Monday, December 1, 2014

ဝင်း နဲ့ ဇော် တို့နှစ်ဦးအား အန်ဒီ နှင့် မဇာ တို့နှစ်ဦးသွားရောက်တွေ့ဆုံ



Htet Thurein Min Htun
ဝင်း နဲ့ ဇော် တို့နှစ်ဦးအားယနေ့ (1.12.2014 ) တွင် အန်ဒီ နှင့် မဇာ တို့နှစ်ဦးသွားရောက်တွေ့ဆုံခဲ့ရာ ညီနောင်နှစ်ဦးအတွက် လိုအပ်သည့် အစားအစာများကို သူတို့ကိုယ်တိုင် ဝယ်ယူစားသောက်နိုင်ရေးအတွက် ဘဏ်အကောင့်အတွင်းသို့ ငွေများထပ်မံဖြည့်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးအတွက် အေးချမ်းတဲ့ဆောင်းတွင်းကာလမှာ ကွန်ကရိ ပေါ်၌ အခင်းမရှိအိပ်စက်နေရမှုအတွက်လည်း မွှေ့ယာပြုလုပ်ရန် စောင်များဝယ်ယူရေးအတွက်လည်းပါဝင်တယ်လို့သိရှိရပါသည်။ သူတို့ဖတ်ရှု့လိုက်ရသော ပေးစာများအတွက် ကျေးဇူးတင်ကြောင်း ညီအကို မောင်နှမများအတွက် ပြန်လည်ပြောကြားခဲ့ပါတယ်။ မိဘများကို မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက် ထပ်မံတွေ့ချင်သောဆန္ဒပြင်းပြ နေတယ်လို့လည်း ကလေးတွေက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အကျဉ်းထောင်အတွင်း လွတ်လပ်စွာ နေထိုင်ရခြင်းအတွက်လည်း အန်ဒီကို ကျေးဇူးတင်ကြောင်းလည်း ပါဝင်ပါတယ်။ကျန်းမာသော်လည်းစိတ်ထဲမှာ မိဘကိုသာ တမ်းတနေကြတယ်ဆိုတာ သိရလို့ သူတို့အတွက် ထပ်တူခံစားပေးရင်း စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ အမြန် တွေ့ဆုံနိုင်ရေးကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း ဝင်း နဲ့ ဇော် ကိုယ်စား ရိုကျိုးစွာ တောင်းဆိုပါရစေ တာဝန်ရှိ ပုဂ္ဂိုလ် လူကြီးမင်းများခင်ဗျာ။

Photo by - Andy

Andy Hall

0 အကြံပြုခြင်း: