Monday, October 27, 2014

Last hour of Hannah Witheridge and David Mille



U Htay Tint
ပုံတွေကို သေချာ လေ့လာရင်
ဒေးဗစ် တို့ သောက်တဲ့ ဘီယာ အရောင်ကြညိ့ပါ ။
ဟန်နာ သောက်တဲ့ ခွက်က ဘီယာမဟုတ်ဖူး ။
ဖျော်ရည် တမျိုးမျိုး ဖြစ်လို့  စုတ်ပိုက် ထဲ့ထားပါတယ် ။
(ဥရောပ တိုက်သားတွေ ဝိုင် နဲ့  ဘီယာ ပိုက်မစုတ်တတ်ကြဖူး)

ဟန်နာ က ဆိုင်ထဲက ပြသနာဖြစ်ပြီး ထွက်လာတယ် ဆိုပါတယ် ။
ဘာပြသနာ လဲ ။
ဆိုင်အဝမှာ ဒေါသ ထွက်နေတာကို တားနေပါသေးတယ် ။
နောက်တော့ ရှေ့ က သုတ်သုတ် နဲ့  ထွက်သွားပါတယ် ။
မူးလဲ မလို ဖြစ်သွား လို့  တွန်ဘရိုက်က လိုက်ဆွဲရပါတယ် ။

ဟန်နာ ကို Ac Bar ထဲက ခပ်လိုက်တဲ့
ဘာဆေး မိလာတာလဲ ။

ဒေါသ ထွက်မယ် ။
ရီဝေလာမယ် ။
နောက်ဆုံး သတိလစ်သွားမယ် ။
မုဒိန်း ကျင့်ခံရတယ် ။

ခေါင်းကို ထုတယ် ။
ပေါက်ပြားနဲ့  ထုတယ် ။
ကျောက်တုံး နဲ့  ထုတယ် ပြောကြတယ် ။
အရိုးစ တွေ ဘယ်လို ထွက်လာတာလဲ ။
သေသွားတာတောင် သိလိုက်ရဲ့ လား ။

ဖြစ်နိုင်ခြေကို ဆက်စဉ်းစားတော့
ဟန်နာက သူတည်းတဲ့ အိပ်ခန်းကို
အဖေါ်တွေက လိုက်ပို့ ပြီး ပြန်မယ် ။
ဆေးခပ်လိုက်တဲ့ အကြံသမားက
နောက်က လိုက်မယ် ။
မုဒိန်းကျင့်မယ် ။

မူးမူး နဲ့  မုဒိန်းကျင့်နေတာ
ဟန်နာ့ အခန်းထဲက အသံကြားလို့ 
ဒေးဗစ်က စိတ်ပူပြီး သွားကြည့်တာ
မာဖီးယားအုပ် နဲ့ တိုးပြီး
အသံမထွက်အောင်
ဝိုင်းချုပ်ကြပြီး ထိုးကြတော့ သတိလစ်မယ် ။

မေးခွန်းများ
ဟန်နာ ကို Ac Bar ထဲက ခပ်လိုက်တဲ့
ဆေးက ဘာဆေး အမျိုးအစားလဲ ။
ဟန်နာ တည်းတဲ့
အိုးရှင်းဗျူး အခန်း ဖွဲ့ စည်းပုံ ဘယ်လိုလဲ ။
ဟန်နာ ပေါ်က မျက်နှာ သုတ်ပုဝါက
တည်းခိုခန်းက လား ။ သူကိုယ်ပိုင်လား
ရှောင် က ဘယ်က ပါလာတာလဲ ။

0 အကြံပြုခြင်း: