Monday, October 13, 2014

ကြိုတင်သက်သေထွက်ချက်ယူခြင်းကိုမနက်ဖန် ကော့စမွီတရားရုံးမှာပြုလုပ်မယ်



Tin Tin Cho‎

မနက်ဖန် ၁၄.၁၀.၂၀၁၄ နေ့ မနက် ၈နာရီခွဲမှာ ကော့တောင်(လိပ်ကျွန်)လူသတ်မှုအတွက် ကြိုတင်သက်သေထွက်ချက်ယူခြင်းကို ကော့စမွီတရားရုံးမှာပြုလုပ်ပါမယ်။ ဒီအမှုကို တရားလိုအဖြစ်စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့က တရားလိုပြသက်သေအဖြစ် မြန်မာအလုပ်သမား(၃)ဦးတင်ပြမှာဖြစ်ပြီး၊ ဒီအလုပ်သမား(၃)ဦးဟာ အမှုမှာအရေးကြီးတဲ့သက်သေတွေဖြစ်ကြသလို ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြတဲ့အတွက် သက်သေထွက်ချက်မပေးခင်မှာ အခြယးနေရာကိုရွှေ့ပြောင်းသွားမှာစိုးရိမ်လို့ အခုလို အမှုစွဲချက်မတင်ခင် တရားရုံးမှာ ကြိုတင်သက်သေထွက်ချက်ယူတယ်ရခြင်းဖြစ်ကြောင်း အစိုးရဥပဒေအရာရှိက အကြောင်းပြပါတယ်။
အစိုးရသက်သေအဖြစ် ၁။ နိုင်မောင် (ခ) မောင်မောင် ၂။ အောင်လင်းဇော် (ခ) လင်းလင်း ၃။ မောင်နီနီအောင် လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် မနက်ဖန်မနက် ၁၀နာရီမှာ ကော့စမွီတရားရုံးမှာ စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့၊ အစိုးရသက်သေ(၃)ဦး၊ အစွပ်စွဲခံ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း ၊ အစွပ်စွဲခံဘက်မှလိုက်ပါဆောင်ရွက်ပေးမယ့်ထိုင်းရှေ့နေနဲ့ ထိုင်းရှေ့နေများကောင်စီမှရှေ့နေတို့က တရားရုံးမှာ ရှိကြပါမယ်။ ဒီကြိုတင်သက်သေထွက်ချက်ပေးခြင်းတို့ကို မည်သူမဆို တရားရုံးသို့လာရောက်နားထောင်နိုင်ပါတယ်။ MWRN/ HRDF/ CrCF အဖွဲ့များနဲ့အတူ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ကလည်း အောက်တိုဘာ၁၀ရက်နေ့ကတည်းက ကော့စမွီကျွန်းကိုသွားရောက်ပြီး ဒီအမှုအတွက် လိုအပ်သည်များကိုလိုက်ပါဆောင်ရွက်ပေးနေပါတယ်။

0 အကြံပြုခြင်း: