Monday, October 13, 2014

လက်ထိပ်ခတ်ပြီး အမျိုးသမီး ကိုရိုက်တာရဲကျင့်ဝတ်တဲ့လား။



Mya Khwar Nyo
ဘာကြောင့် ပုဒ်မ ၄၃၆ ကိုပြင်သင့်သလဲ

မြိတ်မြို့မှာ 26.6.2014 ရက်နေ့က တရားရုံးရှေ့ တွင်ဖြစ်သွားတဲ့ မတရားမှု ။
ဖြစ်ပုံကတော့ဒီလိုပါ။ တရားရုံးအရှေ့မှာ တရားခံလို့ သတ်မှတ်ခံရခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ဦးကို ရဲတွေက အတင်းအဓမ္မ ဖမ်းပြီးရိုက်သတဲ။့ ဒီလိုရိုက်ခွင့်ရှိလား လက်ထိပ်ခတ်ပြီး အမျိုးသမီး ကိုရိုက်တာရဲကျင့်ဝတ်တဲ့လား။ ဒီအမျိုးသမီးက (၄၂၀) ကို
ကျူးလွန်သူတဲ့ ဒီအမှုကက လူသတ်မှုဓါးပြမှုမို့လို့အခုလိုလူရှေ့သူရှေ့ ရိုက်ကြတာလား။ ဥပဒေက တရားဝင်ရိုက်ခွင့်ပေးထားတာလား။ ရိုက်တဲ့သူထဲမှာ ရဲမဟုတ်တဲ့ အမျိုးသမီးတစ်ဦးတောင်ပါသေးတယ်လို့သိရတယ်။
ရိုက်တဲ့ရဲက ဒုရဲအုပ် ကျော်ဝင်း တဲ့။အမျိုးသမီးရဲမေတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မေသန်းကိုမေးတော့ အထက်အမိန့်အရ လုပ်ရတာတဲ့။
့တရားရုံးအချုပ်ခန်းထဲရောက်တော့မှ အချုပ်တံခါးပိတ်ပြီးဝိုင်းရိုက်ကြတာ အရိုက်ခံရတဲ့
ဒေါ်ဝင်းဝင်းသန်း ခမျာ လက်တွေအရိုးအက်ပြီး ဆေးရုံသွားပြတော့လည်း ရဲအမှုမို့ လက်မခံရဲဘူးတဲ့။ဒီကြားထဲ ခရိုင်ဥပဒေရုံးက တယောက်ကလည်းဒီအမှုကိုတိုင်ရင် အမှုပိုကြီးမယ်လို့ခြိမ်းခြောက်သတဲ့
တာဝန်ရှိတဲ့ သူတွေကိုယ်တိုင်က တရားဥပဒေ ကိုချိုးဖေါက်နေတဲ့အဖြစ် ။
အခုလို တရားဥပဒေရဲ့အထက်မှာတစုံတယောက်ရှိနေတဲ့အဖြစ်
ဥပဒေကိုလက်တလုံးခြားလှည့်စားခံနေရတဲ့အဖြစ်တွေနောက်ထပ်မဖြစ်ရဖို့ ပုဒ်မ ၄၃၆ ကိုပြင်ကြပါစို့။

0 အကြံပြုခြင်း: