Sunday, October 19, 2014

ဘန်ကောက်ပို့စ်ကတော့ ပရာယု က သဘောတူတယ်ဆိုတဲ့ မနက်က သတင်းကို ပြန်ဖြုတ်လိုက်ပြီ



လင်းယုန် မာန်·
ရဲတွေပြောဘူးတဲ့ early risers စောစောထသူတွေကတော့ ကော့တောင်က ကမ်းခြေ သန့်ရှင်းရေးတွေကို ပြောတာများလား???
လပြည့်ည ပါတီပြီးရင် အမှိုက်တွေ ကျန်ခဲ့မှာပေါ့။ ကျန်ခဲ့တဲ့ အမှိုက်တွေကိုလည်း မနက်မိုးမလင်းခင် ဧည့်သည်တွေ မနိုးခင် မြန်မြန်သန့်ရှင်း ရေးလုပ်ကြရတယ်။
တချို့ ဧည့်သည်တွေက မနက်ပိုင်း လေကို ရှူရင်း လေ့ကျင့်ခန်းလုပ်တတ်တော့ သူတို့ မနိုးခင် သန့်ရှင်းရေးဆိုတာ လုပ်ရတယ်။ အဲ့တော့ သန့်ရှင်းရေးလုပ်တဲ့သူဟာ အနည်းဆုံး ၃နာရီခွဲလောက် စလုပ်ရမယ်ထင်တယ်။ ဒါဆို အမှု ဖြစ်တဲ့ နေရာမှာ လည်း လူသတ်သမားတွေက စတင်ထွက်ခွာ လောက်တဲ့ အချိန်ပဲ။
ဘန်ကောက်ပို့စ်မှာလည်း ဘာလို့ ရေးတေးတေးလေး စက်တင်ဘာ ၂၇ ရက် မနက်စောစော နိုးသူတွေကို ရှာရမယ်လို့ ဘာလို့ရေးထားတာလဲ?? သူတို့ ဘာတွေကို တွေ့လို့လဲ?????

မနေ့ကကော ဒီနေ့ကော သတင်းတွေမှာ တချိန်လုံးဇောင်းပေးပြောနေတာ
အင်္ဂလန်ရဲဘက် က စစ်မှာ (၂) ခုပဲ

၁)သံသယရှိသူ ၂ ယောက် ( မြန်မာ ၂ ယောက်) ရဲ့ DNA ကို စစ်ဘို့ နဲ့
၂) နှိပ်စက်လို့ ၀န်ခံတာဟုတ်မဟုတ်

ကဲကဲ ဦးနှောက်တွေ အလုပ်ပေးကြရအောင်။
ဟို၂ ယောက်က မူးမူးနဲ့ ၀င်ပါခဲ့ရင် (သို့) ချောက်ချခံရရင် သူတို့ DNA ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဆိုတော့ ကျန်တဲ့သူ ဘယ်သူပါပါမပါပါ အင်္ဂလိပ် ရဲ တွေနဲ့ မဆိုင်ဘူးဆိုတဲ့ သဘော။
နှိပ်စက်တာ ဟုတ်မဟုတ်ဆိုတာကလည်း မြန်မာ ၂ယောက်ကို နည်းနည်းလေး ဖိအားတခုခုပေးတာနဲ့ ဟုတ်ကဲ့ ကျနော်တို့ လိမ်ညာမိပါတယ်လို့ အချိန်မရွေး ပြောနိုင်တယ်။

ကျနော်တို့ အင်္ဂလန် ကို ၁၀၀% ယုံနိုင်တာ မယုံနိုင်တာထက်။
မြန်မာအရေးမို့ မြန်မာတွေကိုပဲ ၁၀၀% ယုံပါတယ်။
(စကာင်္ပူလူသတ်မှုမှာ အနောက်နိုင်ငံတခုက ၀င်စစ်ပေးပေမယ့် နောက်ဆုံး ဖိလစ်ပိုင်မ ကိုပဲ မတရား ကြိုးပေးလိုက်တဲ့ သာဓကကို ပြန်သတိရမိတယ်။ အဲ့အကြောင်း နောက်မှ ပို့စ်တင်မယ်)
ဓာတ်ပုံ ( အင်ဒရူး )

အားလုံး ရဲ့ ပျော်ရွှင်မှုကို ရဲချုပ် စွတ်ယုတ်က ဥပဒေ ဆိုတဲ့ စကားလေးတခုနဲ့ပဲ ရိုက်ချိုးလိုက်တယ်။ ထိုင်းဥပဒေနဲ့ မညီလို့ အင်္ဂလန်ရဲတွေ လာရောက်စစ်ခွင့် မရှိဘူး ဆိုပဲ။ လေ့လာသူအနေနဲ့ပဲ ဆိုပြီး ၀ကခ က ပြန်ပြီး လျှောချလိုက်တယ်။
ရခ စွတ်ယုတ်ဆီက ဥပဒေ ဆိုတဲ့ စကားထွက်လာတာ ခွေးပါးစပ်က နတ်စကား ထွက်လာသလိုပဲ။
ကော့်တောင်မှာ ဥပဒေ နဲ့ အည်ီ မူးယစ်ဆေးဝါး ရောင်းနေကြတာပေါ့။
ဥပဒေအနဲ့ အညီ လူသတ်ပြီး အလောင်းဖျောက်ကြတာပေါ့။

ဝကခ ပရာယုကတော့ မီဒီယာတွေကို ဘယ်အညှိုး နဲ့ အရူး လုပ်နေသလဲ မသိ။
ဘန်ကောက်ပို့စ်ကတော့ ပရာယု က သဘောတူတယ်ဆိုတဲ့ မနက်က သတင်းကို ပြန်ဖြုတ်လိုက်ပြီ။ အရင်လို လေ့လာခွင့်ပဲ ပေးမယ်တဲ့။

ပြောသားပဲ... လေယာဉ်ကွင်းကနေပါးစပ်ပိတ်ပြီး ခေါ်လာခဲ့ ဆိုတာလေ..
ဝကခ ပရာယုတ် ပြောတာကတော့ အင်္ဂလန်ဝန်ကြီးချုပ်က အင်္ဂလန်က လူတွေက ထိုင်းနိုင်ငံကို လာလည်ဘို့ရှိသေးလို့ ဒီလိုပြသနာတွေ ထပ်မဖြစ်အောင် ကာကွယ်ဘို့ မှာလိုက်တာ ဆိုပဲ။
သိပ်ကိုမှ နိုင်ငံခြားသားခရီးသွားတွေ ကို မက်မောနေတဲ့ ၀ကခ ပရာယုတ်အတွက် ကျနော်ခရီးသွား ကြော်ငြာလေး တခု လုပ်ထားပေးတယ်။
ဒါမှလည်း ဂယောင်တွေ လာချင်စိတ်ကုန်မှာ။
ဒီပုံကို CSI LA ထဲ သွားမထည့်ကြပါနဲ့။


လိပ်ကျွန်းအမှု သံသယတရားခံနှစ်ဦး၏ အလုပ်ရှင်များကို တရားစွဲမည်ဟုဆို
(7 days daily)

လိပ်ကျွန်းလူသတ်မှု၏ သံသယတရားခံ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအား နေစရာနှင့် အလုပ်ပေးခဲ့သည့် အလုပ်ရှင်များကို တရားစွဲဆိုရန် ထိုင်းအလုပ်သမားဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း ThaiPBS ၏ ထုတ်လွှင့်မှုအရ သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်မှု အမြန်ပြီးစီးရေးကိုလည်း ထိုင်းအလုပ်သမားဝန်ကြီး ဆူရာဆက်ခ် ကန်ချနာရတ်က တက်သုတ်နှင်နေသည်ဟု အောက်တိုဘာ ၁၈ ၇က် ထိုင်းအခြေစိုက်သတင်းက ဆိုသည်။
ယင်းမစ်ရှင်အတွင်းမှာပင် ခိုတောင်ကျွန်း၌ ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး အသတ်ခံရမှုအတွက် စွပ်စွဲခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား နေစရာနှင့် အလုပ် အရိပ်အာဝါသပေးခဲ့သူ အလုပ်ရှင်များကို တရားစွဲဆိုရေး အလုပ်သမားဝန်ကြီးက အမိန့်ပေးခဲ့သည်။
‘‘သူက အဲဒီလိုပြောခဲ့တယ်။ အဲဒီကျွန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းလောက်ရှိနေတာမို့လို့ (သူပြောလိုက်တာက) သိပ်ထူးဆန်းတယ်။ တန်းတူညီမျှရေးအတွက်ဆိုရင် နှစ်ယောက်တည်းမဟုတ်ဘဲ အားလုံးကို တရားစွဲသင့်တယ်’’ ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အကြံပေး Andy Hall က ပြောသည်။
ကျွန်းများပေါ်သို့ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို စစ်ဆေးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက်ကတည်းက ဆောင်ရွက်နေပြီဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို ယခုလကုန်တွင် အပြီးသတ်ရေးအတွက် ထိုင်းအာဏာပိုင်များက အရှိန်မြှင့် လုပ်ကိုင်နေကြပြီဟု ဆိုသည်။
‘‘မြန်မာအလုပ်သမားတွေကို ဘာသက်ရောက်မှုမှ မရှိနိုင်ဘူး။ ၀န်ကြီးနဲ့ ထိုင်းအစိုးရရဲ့ မဆင်မခြင်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရုံပဲ။ ဒီထိုင်းနိုင်ငံမှာ သူတို့ (မြန်ရွှေ့ပြောင်းလုပ်သားတွေ) အတွက် အလုပ်တွေအများကြီး ရှိတယ်’’ ဟု မစ္စတာအန်ဒီဟောလ်က ဆိုသည်။
ထိုင်းအလုပ်သမားရေးရာ ဘုတ်အဖွဲ့၏ ခန့်မှန်းမှုအရ ထိုင်းပင်လယ်ကွေ့ရှိ Koh Phangan နှင့် ခိုတောင်ကျွန်းတွင် တရားဝင်မှတ်ပုံတင် မထားသည့် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀,၀၀၀ နီးပါး ရှိသည်။ ခိုတောင်ကျွန်း တစ်ကျွန်းတည်း၌ပင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာကြီး၏ အယ်ဒီတာ့အာဘော်ပါစစ်တမ်းအရ ခိုတောင်ကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမား ၅,၀၀၀ ခန့်ရှိသည့်အနက် ၂,၀၀၀ ခန့်မှာ ခွင့်ပြုချက် မည်မည်ရရ မရှိဘဲ တရားမ၀င်လုပ်ကိုင်နေကြသည်။
ဒေသအကြီးအကဲ၏ အဆိုအရ ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၃,၃၀၀ ခန့်ရှိပြီး အများစုမှာ မြန်မာများဖြစ်သည်။

0 အကြံပြုခြင်း: