Monday, December 15, 2014

ဆစ်ဒနီကော်ဖီဆိုင်ကိုဝင်စီးလိုက်ပြီ




၃ယောက်သေ၅ယောက်ဒါဏ်ရာရတယ်လို့
့အေဘီစီသတင်းကဖေါ်ပြတယ်
ရဲအချို့ လည်းဒဏ်ရာရတယ်
သေဆုံးသူအကြမ်းဖက်ရဲ့နာမည်
ကိုလဲဖေါ်ပြပါတယ်
အခုမိုင်းရှင်းစက်ရုပ်တွေအထဲရောက်နေပြီ
ဓါးစားခံတချို့ အပြင်ကိုလက်မြှောက်ပြေးထွက်
လာတာပြနေပါတယ်
အရှေ့ ပေါက်အနောက်ပေါက်၂ပေါက်လုံးကနေ
ဝင်စီးပါတယ်
တိတိကျကျပစ်ခတ်နိုင်ခဲ့တာပါ
ပစ်နေရင်းဆိုင်ထဲကနေဓါးစာခံတွေမထိ
ပဲလက်မြှောက်ထွက်လာတာပါ
ဓါးစာခံအချို့ ကိုအတွင်းခန်းခေါ်သွားတယ်
လို့ အပြင်ခန်းကလွတ်လာသူတွေကဆိုပါတယ်
အကြမ်းဖက်တယောက်
ထက်မပိုဖူးလို့ ပစ်ခတ်လွတ်မြောက်မှုတွေအရ
ယူဆရပါတယ်
ပေါက်ကွဲစေတဲ့အရာတွေလဲပါလာတယ် လို့ဆိုပါတယ်
-------------------------------------------------------------


ဆစ်ဒနီက ကော်ဖီဆိုင်ကို ရဲတွေ ၀င်ရောက် ရှင်းလင်းပြီ
ဆစ်ဒနီ မြို့လယ်မှာ အီရန် နိုင်ငံသား ခိုလှုံသူ တစ်ဦး ဖြစ်သူ သေနတ်သမားက ကော်ဖီဆိုင် တစ်ဆိုင်ကို စီးနင်းပြီး ဓားစာခံတွေကို ထိန်းသိမ်း ထားရာမှာ လက်နက် အပြည့်အစုံနဲ့ သြစတြေးလျ ရဲတွေက ကော်ဖီဆိုင် အတွင်းကို ဝင်ရောက် ရှင်းလင်းခဲ့ကြပါတယ်။
ကော်ဖီဆိုင် ဘက်ကနေ သေနတ်သံတွေ ဆက်တိုက် ပေါ်ထွက် လာပြီးနောက် ဆေးဖက် ဝန်ထမ်းတွေက လူနာစင်တွေကို သယ်ပြီး အပြေးအလွှား သွားရောက်ခဲ့ကြပါတယ်။ ဒဏ်ရာရသူ အများအပြား ရှိခဲ့ပြီး သေနတ်သမားရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
သေနတ် သမားဟာ တနင်္လာနေ့ မနက် အစောပိုင်း ကတည်းက ကော်ဖီဆိုင်ကို ဝင်စီးခဲ့တာ ဖြစ်ပြီး အမည်းရောင် အစ္စလာမစ် အလံကို ပြတင်းပေါက် အနီးမှာ ဓားစာခံတွေကို ကိုင်ခိုင်းထားခဲ့ပါတယ်။ Man Haron Monis ဆိုတဲ့ သေနတ်သမားဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျမှာ ခိုလှုံခွင့် ရခဲ့တဲ့ အီရန် နိုင်ငံသား ဖြစ်ပြီး လက်ရှိမှာ တခြား အမှုအခင်းတွေကိုလည်း ကျူးလွန်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
http://www.bbc.co.uk/news/world-australia-30485355

0 အကြံပြုခြင်း: