Friday, October 17, 2014

လိပ်ကျွန်းလူသတ်မှုအတွက် ဗြိတိန်နိုင်ငံသားများဆန္ဒပြရာတွင် မြန်မာများ ပူးပေါင်းပါဝင်မည်

Byထွန်းခိုင်
 Friday, October 17, 2014.
7daydaily
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ လန်ဒန်မြို့ဒေါင်းနင်း လမ်း၌   ဗြိတိန်နိုင်ငံသားများ၏ ဆန္ဒပြပွဲတွင် လန်ဒန်ရောက်မြန် မာများလည်း ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

ဗြိတိန်နိုင်ငံသားနှစ်ဦး ထိုင်း နိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းတွင်အသတ်ခံခဲ့ရ ခြင်းနှင့်ပတ်သက်၍ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ် ရန် ဗြိတိန်နိုင်ငံသားဆန္ဒပြသူများ က ၎င်းတို့၏အစိုးရကိုတောင်းဆို ဆန္ဒပြရန်စီစဉ်နေခြင်းဖြစ်သည်။

‘‘လန်ဒန်က အင်္ဂလိပ်တွေ ချည်းပဲ ၁၀၀ လောက်ပါမယ်။ ဒီဆန္ဒပြပွဲမှာ မြန်မာအသိုင်းအဝိုင်းလည်းသွားပူးပေါင်းဖို့ရှိတယ်’’ဟု ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဦးအောင်ကျော်ကျော်ကပြောသည်။

ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ် သည် နိုင်ငံတကာ၏ဖိအားပေး ဆန္ဒထုတ်ဖော်မှုကို ဆက်တိုက်ခံ နေရသည်။

  ထိုင်းဝန်ကြီးချုပ်သည် လက်ရှိအချိန်တွင် (၁၀)ကြိမ် မြောက်အာရှ-ဥရောပထိပ်သီး အစည်းအဝေးတက်ရောက်ရန် အီတလီနိုင်ငံ မီလန်မြို့သို့ရောက် ရှိနေပြီး ၎င်း၏မီလန်ခရီးစဉ်တွင် အဝေးရောက်   ထိုင်းနိုင်ငံသား များက ခိုတောင်ကျွန်းလူသတ်မှု အပေါ် ထိုင်းရဲများကိုင်တွယ်ဖြေရှင်းပုံနှင့်  စစ်အာဏာသိမ်းမှုများကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

0 အကြံပြုခြင်း: