Sunday, November 23, 2014

ကျင့်ဝတ်အတိုင်းဖြစ်ရဲ့လားလို့



ယင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့ တရားစွဲခံရတဲ့အမှုက ကျင့်ဝတ်ကိစ္စနဲ့ လုံးဝမဆိုင်ဘူး။ လာဘ်ပေးလာဘ်ယူဆိုင်ရာ ပြဿ နာပါ။ ကျင့်ဝတ်ကိစ္စမဟုတ်ဘူး။ သူတို့ စွဲထားတာပုံနှိပ်စက်ကိစ္စနဲ့ ကျွန်တော်တို့အဓိကရေးတာ လာဘ်ပေးလာဘ်ယူပြဿနာကိုပါ။ တကယ်မှန်တယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ထားတဲ့စာကို အစိုးရက အရေးယူပေါ့ဗျာ။ On ground အချက်အလက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပေါ့။ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ထားတယ်။ မစစ်ဘူး။ စစ်တယ်လို့လည်း မကြားရသေးဘူး။ အခုဖြစ်တဲ့အမှုက ပြန်ကြားရေးနဲ့ဖြစ်တဲ့ Personal ပြဿနာမဟုတ်ဘူး။ ကျင့်ဝတ်ပြဿနာလည်း မဟုတ်ဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ပြဿနာပါ။ ဦးရဲထွဋ် ပြောတာ မှားနေပြီ ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။ “ကျွန်တော်တို့က မေးစရာရှိတယ်။ ကျင့်ဝတ်ဆိုတာ ဘယ်လိုဟာမျိုးကို ပြောချင်တာလဲ။ စာနယ်ဇင်းကျင့်ဝတ်အရ ကျွန်တော်တို့ကို တရားစွဲတယ်၊ အားနည်းချက်ရှိတယ်၊ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုပြီး တရားစွဲတယ်ဆိုရင် အစိုးရရဲ့ ကျင့်ဝတ်ကရောလို့ မေးခွန်းထုတ်စရာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြည့်လိုက်ပါ။ အုပ်ချုပ်ရေးပိုင်းပဲကြည့်ကြည့်၊ စစ်တပ်ပိုင်းပဲ ကြည့်ကြည့် ဘယ်လောက်ထိများ သူတို့ပွင့်လင်းမှုရှိသလဲ။ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေကို ကျင့်ဝတ်ဆိုပြီးလုပ်နေရင် သူတို့ကရော ကျင့်ဝတ်အတိုင်းဖြစ်ရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်။ သူတို့ဘက်ကသာ ကျင့်ဝတ်အနေနဲ့ တာဝန်ကျေတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြောစရာလည်းမရှိဘူး။ ရေးစရာလည်း မရှိဘူး”ဟု မြန်မာ့သံတော်ဆင့်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောကြားသည်။
Eleven Media Group

0 အကြံပြုခြင်း: