Sunday, October 19, 2014

အလွတ်သတင်းထောက်ကိုပါကြီးဇနီးဖြစ်သူရဲစခန်းမှာ လူပျောက်တိုင်



အလွတ်သတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးနှင့် ပတ်သက်၍ ဇနီးဖြစ်သူ မသန္တာက ယခုလို တိုင်ချက်ဖွင့်ပြီ။

ကိုပါကြီး ပျောက်ဆုံးမှုနဲ့ပါတ်သက်ပြီး မွန် ကရင်သတင်းထောက်တွေကို နယ်လုံဝန်ကြီးကိုယ်တိုင် ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်အောင် ခေါ်သွားတယ်ဆိုတဲ့ ပြောစကားအရ ကျမ ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်းအောင်ကို ကျမကိုယ်တိုင် သွားရောက်မေးမြန်းတော့ ဖမ်းစဉ်က သူကိုယ်တိုင်ပါပေမယ့် ခုမသိပါလို့ ဥပဒေမဲ့ ဆိုပါတယ်။ နယ်လုံဝန်ကြီးကို ဖုန်းဆက်မေးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသာ မေးလို့ ဘောလီဘောပုတ်ပြန်ပါတယ်။ ကျမကတော့ ကျိုက်မရော ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူများကို တရားလိုပြုပြီး ထပ်ဆင့်အမှုဖွင့်သွားပါမယ်လို့  ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့  ဇနီးဖြစ်သူ မသန္တာက ဆိုပါတယ်။ မသန္တာဟာ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ ကွယ်လွန်ခါနီးအချိန်ကျမှ အကျဉ်းထောင်အတွင်းကနေ လွတ်မြောက်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူက ယခုလို စစ်တပ်ကနေ မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြန်ပါတယ်။

0 အကြံပြုခြင်း: