Saturday, November 8, 2014

၁၄ ပွင့်ဆိုင်တွေ့ဆုံမှုသည် ၄ ပွင့်ဆိုင်တွေ့ဆုံမှုကို လမ်းလွဲစေလျှင် လက်မခံနိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား




သမ္မတအိမ်တော်တွင် တွေဆုံခဲ့ သည့် ၁၄ ပွင့်ဆိုင်တွေ့ဆုံခြင်းသည် NLD မှ မူလ ရည်မှန်း ထားသည့် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို လမ်းလွဲစေလျှင် လက်မခံနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ဗဟန်ုးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ အခမ်းအနား တွင် ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဒေါ်အောင်ဆန်းစုကြည့်က “သမ္မတအိမ်တော်က တွေဆုံမှုဟာ ဆွေးနွေးမှု မဟုတ်ဘဲ တွေဆုံမှု တစ်ခု မျှသာ ရှိတယ်။ ဒီလိုတွေဆုံတာဟာ မတွေဆုံ တာနဲ့စာရင် ကောင်းပါတယ်။ အခု ၁၄ ပွင့် ဆိုင်တွေ့ဆုံမှု အကြောင်းပြောရရင် ၂၀၁၃ ခုနှစ်ကတည်းက NLD အနေနဲ့ ၄ ပွင့်ဆိုင် တွေဆုံ ခွင့် ရဖို့ တောင်းဆို ခဲ့တာဖြစ်တယ်။ အခု ၁၄ ပွင့်ဆိုင်တွေဆုံခြင်းဟာ ၄ ပွင့်ဆိုင်တွေ့ဆုံခြင်းကို ဦးတည်တယ်ဆိုရင် ကြိုဆိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ၄ ပွင့်ဆိုင်တွေဆုံမှု ကို လမ်းလွဲစေရင် လက်မခံနိုင်ပါဘူး” ဟုပြောသည်။
.
ယခုကဲ့သို့တွေ့ဆုံမှုသည် မည်သည့် ဆွေးနွေးချက်များမရှိသော်လည်း မတွေ့ဆုံ ဘဲနေသည် ထက် တွေ့ဆုံလိုက်ခြင်းသည် ကောင်းမွန်ကြောင်း အဆိုပါတွေ့ဆုံ မှုပြီးနောက် ကောင်းမွန် သည့် ဆက်လက် တွေ့ဆုံဆွေးနွေးမှုများ ကို ပြုလုပ် သွားရန် လိုအပ်ကြောင်း ဆက်လက်ပြော သည်။
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင်တွေဆုံမှု ကို ဦးတည်တောင်းဆိုခဲ့ရာတွင် တွေ့ဆုံခွင့် မရသေးပေ။
.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စတင်တည်ထောင်သည်မှ စတင်ကာ အများ မတောင်းဆိုသည့် အချက်များ တောင်းဆိုခဲ့ကြောင်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲ ကိုလည်း အမျိုးသားရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးစသည့် အခြေခံမှုသုံးရပ်ကို ဦးတည် ကာ ဝင်ရောက် ရွေးချယ်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
Credit : သတင်း - စိုင်းဟန် The Ladies News Journal

0 အကြံပြုခြင်း: