Saturday, October 25, 2014

ကိုပါကြီးကို ကိုယ်ချင်းစာမိတဲ့ သန်.ဇော်(သံလျင်)




=======================================
ကျနော်အဖမ်းခံရစဉ် အောင်သပြေစစ်ကြောရေးစခန်းမှာ ထောက်လှမ်းရေးတွေ
က သူတို့ဖြစ်စေချင်တဲ့မမှန်မကန် ကိစ္စတွေကို ဝန်ခံဘို့ရက်ရက်စက်စက် မညှာ
မတာညှင်းပန်းနှိပ်စက်ကြပါတယ်။ မကျူးလွန်မှန်းသိရက်နဲ့ အတင်းအကျပ်
ဝန်ခံခိုင်းပါတယ် ကျနော်ကလည်းအမှန်အတိုင်း ဒီကိစ္စကို မကျူးလွန်ပါဘဲနဲ့
သေရင်သေပလေ့စေဆိုပြီး ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်ညှင်းပမ်းမှုကို
ကြိတ်မှိတ်ခံနေရပါတယ် ။
သူတို့ကလည်းနည်းမျိုးစုံသုံးပြီးနှိပ်စက်ပါတယ် ။ထောက်လှမ်းရေးတချို့က ကျနော့
ကို ထွက်ပြေးဘို့ပြောပါတယ် ကျနော်သာထွက်ပြေးခဲ့ရင် ကျနော့ကိုပြေးလို့ဆိုပြီး
ပစ်သတ်လိုက်မယ် ပြီးရင် ဗုံးခွဲမှုဟာ ကျနော်ခွဲပါတယ်ဆိုပြီး န ဝ တ စစ်အစိုးရက
သတင်းထုတ်မယ်ပေါ့ ဒါတွေဟာ ကလေးကစားကွက်တွေဆိုတာသိလို့ သူတို့
စကားကိုနားမထောင်ခဲ့ပါဘူး။
ကျနော့ကိုတော့ တိုးမြင့်ပြီးနှိပ်စက်ပါတော့တယ် ဝန်မခံမချင်း အတင်းရိုက်နှက်ပါ
တော့တယ် အဆိုးဆုံးကတော့ ကျနော့ခေါင်းကို အဆက်မပြတ်ရိုက်တာပါဘဲ။
ကျနော်ကတော်ရုံနဲ့မသေတော့ ဦးနှောက်ပျက်သွားအောင် လုပ်တာဘဲဖြစ်ပါ
တယ် ။ ဒါကိုသိလာတော့ နောက်ဆုံးမှာ အမှုတွဲတွေက မခံနိုင်တော့ဘဲ မလုပ်ဘဲ
နဲ့ လုပ်တယ်ဆိုပြီး ဝန်ခံလိုက်ပါတယ်။
အဲဒီတော့ တစ်ယောက်ထဲကျန်တဲ့ ကျနော့ကိုပိုပြီး ဖိပါတော့တယ် နောက်ဆုံး
မှာတော့ အကြံရတာနဲ့ လုပ်ပါတယ်ပြောပြီး မဟုတ်တရုတ် လုပ်ဇာတ်ကြီကို
အဓိပ္ပါယ်မဲ့စွာပြောလိုက်ပါတော့တယ် ။ ကျနော်သာသေသွားခဲ့ရင် ဦးနှောက်ပျက်
သွားခဲ့ရင် အခုလိုပြောနိုင်မှာမဟုတ်ပါဘူး ထောင်ထဲမှာ ၂၃ နှစ်တော့ စစ်အစိုးရ
လက်ထက်မှာနေလိုက်ရပါတယ်။ ခုကျနော် အဲဒီအကြောင်းတွေကို ရေးသား
ဖော်ထုတ်လို့ရနေပါပြီ ။ နောင်များမှ ဆက်ရေးပါအုံးမယ် ။
( ကိုပါကြီးကို အလေးပြုပါတယ် )
သန့်ဇော် (သန်လျင် )

0 အကြံပြုခြင်း: