Friday, October 17, 2014

အသက်(၂၀) အောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရ


အနိုင်ဂိုးသွင်းယူပေးသွားတဲ့ မြန်မာ တိုက်စစ်မူး သန်းပိုင်


7Day News Journal

အာရှ ယူ−၁၉ ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာ ယူ−၁၉ အသင်းက
UAE ယူ−၁၉ အသင်းအား အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအတွင်းသို့ ဆင်းကာ ဘောလုံးသမားများနှင့်အတူ အောင်ပွဲခံနေသော ပရိသတ်များကို တွေ့ရစဉ်။ ယခုနိုင်ပွဲကြောင့် ၂၀၁၅ နယူးဇီလန်၌ ကျင်းပမည့် အသက်(၂၀) အောက် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရပြီဖြစ်သည်။ ယူ−၂၀ ကမ္ဘာ့ဖလားမှာ အိမ်ရှင်အပါအ၀င် ကမ္ဘာတစ်ဝန်းမှ ခြေစစ်ပွဲအောင် အသင်း (၂၄) သင်းသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။
−−−−−
ဓာတ်ပုံ− ငြိမ်းချမ်း

ဥဇဘက်ကစ်စတန်က ထိုင်းကို ၂ -၀ နဲ့နိုင်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် AFC U-19 Championship Myanmar 2014 ပြိုင်ပွဲတွင် Myanmar U-19 အသင်းနှင့် United Arab Emirates (UAE) U-19 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်းပွဲစပြီး (၈)မိနစ်အကြာတွင် မြန်မာအသင်းမှ ဦးဆောင်ဂိုး သွင်းယူပုံ

video

0 အကြံပြုခြင်း: