Monday, November 3, 2014

မိုက်တီးရဲ့ ရိုက်ချက်



ဒါရိုက်တာ မိုက်တီး
နိုင်ငံဧ။် အကြပ်အတည်းများကိုဖြေရှင်းကြမည့် ကိုးပွင့်ဆိုင် ခေါင်းဆောင်များအားလုံးကို သိစေအပ်ပါသည်ခင်ဗျား -

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်အမျိုးသမီးတယောက်မဟုတ်ပါ ၊
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။် သမီးဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်လွှတ်တော်ကိုယ်စားလှယ်တယောက်မဟုတ်ပါ ၊
မြန်မာပြည်ဧ။်အင်အားအကြီးဆုံး အတိုက်အခံပါတီကြီးဧ။် ဥက္ကဌတယောက်ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည်
NLD ဧ။် ဥက္ကဌ တယောက်သာမဟုတ်ပါ ၊
ညီနောင်တိုင်းရင်းသားပါတီများအားလုံးက ယုံကြည်လေးစားကြသော ခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည်
သာမာန်တိုင်းရင်းသားခေါင်းဆောင်တယောက်လည်းမဟုတ်ပါ ၊
မြန်မာပြည်သူများအားလုံးဧ။် လူထုခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်လူထုခေါင်းဆောင်တယောက်လည်းမဟုတ်ပါ ၊
၁၉၈၈ မှ စခဲ့သော ဒီမိုကရေစီရေး တိုက်ပွဲများတလျှောက် ကျောင်းသားပြည်သူ ရဟန်းရှင်လူအများအားလုံးဧ။် ဒီမိုကရေစီခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ထို့နောက် - အ ဆုံး ...

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သူများအတွက်တင်မက ကမ္ဘာ့နိုင်ငံအသီးသီးဧ။် ခေါင်းဆောင်ကြီးများကပါ တလေးတစားဂုဏ်ပြုကြရသော ကမ္ဘာသူကမ္ဘာသားများအားလုံးဧ။်အကျိုးကို သယ်ပိုးဆောင်ရွက် ခဲ့သော/နေသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် (သို့) ကမ္ဘာ့စံပြ မီးရှူးတန်ဆောင် ဖြစ်ပါသောကြောင့် -

ဒေါ်အောင်ဆန်းစုကြည်ဧ။်
ပြောသမျှစကား - ဖြစ်လိုသည့်ဆန္ဒ - ကန့်ကွက်ခြင်း ထောက်ခံခြင်း .... အရာအားလုံးတို့မှာ သန်းပေါင်းများစွာသော မြန်မာတိုင်းရင်းသားများနှင့် ကမ္ဘာသူကမ္ဘာသားများဧ။်
ဆန္ဒ- စကား နှင့် မဲပြားများပင်ဖြစ်ကြောင်း မေ့လျှော့မသွားမိကြစေရန် အသိပေးတင်ပြလိုက်ရပါသည်ခင်ဗျား ။

0 အကြံပြုခြင်း: