Monday, November 3, 2014

AC Bar သားကိုအလိုရှိခဲ့




U Htay Tint-------
မျက်မြင်သက်သေတွေက ထိုင်းလူမျိုးပါ ။
ဗဟို ပုလိပ်ဆင်းလာမှ မြန်မာတွေ တရားခံဖြစ်တာ ။
လိပ်ကျွန်းလူသတ်မှု ဖြစ်ကာစက
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ နဲ့  နယ်မြေပုလိပ်တပ်ဖွဲ့ 
ပူးပေါင်းပြီး စစ်ဆေးခဲ့ပါတယ် ။
အမှတ်၈ ရဲတပ်ဖွဲ့ စစ်ဆေးစဉ်က
နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း) သား
နိုင်ဝေါ်ရွတ်သို့ ဝိထိယန်( သူဌေးသား ကို
လိုက်လံ ရှာဖွေနေပါတယ် ။
မျက်မြင်သက်သေများ ပြောကြားချက်အရ
လူသတ်မှုဖြစ်ပွားပြီး နာရီဝက် အကြာမှာ
သူဌေးသားက စက်လှေ ငှါးပြီး လိပ်ကျွန်းပေါ်မှ
ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ယူဆပါတယ် ။
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုး အနေနဲ့  ကျယ်ဝန်းတဲ့
ဘန်ကောက်မြို့ တော်ကြီးက သူဌေးသားကို ရှာဖွေပြီး
DNA စစ်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ် ။
မနေ့ ကလည်း နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)ကို
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုးက စစ်ဆေးခဲ့ပါတယ် ။
မျက်မြင် သက်သေ တဦး သတင်းပေးချက်အရ
အချင်းလူသတ်မှု ဖြစ်သည့် နေ့ က
Ac Bar အတွင်းက သူဌေးသားအဖွဲ့ 
ယောကျာင်္းလေး အုပ်စုနဲ့  သေဆုံးသူ ဒေးဗစ်
ရန်ဖြစ်ခဲ့ကြောင်း သိခဲ့ရပါတယ် ။
နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)က
သူ့ အနေနဲ့  ဘာမှ မသိ ဘာမှ မမြင်ပါဖူး ။
တာဝန်ရှိ ပုလိပ်တွေနဲ့  ပူးပေါင်းဖို့  အဆင်သင့်ပါဟု
ပြောကြားခဲ့ပါသည် ။.
လက်ရှိ အခြေအနေမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့
သသားဖြစ်သူကို ဆက်သွယ်လို့ မရ သေးပါ ဟု ဖြေကြားခဲ့သည် ။
သေသေချာချာပြောနိုင်တာကတော့
လူသတ်မှုမှာ သူဌေးသားပါဝင်ပြီး စက်လှေနဲ့ 
ထွက်ပြေးလွတ်မြောက် သွားပါတယ် ။
နောက်ပိုင်းမှာ တော့ ကျွန်းကို ပိတ်ဆို့ လိုက်ပါတယ် ။
လောလောဆယ် အချင်းဖြစ်ပွားတဲ့ မီတာ ၁၀၀ အတွင်းက
ခြေရာ နမူနာ ယူပြီး စစ်ဆေးနေပါတယ် ။
စစ်ဆေးခံရသူတွေ ကတော့ အနီးအနားက
လူတွေအားလုံး ဖြစ်ပြီး တံထွေး နဲ့  ဆီး ကို
DNA တိုင်ကြည့်နေပါတယ် ။

0 အကြံပြုခြင်း: