Monday, October 13, 2014

နံမယ်ကြီး နတ်ကော်န် ချွန်ဖူးချက် မြန်မာလူမျိုးဘက်မှ ရှေ့နေ လိုက်ပေးဘို့ ရွေးချယ်


လင်းယုန် မာန်

13.10.2014 (ဘန်ကောက်ပို့စ် မနက်ပိုင်း)
လူ့အခွင့်ရေးဆိုင်ရာက ထိုင်း ရှေ့ နေ ကောင်စီ ၏ နံမယ်ကြီး နတ်ကော်န် ချွန်ဖူးချက် ( Nakon Chomphuchat) ကို ကော့တောင် လူသတ်မှု နှင့်ပက်သက်ပြီး မြန်မာလူမျိုးဘက်မှ ရှေ့နေ လိုက်ပေးဘို့ ရွေးချယ်ထားကြောင်း၊
နတ်ကော်န် ချွန်ူးဖူချက်မှလည်း သူဟာ ဒီအမှုကို လိုက်ခွင့်ရမယ်ဆိုရင် လူငယ် ၂ယောက်ရဲ့ အခြေနေကို စစ်ဆေးမယ်။ ရဲတွေ ဒီအမှုကို ဘယ်လို စစ်ဆေးခဲ့လည်း သူသေချာ ပြန်ကြည့်မယ် လို့ ပြောသွားပါတယ်။ ထိုင်းရဲတွေက ရှေနေ့မပါပဲ အကြိမ်ကြိမ် စစ်ဆေးခဲ့တဲ့ အပြင်
မြန်မာလူငယ်၂ ယောက်က ရှေ့နေ မလိုချင်ဘူးလို့ ရဲတွေက ပြောနေဆဲပဲ ဖြစ်တယ်လို့ သူကထပ်ပြောသွားပါတယ်။
CRCF အပါအ၀င် NGO တော်တော်များများကလည်း ဒီအမှုမှာ စိတ်ဝင်တစား ရှိကြသလို သူနဲ့ သူ့ ရှေနေ အဖွဲ့လည်း ဒီအမှုမှာ ပါဝင်ကူညီသွားမည် ဖြစ်သည်။

0 အကြံပြုခြင်း: