Saturday, November 1, 2014

ရေးရဲရင် ရေး မှားသူခံဆိုပြီးဦးရဲထွဋ် ခြိမ်းခြောက်

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် သိန်းထောင်ကျော်တန် တိုက်ခန်းနှစ်ခန်းဝယ်တယ် သိရတော့ ချက်ချင်း ဦးရဲထွဋ်ကို ဘယ်ကရတဲ့ ငွေနဲ့ဝယ်လည်း fb cmt မှာ မေးခွန်းထုတ်ပါတယ်။ သူက နိုင်ငံခြားရောက်နေတာနဲ့ ရောပြီး ပြန်မဖြေပါဘူး။

ဒီနေ့ mjn မှာ ဦးရဲထွဋ်နဲ့ mjn တွေ့ပါတယ်။ လိုတာထက်ပိုပြီး ကျိုးနွံသလို ဖြစ်နေသူ အချို့ကို ကြည့်ပြီး စိတ်ညစ်မိတယ်။

ကိုယ့်တိုက်နဲ့ ဥပဒေကြောင်းအရ တရားတပေါင်ဖြစ်နေလို့ တိုက်ကိုယ်စားပြု မမေးသင့်တော့ သတင်းထောက်တစ်ယောက်အနေနဲ့ မီဒီယာသမားတွေကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူနေတာ ဝန်ကြီးဘာလုပ်ပေးမလည်း မေးတော့ ဝေ့လည်ကြောင်ပတ်တွေ ဖြေပါတယ်။ တစ်ယောက်ကို မေးခွန်းတစ်ခုမေးဆိုတော့ ဆက်မေးခွင့် မရပါဘူး။

ပွဲပြီးလို့ ကျေးဇူးတင်စကား ပြောနေချိန်မှာ ကျွန်တော်က ဖြတ်ပြီး ဆရာ ဒီတိုက်ခန်းတွေ ဘယ်ငွေနဲ့ဝယ်လည်း မေးတော့ မေးခွန်းမဆုံးခင် ရေးရဲရင် ရေး
မှားသူခံဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီမှာ fb မေးခွန်း သူတမင်မဖြေမှန်း သိရပါတယ်။

ဒါဆို ဝယ်တာသေချာတယ်ပေါ့ မေးတော့ သူ့မှာ လူ့အဆင့်အတန်းနဲ့ ညီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ် လို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒါဆို တိုက်ခန်းတစ်ခန်းတောင် မပိုင်တဲ့ ရန်ကုန်နေ ပြည်သူအများစုက လူ့အဆင့်အတန်းအောက် ရောက်နေတာပေါ့။ ကျွန်တော်တို့ သတင်းထောက်တွေလည်း ဦးရဲထွဋ်စကားအရ လူ့အဆင့်အတန်းအောက်ကပါပဲ။ ပြီးတော့ မိသားစုနောင်ရေးအတွက် စုဆောင်းတယ် ပြောတယ်။ သူ့တစ်သက်လုံး ဝန်ထမ်းလစာပေါင်းရင်တောင် သိန်းထောင်ကျော်တန်တိုက်ခန်းတစ်ခန်း မဝယ်နိုင်ပါဘူး။ အခုတော့ ဝယ်ထားလိုက်တာ နှစ်ခန်း သုံးခန်း ။ ပျံသာပျံပါ ငှက်ခါးလေး မောင်ရဲ။ နားခါမှ သိရင် ကျွန်တော့်အပြစ်မဟုတ်ဘူးနော်။

ဖြိုးဝေဝင်း( ခေတ္တ- လူ့ပြည်သတင်းထောက်)


0 အကြံပြုခြင်း: