Thursday, October 23, 2014

စွပ်စွဲခံမြန်မာလူငယ်၂ယောက်ကို ထိုင်းရဲ နှိပ်စက်ခဲ့တယ်လို့Dr.Porntip Rojanasunan ပြော

Look at them. Thai police said they raped a girl and killed other 180lbs man. Believe it or not.

Kyaw Swar Myint
( ၂၀-၁၀-၂၀၁၄) ညနေ (၃း၄၅) က
ထိုင်း TV-3 သတင်းမှာလာသွားတာပါ
=========================================
စွပ်စွဲခံမြန်မာလူငယ်၂ယောက်ကို ထိုင်းရဲတပ်ဖွဲ.များစစ်ဆေးစဉ်က နှိပ်စက်ခဲ့ခြင်း
ရှိ/မရှိယနေ့မှာ အမှန်တရားဖက်ကနေ ရှိနေသူလို့ နံမည်ကြီးတဲ့ နိုင်ငံတော်မှုခင်း
ဆရာဝန်ဌာနကDr.Porntip Rojanasunan လူငယ်၂ယောက်ကို သွားရောက်
စမ်းသပ်ပါတယ်..

သူပြောကြားချက်က..

" လူငယ်၂ယောက်ကို နှိပ်စက်ထားသည်မှာ ဟုတ်မှန်ကြောင်း..လက်ရှိ ရင်ဘက်
အောင့်ခြင်း ဝေဒနာကို ခံစားနေရကြောင်း..အရင် နှိပ်စက်ကြောင်း သတင်းထွက်
စဉ်က ဓါတ်မှန်ရိုက်ယူထားမှုတွေကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း.. "
ပြောကြားသွားပါတယ်။

ယခုအချိန်အထိတော့ ထိုင်းရဲတွေက သူတို့စစ်ဆေးစဉ် နှိပ်စက်ခဲ့ခြင်းမရှိကြောင်း
ငြင်းဆိုနေကြဆဲဖြစ်ပါတယ်။

ဓါတ်ပုံတွေကတော့ မြန်မာနိုင်ငံ၊ မြ၀တီမြို.ကို အဆိုပါ နိုင်ငံတော်မှုခင်း
ဆရာဝန်ဌာနကDr.Porntip Rojanasunan လာရောက်လည်ပတ်စဉ်က
ကောင်းမြတ်(စတူရီယို) ကရိုက်ကူးမှတ်တမ်းတင်ထားခဲ့တဲ့ဓါတ်ပုံများသာ
ဖြစ်ပါတယ်။

သတင်း- ရဲမြင့်ဦး
ဓါတ်ပုံ- ကောင်းမြတ် (မြ၀တီ)




မြန်မာလူငယ် ၂ ဦး စစ်ဆေးရေးကာလ လူ့အခွင့်အရေး ချိုးဖောက်ခံရ
********************************************************************
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမေးမြန်းခံရတဲ့ မြန်မာလူငယ် ၂ ယောက်ဟာ စစ်ဆေးရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထိုင်း အမျိုးသား လူ့အခွင့်အရေးကောင်မရှင်အဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။
. ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိသျှတိုးရစ် ၂ ယောက် သေဆုံးမှုနဲ့ ပက်သက်လို့ ဖမ်းဆီး ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ ဥပဒေ အထောက်အကူပြုအဖွဲ့တို့နဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တွေ့ဆုံပြီးနောက် ကော်မရှင်အဖွဲ့ဝင်က မီဒီယာတွေကို အခုလို ပြောလိုက်တာပါ။ .
သက်သေတွေနဲ့ မျက်မြင်တွေရဲ့ ပြောပြချက်ကို သုံးသပ်ပြီး ဒီလို ကောက်ချက်ဆွဲ နိုင်တာလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
. ကော်မရှင်အဖွဲ့ဝင် နီရန် ပီတက်ဝပ်ချာရာက ကနဦး စုံစမ်းမှုတွေအရ မြန်မာလူငယ် ၂ ယောက်ရဲ့ ပြောပြချက်အတိုင်းပဲ စစ်ဆေးရေးကာလအတွင်း ညှဉ်ပန်းနှိပ်စက်ခံရ၊ ခြိမ်းခြောက်ခံရတယ်ဆိုတာ မှန်ကန်တယ်လို့ ပြောပါတယ်။ .
ဒီအချက်တွေကို အမျိုးသားရဲတပ်ဖွဲ့ရုံးကို အစီရင်ခံစာပို့တဲ့အခါ ထည့်သွင်းမယ်လို့ ပြောပါတယ်။
. ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကို ပင်မမီဒီယာတွေနဲ့ လူမှုမီဒီယာတွေက ဝေဖန်နေကြပြီး မြန်မာအလုပ်သမား ၂ ယောက်ဟာ မဆီမဆိုင် ဓားစားခံဘ၀ ရောက်ရတယ်လို့ ယုံကြည်နေကြပါတယ်။ . စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၂ ရက် နေ့မှာ ဘန်ကောက်ကို ရောက်ပြီး ဒီနေ့မှာတော့ သူတို့သားတွေ အဖမ်းခံထားရတဲ့ ကော့စမွီ တရားရုံး အချုပ်ခန်းဆီကို သွားဖို့ ရှိပါတယ်။ .
ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ ဟန်နာ ၀စ်သရိုက် ၂၃ နှစ်နဲ့ ဒေးဗစ်မေလာတို့ရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင် ကမ်းခြေမှာ တွေ့ခဲ့ရတာပါ၊ . သေမှုသေခင်း စစ်ဆေးချက်တွေအရ သေဆုံးသူ ၂ ယောက်ဟာ ခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး ဟန်နာဟာ ဗလက္ကာယ ပြုခံထားရတယ်လို့ ဆိုပါတယ်။ . ဟန်နာဆီမှာ တွေ့ရတဲ့ ဒီအန်အေနဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့ ဒီအန်အေဟာ တူညီတယ်လို့ ရဲအဖွဲ့က ဒီလထဲမှာ ပြောထားပါတယ်။ အခုအထိတော့ စွပ်စွဲခံရတဲ့ လူငယ် ၂ ယောက်စလုံးကို ရုံးတင်အမှုစွဲတဲ့ အဆင့်မရောက်သေးပါဘူး။ . လူငယ်နှစ်ယောက်ကလည်း အမှုကို သူတို့ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ထိုင်းရှေ့နေများ ကောင်စီကို ပြောထားပါတယ်။ . အစောပိုင်းက ၀န်ခံခဲ့တာဟာလည်း အကျပ်ကိုင်ခံရတာကြောင့်လို့ ပြောပြီး တရားမျှတမှု ရဖို့ တောင်းဆိုထားပါတယ်။ . ဘန်ကောက်မှာရောက်နေတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံထားပါတယ်။ .
DVB

0 အကြံပြုခြင်း: