Saturday, November 8, 2014

ရှောင်နဲ့  ဖီးမွန် တယောက်ကို တယောက် လွှဲချ



U Htay Tint
၆ ရက် အောက်တိုဘာလ ၂၀၁၄ တင်တဲ့ ဗီဒီယို
( ထိုင်းလို တတ်ရင် သေသေချာချာ နားထောင်ကြည့်
ရှောင်နဲ့  ဖီးမွန် တယောက်ကို တယောက် လွှဲချနေကြတာ)
video
လိပ်ကျွန်း လူသတ်မှုဖြစ်တာနဲ့  DNA စစ်တာဘဲ ။
ဖီးမွန်လူတွေ တယောက်မှ မတူပါဖူး ။
ဖီးမွန် အုပ်စုက လူသေထားတဲ့ နေရာနဲ့  အနီးဆုံးလေ ။

ဖီးမွန်တို့ လူတွေ သတ်တာမှ မဟုတ်ဘဲ ။
လူသတ်သမားက စောင့်ပြီး အခြားလမ်းကလဲ
ပြေးနိုင်တာဘဲလေ ။

(မီဒီယာက မာဖီးယားလို့ ရေးတာ ဘာဖြစ်လို့ လဲ)
နယ်မြေ ၈ က ပုလိပ် နဲ့  လိပ်ကျွန်းပုလိပ် က ငယ်သူငယ်ချင်း
အတူတူ စာသင်လာကြတာ ။
ဖီးမွန် နဲ့  ပုလိပ်တွေ အတူတူထိုင်နေတုံး
ရှောင်ဝင်လာတာနဲ့  မေးလိုက်သေးတယ် ။
ဟိုနေ့  ည ၁၄ စက်တင်ဘာလက ဘာဖြစ်ကြတာလဲ ။
သွေးတွေ ပေကျံလို့ ဆို ။ တပည့်တွေ ပြန်ပြောကြတယ် ။

အချင်းဖြစ်ပွားတဲ့ ၁၄ ရက်ည မှာ ဆိုင်ထဲကို ဝင်လာတဲ့
ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ဖြစ်သူ
အသက် ၂၅ နှစ်အရွယ် မစ္စတာ ရှောင် မက်အန်နာ
မျက်နှာမှာ သွေးတွေ နဲ့  တကိုယ်လုံးလဲ သွေးတွေ ပေကျံနေပါတယ် ။
ဖီးမွန် တပည့်တွေက သုတ်ပေးလိုက်ရတယ် ။

တံတား နားက Lutos ဆိုင်က လူကို သက်သေအဖြစ် မေးနိုင်ပါတယ် ။
ရှောင် ကို မေးတော့ အပြင်မထွက်ဖူး ။
စက်ဘီး လဲတာ လို့ ပေါ့ပေါ့ ဘဲဖြေခဲ့တယ် ။
ပြီးတာနဲ့  ရှောင် ထွက်ပြေးတာဘဲ ။

ပြေးနေတဲ့ ပုံက ဖီးမွန် မဟုတ်ဖူးလား ။

နောက်တရက်မှာဘဲ ဖီးမွန် နဲ့  ပုလိပ်တွေ မာဖီးယား ဆိုပြီး
အင်တာနက် မီဒီယာတွေက အသံထွက်လာတယ် ။

ရှောင်က ဒီတခေါက် ထိုင်းကို လာတာ
အူတူတူ ဖြစ်နေတယ် ။
မြန်မာပြည်သားတွေက ပုလိပ်မြင်ရင် ပြေးတာဘဲ ။

လိပ်ကျွန်းမှာ ဆိုင်ဖွင့်လာတာ နှစ် ၂၀ ရှိနေပြီ ။
အင်္ဂလိပ်တွေ ဖက်တာ နမ်းတာ ကတော့ ရိုးနေကြပါပြီ ။

ရှောင် ရဲ့  ဘောင်းဘီက တွေ့ တဲ့ သွေးစတွေကို
DNA စစ်တော့ သေဆုံးသူ မဟုတ်လို့ 
ထိုင်းပုလိပ်က လွှတ်ပေးပြီး
ထိုင်းနိုင်ငံက ဘန်ကောက်ကတဆင့်
အမြန်ဆုံး အင်္ဂလန်ကို ပြေးပါတော့တယ် ။

ရှောက်ရဲ့ အင်တာဗျူးမှာ ကျတော့
ရှောင်မက်အန်နာဟာ အခင်းဖြစ်ပြီးနောက် မနက် ၄ နာရီလောက်က လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယား ဂိုဏ်းက လူ ၂ ဦးက သူ့နောက်လိုက်လာကြောင်း၊ ဒါကြောင့် သူက ထွက်ပြေးပြီး ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင် ထဲ ၀င်ပုန်းပြီး ဆိုင်က အရောင်းစာရေးမလေးဆီက ဖုန်းငှားကာ သူ့နောက်လိုက်လာသူ ၂ ဦးကို အဲဒီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ် ဖွင့်ကာ ဓာတ်ပုံတွေကို အွန်လိုင်းတင်ခဲ့ပါတယ်။
“ထိုင်းမာဖီးယားတွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါအုံး” လို့လည်း သူက ဖေ့စ်ဘုတ် မှာ ရေးခဲ့ပါတယ်။
ပြီးတော့ သူက ကျွန်းပေါ်က သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်တိုက်ခေါ် ခဲ့သလို ရဲနဲ့ စကောတလန်က သူ့ဆွေမျိုးတွေ ဆီ လည်း သူ အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ရဲက သူ့ကို ကယ်ခဲ့ပြီး သူတည်းခိုးတဲ့ ဟိုတယ်ဆီ လုံခြုံရေးနဲ့ ခေါ်သွားခဲ့တယ်လို့ သူက ပြောထား ပါတယ်။
ဒါပေမယ့် သူဟာ မလုံခြုံသလို ခံစားရတာကြောင့် တောင်ကုန်တွေဘက်ကို ထွက်သွားပြီး တောထဲမှာပဲ ညအိပ်ခဲ့ ကြောင်း၊ နောက်နေ့ ညနေ ၃ နာရီလောက်မှာ မတော်တဆမှုနဲ့ သွေးတွေပေကြံနေတယ် ဆိုတဲ့ ရှောင်ဟာ သူ့ ဂစ်တာ ကောက်ယူပြီး သူ့ပစ္စည်းတွေ သိမ်း၊ ကျောပိုး အိတ်ထဲ ထည့်ပြီး ကျွန်းကနေ ထွက်သွားခဲ့တာပါ။
လိပ်ကျွန်းကနေ ကော့စမွေအရပ်ကို ဖယ်ရီ မော်တော်ဘုတ်စီးပြီး ထွက်ခွာခဲ့တာလို့ သူက ဆက်ပြော ထားပါတယ်။
လိပ်ကျွန်းပေါ်က ထိုင်းရဲက သူ့လက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ့ဂျင်းဘောင်းဘီနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းနေ မှုတွေအပေါ် သူက အသက်အန္တရာယ်စိုးရိမ်ပြီး စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့တာလို့ ထွက်ဆို ချက်
ပေးခဲ့ပြီး ထိုင်းရဲကလည်း သံသယကင်းရှင်းလို့ ကျွန်းက ထွက်ခွာခွင့်ရသွားခဲ့ပါတယ်။
သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ ပြန်ပြောပြခဲ့တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများအပြား ပါဝင်ပါ တယ်။
သူ့နောက်လိုက်လာတယ်ဆိုတဲ့ ထိုင်း မာဖီးယား ၂ ဦးလို့ ဆိုသူတွေက သူ့ကို “ မင်း ဒီည သေရမယ်၊ သူတို့ ( ဒေးဗစ်နဲ့ ဟန်နာ) ကို သတ်ခဲ့တာ မင်းပဲ၊ မင်းကိုယ်တိုင် မင်းလက်နဲ့ အဲဒီ ၂ ယောက်ကို သတ်ခဲ့တာ၊ မင်းလုပ်တယ်ဆိုတာ ငါတို့ သိတယ်။ မင်းကိုယ်မင်း ဒီည ကြိုးဆွဲချ သေပါ၊ ငါတို့ မင်း ကြိုးဆွဲချ သတ်သေ တာကို ကြည့်မယ်”လို့ ပြောခဲ့တယ်တဲ့။

ဒါကြောင့် ထိုင်း မာဖီယား ၂ ယောက်က သူ့ကို တောထဲ ခေါ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ ခိုင်းမှာကို စိုးရိမ်ပြီး သူ ထွက်ပြေးခဲ့တယ်လို့ ရှောင်မက်အန်နာက ပြောထားတယ်။

“ သူတို့ ( ထိုင်း မာဖီးယားများ) က အစားထိုး တရားခံအဖြစ် ဓားစားခံ တဦး လိုအပ်နေခဲ့တယ်လို့ ထင် တယ်။ (လူ သတ်မှုကို ) ဘယ် သူ လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမယ်လို့ ကျနော် ထင်တယ်” လို့လည်း ရှောင် က ပြောထားတယ်။

ဒီအပြင် ရှောင်က ဆက်ပြောထားမှာ “ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံသား တယောက်က လုပ်တယ် ဆိုတဲ့ ပုံစံလည်း လိုချင်နေပုံရတယ်” လို့ ဆိုတယ်။

“ဒါကြောင့် ကျနော်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့မယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့မယ်ဆိုရင်တော့ ဒီလူသတ်မှု ဟာ သူပဲ လို့ ပြဖို့ သူတို့ လွယ်ကူသွားပြီလေ” လို့ ရှောင်က ပြောတယ်။
ရှောင်ဟာ လိပ်ကျွန်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ရောက်နေခဲ့သူပါ။ သူဟာ သေဆုံးသွား ခဲ့တဲ့ ဒေးဗစ် နဲ့လည်း လွန်ခဲ့တဲ့ နှစ်က Leeds မှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်နေကြ တာပါ။ ဒေးဗစ်က လည်း Leeds တက္ကသိုလ်မှာ စာသင်ကြားနေပြီး သူတို့ဟာ ဖေ့စ်ဘုတ်မှာလည်း သူငယ်ချင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ ညက ဒေးဗစ်နဲ့ ရှောင်ဟာ တွေ့ဖို့ ချိန်းဆိုထားခဲ့ကြပေမယ့် ရှောင်က အရက်မူးလွန်နေလို့ အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့တာပါတဲ့။

0 အကြံပြုခြင်း: