Thursday, November 20, 2014

ခင်ဗျားတို့ စိုက်တဲ့ပျိုးခင်း မှည့်ခဲ့ပြီ

Thetka Moe Nyo
အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်တို့က ကိုယ့်အညွန့်ကိုယ် အချိုးခံခဲ့တာလေ။
ကျောင်းသားတွေ အမှတ်မမီလို့ အကျများရင် အအောင်မပေးပဲထားရမှာကို ဆရာကို ထုချေလွှာတောင်း၊ အောင်အောင်တင်ပေးမူကို လက်ခုပ်တီးခဲ့ကြတယ်။
ကျောင်းတက်ရက် ၇၅% မပြည့်ရင် ဖြေခွင့်မပေးပဲ နေရမှာကို ၅၀%လောက်အထိ ဆင်းဆယ်ရင်လည်း သဘောတွေ ကျခဲ့ကြတယ်။
ဆယ်တန်းမှာ မေးခွန်းပေါက်တယ်ဆိုတာကို တိုင်ဖို့ မစဉ်းစားပဲ မေးခွန်းပေါက်လေ့ရှိတဲ့ဘော်ဒါကို ပြုံထားကြတယ်။
ကန်တော့ရင် အဆင့်တိုးပေးတဲ့ဆရာမကို ဒဏ်ခတ်ဖို့ မစဉ်းစားပဲ သူများထက်သာအောင် ကန်တော့ကြတယ်။
ခုနစ်ရက်တက်ပြီး ဖြေရတဲ့အဝေးသင်မှာ ကျူရှင်တွေ အပြိုင်ဖွင့်တာတက်၊ စာမေးပွဲညမှာ အခန်းတံခါးဖွင့်ပြီး ခုံပေါ်မှာ ကူးရေးထားဖို့ ပိုက်ဆံပေးခဲ့ကြတယ်။
အခုလား။
ခင်ဗျားတို့ စိုက်တဲ့ပျိုးခင်း မှည့်ခဲ့ပြီလေ.....


ဦး ခင်မောင်ရွှေ
မျှတမှုမရှိဟု ဝေဖန်ချက်များထွက်ခဲ့သော နည်းပညာတက္ကသိုလ် ၏ အောင်စာရင်းတွင် ကျရှုံးခဲ့သော ကြောင့် မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့သည့် မြန်မာ့ပညာရေး၏ မြေဇာပင်လေး မောင်တင့်လွင် အသက်(20) နည်းပညာတက္ကသိုလ်(မှော်ဘီ) ၏ ဈာပနာ နှင့် ယင်း၏ မိခင်သို့ နောက်ဆုံးရေးခဲ့သော စာ

0 အကြံပြုခြင်း: