ်ဝန်ကြီးချုပ်
ပြည်နယ်စည်ပင်ဝန်ကြီး ၊အခြားသက်ဆိုင်ရာ အစိုးရ၀န်ထမ်းများ နှင့်
လွှတ်တော်အမတ်မင်းများသို့။

တာချီလိတ်စည်ပင် ညွှန်မှူးဦးကျော်ဇင် နှင့် စည်ပင်ဝန်ထမ်းများ သည် တာချီလိတ်ရှိ ရိုးသားသော ဥပဒေနားမလည်သော ပြည်သူလူထု ရှမ်း၊အာခါ၊လားဟူ၊ဗမာနှင့် အခြားတိုင်းရင်းသား များအပေါ်တွင် နိုင်ထက်စီးနင်း စည်ပင်ဘီးခွန် (စည်ပင်မှ တပ်ထားသော ခေါင်းစဉ်) ဟုခေါ်သော ဘီးခွန်တမျိုးကို ဆိုင် ကယ်တစီးတနှစ် စာ ဘတ် ၂၄၀ နှုန်းနှင့်ကောက်ခံလျက်ရှိသည် မှာ နှစ်ပေါင်းများစွာ ရှိပါပြီခင်ဗျား။ သို့သော်ထူးခြားသည်မှာ ၄ဘီးတပ် ကားများကိုမူ ကောက်ခံခြင်းမရှိပါ။ အဘယ် ကြောင့် ထိုသို့လုပ်ဆောင်နေ သည် ကို ဖြေရှင်းပေးစေလိုပါသည်။ သူတို့ကောက်ခံသောနေရာများမှာ-
(က)ဘုရင့်နောင်ရုပ်ထု ရှေ့
(ခ) စည်ပင်ရုံးရှေ့
(ဂ) ကျွန်းတောရှေ့
(ဃ) တာချီလိတ် မုတ်ခ်ဦး တို့တွင်ဖြစ်ပါသည်။
ထိုနေရာများမှာ မြို့တွင်းဖြစ်ပါ သဖြင့် wheel tax အ၀ိုင်းပါပြီး ဖြစ်သော ဆိုင်ကယ်များ၊ ကားများကို ကောက်ခံခွင့် မရှိပါ။ အကယ်၍ ကောက်လိုပါလျင် မြို့အ၀င် အထွက် သော်တာဝင်းဂိတ်၊ လွယ်တော်ခမ်းဂိတ် နှင့် ဝေလေလှံ ဂိတ်များတွင်ကောက်ရပါမည်။
အခြားမြို့များသို့ခရီးထွက်လျင်လည်း ထိုသို့သာကောက်ခံပါသည်။ အဘယ်ကြောင့် တာချီလိတ် တမြို့တည်း တွင် ဤသို့ကောက်ခံရသည် ကို အောက်ပါအချက် များအတိုင်းရှင်းလင်းပေး စေလိုပါသည်။
ထိုငွေများ တိုင်းပြည်အခွန်တော် ဖြစ်သည်ဆိုလျင်
(၁) မည်သူ့အမိန့်နှင့်ကောက်ခံသည်(ဗဟိုအစိုးရ သို့ ပြည်နယ်အစိုးရ)
(၂) မည်သည့်ဥပဒေနှင့်ကောက်ခံသည်
(၃) မည်သည့်ဌာန သို့တရားဝင်ပေးသွင်းရသည် (ဘဏ်မှတဆင့်)
(၄) မည်သည့် ခေါင်းစဉ် နှင့်ကောက်ခံသည်
(၅) အဘယ်ကြောင့် ၂ဘီးတပ် ဆိုင်ကယ်များသာ အခွန်စည်းကျပ်ခြင်းခံရပီး   ၄ဘီးတပ်ကားများအခွန် စည်းကျပ်ခြင်းမခံရ သည်
(၆)စည်ပင်ညွှန်မှုးမှ အဘယ်ကြောင့်ထိုသို့ပြုလုပ်နေသည်ကို လစ်လျူ ရှု ၍
ဂေါက်ရိုက်၊ အရက်သောက်၊ကေတီဗွီသွားခြင်း တို့နှင့်သာပျော်မွေ့နေသည် ကို တာချီလိတ် မြို့လူထုသိစေရန် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးစေလို ပါသည်။
စိုင်းလိတ် (ဟောင်လိတ်ကျေးရွာ)

0 အကြံပြုခြင်း: