Saturday, October 25, 2014

ကိုပါကြီးအား စစ်တပ်မှ သတ်ဖြတ်မှု အသေးစိတ်ကို ဖေါ်လိုက်ပြီ




ကိုပါကြီး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁ နာရီ ၃၀ တွင် ဒီကေဘီအေ ကလို့ထူးဖေါ ဌာနမှ ကျိုက်မရောသို့ အဆင့်ဆင့် လာရောက်ခဲ့သည်။

လာရောက်ရသည့်အကြောင်းရင်းမှာ ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပနေသော တိုင်းရင်းသားများလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံတော်အဆင့် အပစ်ခေတ်ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းနေသော အစည်းဝေးသို့ အလွတ်တမ်း သတင်းထောက် အနေဖြင့် သတင်းယူရန် ခ၇ီးထွက်ခဲ့ခြင်းဖြစ်သည်။

ကိုပါကြီးအား ခမရ(၂ဝ၈)တပ်ရင်းမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် နယ်/လုံဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ကျိုက်မရော သပြုလှေဆိပ်တွင် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိသည်နှင့် ကျိုက်မရော ကမ်းနား၇ှိ အမှတ်(၂၀၈) တပ်ခွဲ ၃ မှ စခန်းချနေသော ဘုန်းကြီးကျောင်းသို့ ဆွဲဆောင် ခေါ်သွားခဲ့သည်။
ဘုန်းကြီးကျောင်းအောက်တွင် ( ၃) နာ၇ီကြာမျှ လက်ပြန်ကြိုးတုပ်၍ အဆိုပါ ဘုန်းကြီးကျောင်း အောက်ခြေ တိုင်လုံးတွင် သံကြိုးဖြင့် လည်ပင်းမှ တကိုယ်လုံး ၇စ်ပတ်ကာ ချည်နှောင်ထားခဲ့သည်။

အဆိုပါ ည (၇) နှစ်နာ၇ီတွင် နယ်လုံ ၀န်ကြီး၇ုံးမှ အရာ၇ှိ နှင့် အမှတ်(၂၀၈)မှ ဒုတပ်ရင်းမှုး ရောက်လာပြီး စတင် အကြမ်းဖက်၍ စစ်ဆေးသည်။
စတင် စစ်ဆေးချိန်မှာပင် ကိုပါကြီး၏ ပါစပ်အတွင်းသို့ စနက်တံ ဖြုတ်ထားခြင်း ရှိမ၇ှိ မသေခြာသော ၉၀ မမ အမေ၇ိကန်နိုင်ငံထုတ် လက်ပစ်ဗုံးအား အတင်းထိုးသွင်း ငုံခိုင်းထားခဲ့ပြီ ကိုပါကြီးအား ရပ်လျက်အနေထားဖြင့် အနောက်ဘက်မှ အမ် ၂၂ ရိုင်ဖယ်သေနတ်ဖြင့် အကြိမ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ထုရိုက်နေသည်။
ထိုနောက် ပါးစပ်တွင် ငုံထားသော လက်ပစ်ဗုံးအား ပြန်လည်ထုတ်ယူ၍ ကိုပါကြီးအား အေ၇ှ့ဘက်မှနေ၍ အချက်ပေါင်းများစွာ ၀မ်းဗိုက်နှင့် ရင်ဘတ်တို့အား သေနတ်ဒင်ဖြင့် လူမဆန်စွာ ထု၇ိုက်ပြီး ဦးခေါင်းမှာ အတော်ပင် ပူလောင်နေသော ရေပူများလောင်းချခဲ့သည်။

ကိုပါကြီးအား မေးမြန်းစစ်ဆေးမှုများတွင် ၇န်ကုန်သို့ ရောက်၇ှိနေသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ အချို့ မည်သည့်နေရာတွင် လက်နက်တိုက်များ ထာသိုခြင်း လက်နက်များဝှက်ထားခြင်း ထိုနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ စေလွတ်ထားသော ဒေသတွင်း ထောက်လှမ်းရေးမည်သူများဖြစ်ကြောင်း ကို အတင်းဖိစစ်မေးမြန်နေရာ ကိုပါကြီးမှာ မတ်တပ်ပင်မရပ်နိုင်တော့ပဲ စကားပါမပြောနိုင်သည့်အပြင် အရုပ်ကြိုးပြတ်လဲကျခဲ့ရလေသည်။

ထိုနောက် စစ်ဆေးသူ ဗိုလ်ကြီး (စန်းမင်းအောင်) အရာခံဗိုလ် လှဝင်းဦး တို့မှ တပ်ကြပ်ကြီး(၁) ဦး( အမည်မသိ) နှုင့် ၇ဲဘော် သောင်ဌေးလှိုင် တို့အား သံကြိုးခတ်ထားသော တိုင်မှ သံကြိုးဖြုတ်ခိုင်းပြီး ကြည့်ခိုင်းရာ ကိုပါကြီး၏ နောက်ဘက် ကျောရိုး တခုလုံးနီးပါးမှာ နောက်ဘက်မှ သေနတ်ဒင်ဖြင့် အားကုန် ဆောက်နှက် ရိုက်ထားမှုကြောင့် ကြေမွလုနီးပါးဖြစ်ပြီး ကိုပါကြီး အသက်၇ှူနေမှုမှာလဲ အသက်ပြင်းကြီးများ ဖြစ်သည့်အပြင် မူမှန် မဟုတ်တော့ကြောင်း ၇ိပ်စားမိကြပြီး ဗိုလ်ကြီး မင်းစန်းအောင်မှ ၄င်းတို့ ချောဆွဲလာသော အ၀ါရောင် နစ်ဆန်းထရပ်ကားပေါ်သို့ ရဲဘော်များနှင့် ည ၉နာ၇ီတွင် ဆွဲယူ ထိုးတင်ခဲ့သည်။

ထိုနောက် ကျိုက်မရောမြို့ နှင့် ၄ မိုင်မျှလောက်ကွာသော တပ်ရင်း(၂၀၈)၏ မွေးမြူရေ ခြံသို့ေ၇ာက်၇ှိပြီး ကိုပါကြီးမှာ အသက်ပုံမှန် ရှူရှိုက်ခြင်းမဟုတ်ပဲ အားတင်းထွက်ဆိုလာသော စကားသံ သဲသဲကြားရသည်။
ကျုပ်ကို သတ်လိုက်ပါ မခံနိုင်…..ဆိုသော စကား ဗလုံးမထွေးဖြင့် ပြောလေသည်။

ဗိုလ်ကြီးမင်းစန်းအောင်မှ တင်ပြမှုကြောင့် တပ်ရင်းမှုး တပ်ရေးဗိုလ်ကြီးတို့နှင့် ရောက်ရှိလားပြီး ဆေးတပ်သား ဒုတပ်ကြပ် ခင်မောင်သိန်းမှ ဆေး သုံးလုံးထိုးသွင်းလေသည် … အစောင့်ကြပ် ၄ယောက်ဖြင့် ထားခဲ့ပြီး တပ်ဖက်ဆိုင်ရာ အရာရှိများ ပြန်လည်ထွက်သွားခဲ့သည်။
အောက်တို့ဘာလ (၂) တွင် ကိုပါကြီး သတိမ၇တချက် ရတချက်ဖြင့် မျက်လုံးများ လန်နေသည်ဟု သိရသည်။

အောက်တို့ဘာလ ည ၁၁ နာ၇ီတွင် ကိုပါကြီး အဖို့ ၄င်းခံစားရသော ကျောရိုးကျိုးကြေသည့် ဝေဒနာအာ တောက်တင်း မခံနိုင်တော့သည့်အဆုံး အသက်ထွက်ခဲ့သည်ဟုသိရသည်။

အောက်တို့ဘာ ၅ ၇က်နေ့တွင် တပ်၇င်း (၂၀၈) ရော်ဘာခြံ အနောက်ဘက် တွင်၇ှိသော တောအုပ်တွင် ကိုပါကြီးအား မွေးမြူရေး ဆိုင်ရာ ပစ္စည်းများ တင်ဆောင်သော စစ်ထရပ်ကားပေါ်တွင် တင်စေကာ မောင်းနှင့်ခဲ့ပြီး နီးစပ်ရာ သစ်ဝါး အခြောက် အဆွေးမြေ့များဖြင့် ၇ဲဘော် ၆ ဦး အရာခံဗိုလ် ၁ ဦး တပ်ကြပ်ကြီး၁ ဦး တို့မှ ဦးဆောင်၍ မီးရှို့ အလောင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကိုပါကြီးအား မီးရှို့ပြီးနောက်တွင် ကြွင်းကျန်သော အရိုးနှင့် ဦးခေါင်ခွံတို့အား ထပ်မံ မြေမြုပ်ရန် တပ်ရင်းမှူးမှ ညွန်ကြားသဖြင့် အဆိုပါ မီးရှို့သောနေရာနှင့် မလှမ်းမကမ်း ပေ၂၀၀ လောက်မျှ၇ှိသော သစ်ပင်အို အမြစ်ကြားများအတွင်းသို့ ပစ်ထည့်၍ နီးစပ်ရာမှု အမှိုက်နှင့် မြေဆွေများ ပက်ဖုံးကာ အဆုံးသတ်ခဲ့ကြောင်းပါ……….

သို့သော် ကိုပါကြီး၏ သေဆုံးမှုသတင်းအား လက်၇ှိ အစိုးရနှင့် စစ်ဘက်ဆိုင် သုံးပတ်နီးပါးအကြာမျှ အသေးစိတ် တဆင့်ပြီး တဆင့် လိမ်လည်၍ သတင်းထုတ်ပြန်ရန် သဘောတူညီပြီးနောက် ၂၃ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ် နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးဌာန စစ်ဘက်ဆိုင်ရာမှ စတင်သတင်းထုတ်ပြန်ခဲ့ပြီး ယခု လက်၇ှိနေပြီတော် ပြန်ကြားရေးဌာနမှ အောက်တိုဘာ လ ၂၄ ၇က်နေ့ ၂၀၁၄ ခုနှစ် နံနက် ၉ နာရီတွင် ထပ်မံအတည်ပြုကြောင်းနှင့် ကိုပါကြီးမှာ စစ်ဆေးနေစဉ် ထွက်ပြေးရန်ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှ မတော်တဆ သေနတ်ထိမှန်ပြီး သေဆုံးကြောင်း လိမ်လည်၍ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

စာဖတ်သူများအဖို့ ကျနော်၏ လက်လှမ်းမှီသမျှ သတင်းနှင့် သက်ဆိုင်ရာ တပ်ဖက်ဆိုင်ရာတို့ အောက်ခြေအဆင့် တပ်သားအချို့တို့မှလည်း ကိုပါကြီးအား လူမဆန်စွာ ညှင်းပမ်းသတ်ဖြတ်မှုအား မခံရပ်နိုင်ဖြစ်ခဲ့ပြီး အထက်ဖေါ်ပြပါ သတင်းအား တင်ပြပေးရန် ပေးပို့ခဲ့ကြောင်း ဖြစ်ပါသည်။

လက်ရှိ နိုင်ငံတော်တွင် တရားဝင် လက်နက် ကိုင်ဆောင်ထားကြသော မြန်မာ့တပ်မတော်၏ လူမဆန်သော မင်းမဲ့စရိုက်နှင့် တရားဥပဒေစိုးမိုးမှုအား ဆန့်ကျင်သော လူသားဖြစ်တည်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်မှုအများအား အများပြည်သူများအပေါ် ကြူးလွန်ခဲ့ကြောင်းနှင့် မိဘပြည်သူများမှ ထပ်မံ၍ သီးခံ ခွင့်လွှတ်နေပါလျင် တိုင်းပြည်တခုလုံးအား ဖွတ်ဖွတ်ကြေ ထုထောင်း၇ိုက်နက်၍ သေတွင်းပို့လာမည်မှာ မလွဲကြောင်းပါ….

ဂိုလ်ရှယ်လေး

================

Saw Eh Knyaw ....ဒီpost ရေးတဲ့လူကိုမသိဘူး ဒါပေမဲ့သူရေးတာနဲ့ကျွန်တော်သိခဲ့တာတွေက ၈၅% မှန်ကန်ပါတယ် လွှဲသွားတာက လက်ပစ်ဗုံးပါးထဲငုံထားခိုင်းတာနဲနဲလွှဲပါတယ်။

===============

စစ်တပ်ကထုတ်ပြန်ချက်အရလက်နက်လုလို့ပစ်သတ်ပြီးမြှပ်လိုက်တာတော့၁၀၀%မှန်ပါတယ်။

DKBA မှဗိုလ်ကြီးအဆင့်ရှိအောင်နိုင်ဟု တပ်မတော်မှထုတ်ပြန်ချက်အပေါ်
DKBAနှင့်ကိုပါကြီးဇနီးတို့ရဲ့ပြောပြချက်များ ။
================================================
ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော်ရဲ့ မြဝတီဆက်ဆံရေးရုံး အရာရှိ ဗိုလ်ကြီး စိုးမြင့်
ကတော့ သူတို့ဆီမှာ ပြန်ကြားရေးဌာန မရှိတဲ့အကြောင်းနဲ့ ကိုပါကြီးဟာ သူတို့
တပ်ဖွဲ့ဝင် မဟုတ်ဘူးဆိုတာ ငြင်းဆိုပါတယ်။

" ကျနော်တို့ဆီမှာ ပြန်ကြားရေးဌာနဆိုတာ မဖွဲ့စည်းရသေးဘူး။ ကိုပါကြီးဆိုတဲ့
နံမည်၊ ကိုအောင်နိုင်ဆိုတဲ့နံမည်က ကျနော်တို့ဆီမှာလည်း မရှိဘူး။ အရာရှိရဲ့
စာရင်း ကျနော်တို့ဆီမှာလည်း မရှိဘူး။ ကျနော်တို့ဆီမှာ သတင်းလာယူတယ်။
မှတ်တမ်းလာယူတယ်။ သတင်းသမား၊ သတင်းထောက်တစ်ယောက်ပေါ့။
သတင်းနဲ့ပတ်သက်တဲ့ အချက်အလက်ကိုပဲ ယူဆောင်ခြင်း ဖြစ်တယ်ပေါ့နော်။
ဘာဖြစ်လို့လဲဆိုတော့ ကိုပါကြီးကို စစ်သားလုပ်ဖို့အတွက် ဒီနေ့အထိ တခါမှ
မပြောဖူးပါဘူး။"

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဇနီးဖြစ်သူက ကိုပါကြီး ပျောက်ဆုံးနေမူ စစ်တပ်က ဖမ်းဆီး
ထားမှုတွေ အတွက် ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှာ သတင်းစာ
ရှင်းလင်းပွဲလုပ်ခဲ့တာပါ။ အောက်တိုဘာလ ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ မွန်ပြည်နယ်
အခြေစိုက် ခလရ ၂၀၈ ကို သွားရောက် စုံစမ်းခဲ့တဲ့အခါ ဖမ်းဆီးတာကို အတည်ပြု
ပေမဲ့ မိသားစုနဲ့ တွေခွင့်မပေးဘူးလို့ ဇနီးဖြစ်သူက ဆိုပါတယ် ။

အခုလိုမျိုး သေဆုံးသွားပြီ ဆိုတာ သတင်း အတည်ပြုလိုက်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသူဟောင်းဖြစ်တဲ့ ဇနီးဖြစ်သူ မသန္တာက အခုလိုပြောပါတယ်။

"အရင်တုန်းကတော့ ကျမက မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ကျမ တရားစွဲတယ်။
အခုကတော့ ကျမ လူသတ်မှုနဲ့ပါ တရားစွဲမယ်။ ကျမကတော့ အလောင်းပြန်တောင်း
မယ်။ ဒဏ်ရာ ဒဏ်ချက် ဘယ်လောက်ရှိလဲ ဘာလဲ ကျမ စစ်ချင်တယ်။ တကယ်လို့
သူတို့က မရှိဘူး မီးသဂြိုလ်လိုက်ပြီ ဆိုရင်လည်း ကျမကို လိမ်ရင်လည်း ရတယ်။
ဒဏ်ရာ ဒဏ်ချက်မရှိလည်း ဖမ်းသွားတယ်။ သူတို့လက်ထဲမှာ သေတယ်ဆိုလည်း
ဒါက ကျမ အစကတည်းက ပြောပြီးသားပဲ။ ဘယ်လိုပုံစံမျိုးပဲ ရရ၊ ရှင်လျက်ရရ၊ အ
သက်ရှင်လျက် ကျိုးကန်းနေလည်း ကျမ စွဲဦးမှာပဲ တရားက။ အခုသေတယ်ဆိုတော့
ကျမကတော့ တရားစွဲမှာပဲ။

တပ်မတော်က စာနယ်ဇင်းကောင်စီကိုပေးပို့ထားတဲ သတင်းထုတ်ပြန်ချက်မှာတော့
ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးရဲ့ အလောင်းကို မွန်ပြည်နယ်ရွေဝါချောင် နဲ့ ကီလိ
မီတာ ၈၀၀လောက် အကွာမှာမြေမြုပ် သဂြိုလ်ပြိးစီးခဲ့ကြောင်း ကို ရေးသားထားပြီး
ထိုင်းစစ်ဌာနချုပ်အနေနဲ့ ဇနီးဖြစ်သူကို အသိပေးပြောကြား သွားမှာဖြစ်ကြောင်း နဲ့
လိုအပ်တဲ့ ကူညီထောက်ပံ့မူတွေပေး သွား မှာဖြစ်ကြောင်းတွေ ကိုရေးသားထား
ပါတယ်။

ကိုအောင်ကျော်နိုင် (ခ) ကိုပါကြိးဟာ ၁၉၈၈ခုနှစ်က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က
ဖွဲစည်းခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေထဲက တဦးဖြစ်ပြီး သုံးရောင်ခြယ်အဖွဲ့မှာ
လည်း ပါဝင်သူဖြစ်ပါတယ်။ သူဟာ ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ထိုင်းမြန်မာ
နယ်စပ်ကို သမီးဖြစ်သူနဲ့ တိမ်းရှောင်လာခဲ့တာပါ။

နောက်ပိုင်းမှာတော့ အလွတ်သတင်းထောက် အောင်ကြီးနံမည်နဲ့ နယ်စပ်က
သတင်းဓါတ်ပုံများ ရိုက်ကူးပြီး ပြည်တွင်းသတင်း ဂျာနယ်တွေကို ပို့နေသူ တဦး
ဖြစ်ကြောင်း မိသားစုကပြောပါတယ်။ သတင်းသမားတွေကို အကာအကွယ်ပေး
နေတဲ့ ကော်မတီဖြစ်တဲ့ CPJ ကတော့ အောက်တိုဘာလ ၂၂ရက်နေ့ နေစွဲနဲ့
ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးကို ပြန်လွှတ်ပေးဖို့ မြန်မာ အစိုးရကို တောင်းဆို
ထားခဲ့ဘူးပါတယ်။

မအေးအေးမာ
ဗွီအိုအေ (မြန်မာပိုင်း)

ညဉ်းပမ်းနှိပ်စက်ပြီး လက်လွန်သွားခဲ့တာကို ထွက်ပြေးလို့  ပစ်ခတ်ရတာကြောင့် သေဆုံးပြီဆိုတဲ့ သတင်းကို လုပ်ကြံထုတ်ပြန်တာလား၊ သေဆုံးပြီဆိုတဲ့ သတင်းကို ဖန်တီးထုတ်ပြီးမှ လက်စဖြောင်ဖို့  လုပ်နေတာလား၊
.
အလွတ်သတင်းထောက် ကိုပါကြီးကို ဖမ်းဆီးတာက စက်တင်ဘာလထဲမှာ။ ကိုပါကြီး ပျောက်ဆုံးနေတယ်ဆိုပြီး သတင်းစထွက်လာတာတွေ၊ ဇနီးဖြစ်သူ မသန္တာကနေ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်တာတွေ၊ သတင်းစာရှင်းလင်းပွဲ လုပ်တာက အောက်တိုဘာလလယ်နောက်ပိုင်းနဲ့  (၂၁) ရက်နေ့ ကြမှ။ ဒါတွေ ဖြစ်ပေါ်လာပြီး လူသိရှင်ကြားဖြစ်လာပြီးမှ ကမန်းကတန်း ချက်ချင်း မနေ့ က အောက်တိုဘာလ ၂၃ ရက်နေ့ ကမှ သတင်းထွက်လာတာက စစ်တပ်က ထိမ်းသိမ်းထားစဉ်မှာ အပေါ့သွားရန် အကြောင်းပြချက်နဲ့  ကင်းစောင့်စစ်သားထံကနေ သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရတာကြောင့် သေနတ်ဒဏ်ရာနဲ့  အသေဖမ်းဆီးရမိတယ်ဆိုပြီး သတင်းထွက်လာတယ်။
.
ဒီလို ပျောက်ဆုံးနေမှု သတင်းစတင်ထွက်လာပြီး၊ လူပျောက်တိုင်ချက်ဖွင့်ပြီး၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးမှ ထိန်းသိမ်းထားစဉ် ထွက်ပြေးလို့  ပစ်သတ်လိုက်ရပါတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခြင်းဟာ မှန်ကန်မှုရှိနိုင်ခြေ နည်းပါတယ်။ ဒီသတင်းအပေါ် ယုံကြည်မှု မရှိပါဖူး။
.
ဒီသတင်းဟာလည်း တိကျသေချာပြည့်စုံမှု မရှိပါဖူး။ တာဝန်ခံပြီး သတင်းပြောကြားတဲ့ စစ်တပ်က ဘယ်သူဘယ်ဝါဆိုပြီး တာဝန်ရှိသူရဲ့  အမည်လည်း မဖော်ပြထားပါဖူး။
.
သတင်းထဲမှာ ကိုပါကြီးကို KKO စောဆန်းအောင်အဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့် အောင်နိုင်အဖြစ် စစ်ဆေးတွေ့ ရှိရတယ်လို့  ပြောဆိုချက်ဟာလည်း မှန် မမှန်ကို သက်ဆိုင်ရာ အဖွဲ့ အစည်းတွေက ထုတ်ပြန်ပြောဆိုဖို့ ကိုလည်း တိုက်တွန်းပါတယ်။
.
ကိုပါကြီးရဲ့  အလောင်းကို ကျိုက်မရောမြို့ နယ်၊ ရွှေဝါချောင်းကျေးရွာရဲ့  တောင်ဘက်မီတာ ၈၀၀ အကွာမှာ မြေမြုပ်သင်္ဂြလ်ခဲ့တယ်လို့  သတင်းထုတ်ဖော်မှုအရ ပြောတယ်ဆိုရင် အမှတ် (၂၀၈) ခြေမြန်တပ်ရင်းက တပ်ရင်းမှူးကိုယ်တိုင် ဒီသတင်းကိစ္စကို တိုင်းသိပြည်သိဖြစ်အောင် ရှင်းပါ။ မြုပ်နှံထားခဲ့တယ်ဆိုတဲ့ နေရာက အလောင်းကို ပြန်လည်တူးဖော်ပြီး ကျွမ်းကျင်သော သီးခြားလွတ်လပ်သည့် မှုခင်းဆရာဝန်များနဲ့  စစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းဟုတ် မဟုတ်ကို တိကျတဲ့ DNA စစ်ဆေးချက်ကို သီးသန့် လွတ်လပ်သော ကျွမ်းကျင်သူများနဲ့  စစ်ဆေးခွင့်ပြုပါ။ ထုတ်ဖော်တဲ့ ဒီသတင်းအရ ကိုပါကြီးကို စတင်ဖမ်းဆီးခဲ့တဲ့ ထိန်းသိမ်းစစ်ဆေးခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဒေသတွေကို သွားရောက်စစ်ဆေးခွင့်ကို လူ့ အခွင့်အရေးကော်မရှင်တစ်ရပ်ဖွဲ့ ပြီး စုံစမ်းစစ်ဆေးခွင့်ပြုပါ။ ကိုပါကြီးရဲ့  အလောင်းကို ပြန်လည်တူးဖော်ပြီး ဇနီးဖြစ်သူကိုယ်တိုင် မြင်တွေ့ နိုင်ဖို့  အမြန်ဆုံးစီစဉ်ပေးပါ။
.
ဒီအချက်အလက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့  အမြန်ဆုံး မတုန့် မဆိုင်းဘဲ ဆောင်ရွက်ပေးမှသာလျှင် ကိုပါကြီးဟာ ထိန်းသိမ်းဖမ်းဆီးခံထားရစဉ် ညဉ်းပမ်းနှိပ်စက်မှုကြောင့် လက်လွန်သေဆုံးခဲ့ရခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန်ကြိုးစားခြင်း ဟုတ် မဟုတ်၊ ထွက်ပြေးရန် ကြိုးစားမှုကြောင့် ပစ်ခတ်သတ်ဖြတ်ရခြင်း ဟုတ် မဟုတ်၊ အလောင်းအား မြေမြုပ်သင်္ဂြုလ်ခဲ့ခြင်း ဟုတ် မဟုတ်နဲ့  ကိုပါကြီး သေဆုံးသည်ဆိုသည့် သတင်းမှန် မမှန်ကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
.
ဒီတောင်းဆိုချက်တွေကို တာဝန်ရှိသူတွေအနေနဲ့  မလုပ်ဆောင်ပေးဖူးဆိုရင် မလိုလားအပ်တဲ့ အခြေအနေတွေနဲ့  တုန့် ပြန်မှုတွေ ပေါ်ပေါက်လာနိုင်ပြီး၊ လက်ရှိ သိန်းစိန်တို့  မင်းအောင်လှိုင်တို့  အုပ်ချူပ်မှုအပိုင်းကို ထိခိုက်စေနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာမယ်ဆိုတာ အသိပေးလိုက်ပါတယ်။
.
မတရားခံရသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အမှုကိစ္စနဲ့ ပတ်သက်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့  အမှန်တရားကို ချစ်မြတ်တန်ဖိုးထားကြသူများ အားလုံးကို မေတ္တာရပ်ခံလိုပါတယ်။
.
ပထမဦးဆုံး လှုပ်ရှားမှုအနေနဲ့  တနင်္ဂနွေနေ့ ညနေ (၄) နာရီမှာ ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ ကိုပါကြီး ကိစ္စအတွက် အားလုံးကို ရင်တွင်းက ဆန္ဒတွေဖော်ထုတ်ပေးဖို့  ဖိတ်ခေါ်လိုက်ပါတယ်။
.
ကိုပါကြီးအတွက် ဖြစ်ရပ်မှန်ကို ၀ိုင်းဝန်းဖော်ထုတ်ပေးကြပါ။
.
ကိုပါကြီးအတွက် မတရားမှုကို ဆန့် ကျင်ပေးကြပါ။

Nik Nayman


ကျွန်မ အာဃာတ ကြောင့်မဟုတ်ဘဲ စနစ်ဆိုးအောက်က စစ်အာဏာရှင် စစ်ဘီလူးတွေကို ကျွန်မ ရဲ့ရှိလောက်တဲ့ စွမ်းအားအကုန်နဲ့ ရင်ဆိုင်မယ်။ ကျွန်မ တို့သားအမိလို နောက်လူတွေမခံစားရအောင် သွေးဆာနေသူတွေကြောင့် ကျွန်မ လို တိုင်းရင်းသူ မြန်မာနိုင်ငံသူအားလုံး မုဆိုးမ မဖြစ်အောင် ကျွန်မ ကို အမှန်တရားအတွက် ကူညီပေးကြပါ။

မသန္တာ

0 အကြံပြုခြင်း: