Sunday, December 28, 2014

Air Asia ခရီးစဉ် QZ8501 အဆက်ပြတ်ပြီး ပျောက်ဆုံး


BBC Burmese
အင်ဒိုနီးရှားက စင်္ကာပူကို ပျံသန်းလာတဲ့ Air Asia ခရီးစဉ် QZ8501 ဟာ လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်ပြတ်ပြီး ပျောက်ဆုံးနေပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၆၂ ဦး ပါသွားပြီူး အများစု က အင်ဒိုနီးရှားလူမျိုးတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယား လူမျိုး သုံးဦး၊ ပြင်သစ်၊ မလေးရှားနဲ့ စင်္ကာပူလူမျိုး တစ်ဦးစီ ပါတယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။ အဆက်အသွယ် မပြတ်မီ လေယာဉ်ဆီက ရာသီဥတုဆိုးလို့ လမ်းကြောင်းပြောင်း ပျံသန်းခွင့်တောင်းခံတာလည်း လက်ခံရရှီခဲ့တယ်လို့ လေကြောင်း ထိန်းသိမ်းရေး အရာရှိတွေက ပြောပါတယ်။


မလေးရှားနိုင်ငံကလည်း ပျောက်နေတဲ့ AirAsia လေယာဉ်ရှာဖွေရေးမှာ လေယာဉ်တွေ၊ ပင်လယ်ပြင် ကင်းလှည့် သင်္ဘောတွေနဲ့ အကူအညီပေးနေပါတယ်။ AirAsia Indonesia က QZ8501 လေယာဉ်ပေါ်ပါသွားသူ လူ စာရင်းကို နောက်ဆုံးသိရသမျှ အခုလို ထုတ်ပြန်ပါတယ်။
ခရီးသည်များ:
1 Singapore
1 Malaysia
3 South Korea
1 United Kingdom
149 Indonesia

လေယာဉ်အမှုထမ်း -
1 France
6 Indonesia

0 အကြံပြုခြင်း: