Saturday, October 4, 2014

"လူမှုထူးချွန်ဆရာ" ဆု ဆရာဦးသန်းလှိုင်ရရှိ



Tomorrow

“ ကြည်နူးဝမ်းမြောက်ဖွယ် မင်္ဂလာသတင်း”

လွန်ခဲ့သော ရက်ပိုင်းအတွင်း facebook ပေါ်တွင် ချောင်းဦးမြို့နယ် ဆူးလေကုန်းအုပ်စု၊ ဆူလေးကုန်းကျေးရွာမှ ဆရာဦးသန်းလှိုင် ၏ ဂုဏ်ပြုနှုတ်ဆက်ပွဲမှ ဓာတ်ပုံများ လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာထိုသတင်းဓာတ်ပုံများကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက သိရှိသွားခဲ့ကြပါသည် ။

သို့အတွက် ဆရာဦးသန်းလှိုင် အား ၎င်း၏ ဆရာနှင့် တပည့် ကြားက ကျေးဇူးတရား နှင့် စေတနာ မေတ္တာတရား ၊ ကျေးရွာလူထုနှင့် ဆရာကြားက သံယောဇဉ် တရား ၊ ဆရာ့၏ ကျေးရွာပညာရေး လူမှုရေးလုပ်ဆောင် ချက်များအား ဂုဏ်ပြုသောအားဖြင့် ယခုနှစ်အတွက် ' လူမှုထူးချွန် ဆရာ ' ဆု အတွက် ရွေးချယ်လိုက်ပါသည် ။

ထို "လူမှုထူးချွန်ဆရာ" ဆုမှာ တစ်နိုင်ငံလုံးရှိ ဆရာဆရာမများထဲမှ (၂) ဦးကိုသာ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ၅ .၁၀ . ၂၀၁၄ ရက်နေ့ နေပြည်တော် MICC ခန်းမတွင် နိုင် ငံတော်အဆင့်ဖြင့်ကျင်းပမည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ထိုဆုကို ပေးအပ်ချီးမြှင့်ပါမည်။

ယခုအခါ ဆရာဦးသန်းလှိုင်သည် ထိုဆုကို လက်ခံရယူရန် နေပြည်တော်သို့ ရောက် ရှိနေပြီဖြစ်ပါသည် ။

Photo : Aung Zaw Myint. U Saw Tun

0 အကြံပြုခြင်း: