Saturday, November 1, 2014

ဦးအောင်သောင်းကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူ




BBC Burmese
စက်မှုဝန်ကြီးဟောင်း လွှတ်တော် အမတ် ဦးအောင်သောင်းကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူ

ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်း ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေ ချမှတ် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်း မှာ ရှိတဲ့ ဦးအောင်သောင်းရဲ့ပိုင်ဆိုင်မှု အားလုံးကို ထိန်းချူပ်မှာ ဖြစ်သလို၊ အမေရိကန် စီးပွားရေး ကုမ္မဏီတွေလည်း ဦးအောင်သောင်းနဲ့ စီးပွားရေး မဆက်ဆံရဘူး လို့ ကန့်သတ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်မှာ ဖြစ်ပေါ်နေတဲ့ အပြုသဘော ဆောင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ပြောင်း ဖော်ဆောင် နေမှုတွေကို ကြံရွယ်ချက် ရှိရှိ ထိခိုက်ပျက်ပြားစေတဲ့ အတွက် အခုလို ပိတ်ဆို့မှုတွေ လုပ်ဆောင်ရတာလို့ အမေရိကန် ပြည်ထောင်စု ရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချူပ်ရေး ဆိုင်ရာ ဘဏ္ဍရေး ဌာနရဲ့ ညွှန်ကြားရေးမှုး Adam Szubin က ပြောပါတယ်။

ဦးအောင်သောင်းဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေ ပြုလုပ်သူ ဖြစ်တယ် ဆိုပြီး တော့လည်း မစ္စတာ ရှူဘင်က ဆိုပါတယ်။

ဦးအောင်သောင်းဟာ အရင် စစ် အစိုးရ လက်ထက်မှာ စက်မှုဝန်ကြီး လုပ်ခဲ့သူ လည်း ဖြစ်ပါတယ်။

0 အကြံပြုခြင်း: