Monday, November 3, 2014

ဇာဂနာ ဘာမှမသိရပါဖူး





ဇာဂနာ တို့ လဲ တစ်ပတ်တစ်ခါရေးနေရတာ တော်တော် တော့ အကုသိုလ် များတယ်
ခမ်။စဉ်းစားကြည့်လေ။ဘယ်နေရာမှာများ မတော် မတည့်တာတွေ လုပ်နေသလဲ၊
ဘယ်မှာများ မဟုတ် တရုတ် တွေ ဖြစ်နေလဲ၊ ဘယ်သူတွေ မထော် မနှမ်းလုပ်နေ
သလဲ ဆိုတာကို အမြဲ မျက်စေ့ဖွင့် နားစွင့်နေရတာကိုးခမျာ။တစ်ခါမှလဲ နား၇တယ် မရှိပေါင်။ဘယ်နေရာရောက်ရောက် ဘယ်ကိုကြည့်ကြည့် မထော် မနှမ်းလုပ်နေ
တာကိုချည်းတွေ့ နေရတော့တာပါပဲ။သည် အစိုးရကလဲ ဒါမျိုးလုပ်ရတာ ၀ါသနာ
ပါတာကိုးခင္မ်။

ဒါပေမဲ့ သူ့ ကံကလည်း ကောင်းနေသဗျ။ကြည့်လေ။တစ်မျိုးပြီးတစ်မျုးမ၇ိုးလိုက်ရပုံများ
ခမ်။နဂါးနဲ့ခေါင်းလောင်းအတွဲ၊ပြီးတာနဲ့ ခါကာဘိုရာစီတောင်ပေါ်မှာ လူနှစ်ယောက်
ပျောက်၊ဟော နောက်တစ်ခါ ယိုးဒယားမှာမြန်မာလူငယ်နှစ်ဦး လူသတ်မှု နဲ့ ဖမ်းခံရ၊
ပြီးတော့ မြန်မာ ယူ၁၉ဘောလုံးအသင်းကမ္ဘာ့ဖလားရောက်၊ဟော ခုတော့ ကိုပါကြီး ကိစ္စ ပေါ်လာ။

အားလုံး စိတ်ဝင်စားစရာ၊ရင်ခုန်စရာ၊စိတ်ကုန် စရာ ကိုစုံနေတော့တာပါပဲ။ဒီကြားထဲ
တပ်မတော်အသုံးစ၇ိတ်ကလဲတိုးတိုးတောင်းနေသဗျ။ငြိမ်းချမ်းရေးလုပ်နေတယ်
လဲပြောရဲ့ ။ဘယ်သူနဲ့တိုက်ဖို့ တုန်း။ဘယ်နိုင်ငံနဲ့တိုက်ဖို့ တုန်း။လွှတ်တော် ထဲကနေ
ပြီးတော့လဲ တပ်မတော် ကိုယ်စားလှယ်တွေက ၄၃၆ ကိုပြင် ဖို့ ဆန္ဒမရှိပါဖူးလုပ်ပြန်
ပါလေရော။မသိလို့ မေးပါရစေနော်။တကယ်မသိလို့ ပါဗျ။အဲဒီ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘယ်မဲဆန္ဒနယ်မြေ ကတက်လာကြတာလဲ။ဘယ်သူ က တင်မြှောက်လိုက်တာလဲ။ပြည်သူ တွေ ရဲ့  အသည်းကြား မဲ တစ်ပြားမပြောနဲ့
တစ်ဖဲ့ တောင် မရတဲ့သူတွေက ပြည်သူ့ ဆန္ဒကို ဆန့် ကျင်လော်မာ ပြောလိုက်
ကြတာများ အံ့အား ကိုသင့်ပါရော။ပြည်သူ့ ဆန္ဒ ငါးသန်း ကိုတောင် လစ်လျူရှု
ရဲတယ်နော်။ဘယ် လခ နဲ့ ထမင်းစားနေကြတာပါလိမ့်။ဘယ်သူ့ ပိုက်ဆံ နဲ့ မိန်းမ
အတွက် ထဘီဝယ်ပေးနေပါလိမ့်။ဘောင်းဘီတို စကတ်တို ၀တ်နေရင်တော့
သိဖူးလေ။တစ်ခါ ပီအာရ် ဆိုတာ ကြီးကလဲ ရှစ်မျိုးပေါင်းချုပ် ထုတ်လာပြန်ပါပကော။

တစ်နေ့ တစ်မျိုး မရိုးစေရဖူးခမျ။အမှန်ကတော့ အစိုးရ တစ်ဖွဲ့ လုံး ရုပ်ရှင်အစည်းအရုံး ကိုသိမ်းလိုက်ကြပါလားဟင်။ရုပ်ရှင်ဒါရိုက်တာတွေ၊ဇာတ်ညွှန်းရေးဆရာတွေ
အားလုံး က ဥိးသိန်းစိန် အစိုးရလောက်ကို ဇာတ် လမ်းဇာတ်ကွက် အမျိုးမျိုး မတီထွင်တတ်ကြရှာပါဖူး။နေတိုး တို့ ပြေတည်ဦးတို့ ထက်ကို ၀န်ကြီးအားလုံး
ကလဲ သရုပ်ဆောင်ကောင်းသဗျ။လာမဲ့ ဒီဇင်ဘာမှာ အကယ်ဒမီပေးပွဲလုပ်ရင်
အစိုးရတစ်ဖွဲ့ လုံး ကိုသာ ရွှေစင်ရုပ်ထုတွေတန်းစီပေးလိုက်ကြပါတော့လားဗျာ။
နားအေးရော။

ပြည်သူ့ ဆန္ဒ ဆိုတာ သွေးဆေးမဟုတ်ပါဖူးခမျ။နည်းနည်းတော့အဖက်လုပ်ကြပါ။
မှန်မှန်ကန်ကန်ဆိုရင် ဇာ၈နာ တို့ ပြည်သူတွေကထောက်ခံ့ဖို့ ဝန်မလေးတတ်ကြ
ပါဖူး။ခုတော့ ဒီလောက်ဟန်ဆောင်ကောင်းနေတာမျိုး ဖြင့် ကြုံဖူးပေါင် ကြုံဖူးပေါင်
လို့ သာ အော်ရတော့မှာပဲ။ပြည်သူတွေမကျေနပ်လို့  ထထ ကြွကြွ လုပ်ကြမယ်
ဆိုလဲ အဆိုးတော့မဆိုနဲ့လေ။ယိုးဒယား ကရထြက်တောင် ရမ်းသေးတယ်။

ကိုပါကြီး ကိုသေစေလိုက်ပုံများ ကြက်ကလေး ငှက်ကလေးကျနေတော့တာပဲ။
သိပေါ နဲ့  စုဖုရားလတ် ပါတော် မူတုန်း ကလဲ ကြက်ကလေးငှက်ကလေး လိုဖမ်း
သွားတယ် ဆိုတာမျိုး သုံးနှုန်းခဲ့တယ်နော်။မေ့ နေမှာစိုးလို့ ။အင်္ဂလိပ် က ဖမ်းရုံ
ဖမ်းတာ သေနပ် နဲ့ တော့ ပစ်မသတ်ဖူးခမျ။ကိုယ့်ကိုယ်ကို ဒီမိုကရေစီ အစိုးရလို့ 
တံဆိပ်ကပ်တဲ့ (အဆိုးရ)လား(အစိုးမရ)လား အဖွဲ့ ကြီးလက်ထက်ကျမှ နိုင်ငံသား
တစ်ယောက် ပစ်သတ်ခံရရှာတော့တာပါပဲ။ဂုဏ်ယူရမှာလားဗျာ။

ဒီလို မျိုး ပစ်ဖို့ သတ်ဖို့ လွှတ်တော် ထဲ ကနေ ဘတ်ဂျက် တွေတိုးတောင်းနေတာ
လား။ဒီလိုမျိုး ပစ်ဖို့ သတ်ဖို့ ၄၃၆ ကိုမပြင်ချင်ဖူး အော်နေတာလား။ဇာဂနာ မြို့ ထဲ
သွားတိုင်းတွေ့တာလေးတစ်ခု သတိရမိပါရဲ့ ။မော်တော် ကားတွေက ကျပ်တယ်
လေ။တစ်စင်းနဲ့တစ်စင်း ထပ်နေ အောင်ကို ကပ်ပြီး ကျပ်နေတာပေါ့။အားလုံးလဲ ကြုံဖူးမှာပါ။ဒီလိုအချိန်မျိုးမှာ တစ်ဖက် ယာဉ်ကြောက ကားဖြစ်ဖြစ်၊ကွေ့ ကား
ဖြစ်ဖြစ်၊ဖြတ်ဝင်ချင်ရင်လေ လက်ညှိုးလေးတစ်ထောင်ထောင် နဲ့  ခွင့်တောင်း
တာမျိုး တေါ့ ဖူးကြမယ်ထင်ပါရဲ့ ။လေးစားသမှု နဲ့ ခွင့်တောင်းတာမျိုးလဲရှိသလို၊
ဒီလိုလုပ်ပြရင်တာဝန်ကျေတယ် ဆိုပြီး ပြီးပြီးရော ခွင့်တောင်းတာမျိုးလဲ ရှိပါ
သဗျ။ဘာပဲဖြစ်ဖြစ် ဒီလို ခွင့်တောင်းတဲ့ ဓလေ့ လေးကတော့ကောင်းပါတယ်။
လွှတ်တော် ထဲက တပ်မတော်သားကိုယ်စားလှယ်တေါရော၊ မင်း အ(ဆိုး)ရ ရော ဇာ၈နာတို့ ပြည်သူတွေကို လက်ညှိုးလေးတော့ထောင်ပြကြပေါ့ဗျာ။

လက်ညှိုး ပဲထောင်ခိုင်းတာနော်။တခြားဟာတွေတော့မထောင်ကြပါနဲ့ ။
ခင်ဗျားတို့ ကအားအားရှိထောင်တတ်လွန်းလို့ ပါ။သေနပ်တို့ ဘာတို့ ပေါ့။
ပြည်သူ့ ဆန္ဒ တကယ် လေးစားရင်လက်ညှိုးလေးတောင် ထောင်ပြပေးကြပါ
လို့ ဇာဂနာ ပြောကြည့်လိုက်ပါတယ်ဗျာ။တကယ်တော့ဇာဂနာ သိလို့ 
ပြောနေတာမဟုတ်ပါဖူး။လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးဖြိုးမင်းသိန်းပြောပြ
လို့ ပါ။ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
၂၆ အောက်တိုဘာ ၂၀၁၄
( ပဲ့ တင်သံ ဂျာနယ်ထဲကဆောင်းပါးပါ )

0 အကြံပြုခြင်း: