Monday, November 24, 2014

အာမခံကြေး၁ ဦးကို ဘတ်ငွေ ၅ သိန်း



ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စလည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော်အစိုးရအစီအစဉ်နဲ့ အာမခံတင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာအရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေးကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”
လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ကိစ္စတွေကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။
မြန်မာလူငယ် ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး စွပ်စွဲဖမ်းဆီးခံထားရတာပါ။
DVB

လိပ်ကျွန်းလုပ်ငန်းစဉ်
၂၃၊၁၁၊၂၀၁၄။

၁။ ယနေ့ည နေ (၆) နာရီတွင် အမျိုးသားလွတ်တော်ဥက္ကဌ
ဦးခင်အောင်မြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်
မြန်မာသံရုံးမှ အထူးဖွဲ့စည်းထားသည့် ကော့တောင် ၊
အထူးစုံစမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဘန်ကောက်မြို့တွင်၊
တွေ့ဆုံခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဥပဒေပညာရှင်များ၊
မှု့ခင်းဆိုင်ရာကျွမ်းကျင်သူများနှင့်
အမျိုးသားလွတ်တော်ကိုယ်စားလှယ်များပါဝင်ခဲ့သည်။
၂။ အထူးစုံစမ်းရေးကော်မီတီမှ မိမိတို့ဆောင်ရွက်ပြီးစီးခဲ့သည့်
လုပ်ငန်းများ၊ကြုံတွေ့နေရသည့် အခက်အခဲများနှင့်
ရှေ့ဆက်လုပ်ဆောင်မည်၊ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
၃။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်
ထိုင်းနိုင်ငံဝန်ကြီးချုပ်အပါအဝင်၊ ထိုင်းလွတ်တော်အဖွဲ့ဝင်များနဲ့ 
တွေ့ဆုံ မည်ဖြစ်ပြီး။
ကော့တောင်ကျွန်းလူသတ်မှု့တွင် မတရားဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား နှစ်ယောက် ကိစ္စကို ဆွေးနွေးမည်ဖြစ်သည်။
၎။ ကိုယ်စားလှယ်အဖွဲ့ဝင်များအနေဖြင့်
ထိုင်းလူ့အခွင့်အရေးကော်မရှင်နှင့် အဆိုပါအမှု့တွင်
လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေများကောင်စီမှ
တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။
ထို့အပြင် ကော့ စမွေအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မောင်ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကိုလဲ
သွားရောက်တွေ့ဆုံမည်ဖြစ်ပါသည်။
၅။ အမျိုးသားလွတ်တော်ဥက္ကဌ ဦးခင်မောင်မြင့် မှ
လူငယ်နှစ်ဦးအာမခံအတွက် ကုန်ကျမည့်ငွေကြေးများကို
ကူညီပေးမည်ဖြစ်ပြီး၊အထူးစုံစမ်းရေး အဖွဲ့အတွက်လိုအပ်သည့်
ကိစ္စအဝဝကို အတတ်နိုင်ဆုံးကူညီပေးမည်ဟုပြောကြားခဲ့ပါသည်။
၆။ အမျိုးသားလွတ်တော်မှတဆင့်
ရခိုင်းအမျိုးသားလူမှု့ကယ်ဆယ်ရေးအဖွဲ့ သို့ ပေးအပ်လှူဒါန်းခဲ့သည့်
မြန်မာငွေ ကျပ် (သိန်းသုံးရာ) ထဲမှ အထူးစုံးစမ်ရေး ကော်မီတီ၏
လုပ်ငန်းများ အတွက်အသုံးပြုနိုင်ရန်အတွက်
အမေရိကန်ဒေါ်လာ ( ၁၅၀၀၀) ( ဒေါ်လာတစ်သောင်းခွဲတိတိ) အား ပေးအပ်လှူဒါန်းခဲ့သည်။
ကျန်ရှိနေသေးသည့် ငွေကြေးများကိုလဲ အထူးစုံးစမ်းရေးကော်မီတီသို့ လွဲပြောင်းပေးရန်၊အမျိုးသားလွတ်တော်ဥက္ကဌမှ ညွန်ကြားခဲ့သည်။

( ထူးချစ်)

0 အကြံပြုခြင်း: