Sunday, November 2, 2014

ဒီလူကြီး ယောက်ကျားပီသမယ်ဆိုတာ ယုံကို မယုံတာ




Moe Zay Nyein

ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပြီးသမျှတွေကို ခ၀ါချပြီး၊ မေ့ဖျောက်ပြီး နိုင်ငံအတွက် ရှေ့ကို ဆက်လျှောက်မယ်ဆိုတာကို ကျုပ်ကတော့ ယုံသဗျ။ ဒါပေသိ ကျုပ်မယုံတာက မိန်းမလိုမိန်းမရဆန်လွန်းတဲ့ ကသန်းရွှေကြီးကို မယုံတာ။ ဒီလူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို မကြည်လင်တာနဲ့ စစ်တက္ကသိုလ်က အောင်ဆန်းတပ်ခွဲဆိုတာကြီးကို ဖျက်ခိုင်းလိုက်တယ်။ ဘာဆိုင်လဲဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်တာနဲ့ ၁၉၄၇ ထဲက သေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကိုတောင် ရန်ရှာနေလိုက်တယ်။ DSA က အောင်ဆန်းခန်းမ ကိုတောင် ပြတိုက်လို လုပ်ပစ်လိုက်သေးရဲ့။ နောက်တော့ ဗိုလ်ချုပ်ရဲ့နာမည် တေဇ အမည်ပါလို့ဆိုပြီး အလုပ်သင်ဗိုလ်တွေရဲ့ တေဇတပ်ခွဲကိုပါ ထပ်ဖျက်ပလိုက်တယ်။ ဒီတော့ကာ ကျနော်တော့ ဒီလူကြီးကို မယုံကြည်ဘူး။ သူ့သမီးကို မကျေနပ်တာနဲ့ လွန်ခဲ့အနှစ်(၅၀) လောက်ထဲက သေခဲ့တဲ့ သူ့အဖေနာမည်ကိုပါ ဖျက်ခိုင်းတယ်ဆိုတော့ သိပ်ကို မိန်းမလို မိန်းမရဆန်တာပဲ။ အင်း - မိန်းမတွေနဲ့ ကသန်းရွှေကြီးကို နှိုင်းရတာ မိန်းမတွေကိုတော့ အားနာသဗျာ။ နားလည်ပေးပါ။
ဒီတော့ ဒီလူကြီးက ကန့်လန့်ကာနောက်ကို အသာလေးဝင်၊ သင်ပုန်းချေချင်တယ်ဆိုတာတွေကို ကျနော်က ယုံကို မယုံတာ။ ကိုယ်ကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကထိ သူ့အတွက် အစီရင်ခံစာတွေ ရေးပေးဖူးသကိုး။ ဒီတော့ ဒီလူကြီး ယောက်ကျားပီသမယ်ဆိုတာ ယုံကို မယုံတာပါဗျာ။

0 အကြံပြုခြင်း: