Saturday, October 11, 2014

တာမွေစည်ပင်ကို ကြံ့ဖွတ်မှဟိန်းဟောက်



တာမွေ (၁၆၇)လမ်းတွင် ရေပိုက်ပေါက်နေသဖြင့် စည်ပင်ရေသန့်ဌာနမှ
တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ပေါက်နေသော ရေပိုက်လိုင်းအား
ပိတ်ခဲ့ပါသည်။
ထိုသို့ပိတ်ခဲ့မှုအပေါ် တာမွေကြံ့ဖွတ်ပါတီမှ မြို့နယ်ကော်မတီဝင်ဆိုသူ
ကုလားစိန်ဝင်းဆိုသူမှ စည်ပင်ေ၇သန့်ဌာနထံဖုန်းဆက်ကာ ဟိန်းဟောက်ပြီး
ပြန်လည်ပြင်ဆင်ပေးရန် အမိန့်ပေးစေခိုင်းခဲ့သဖြင့် တာဝန်ရှိသူများက
မကျေနပ်သဖြင့် အထက်အဖွဲ့အစည်းများသို့တိုင်ကြားမည်ဟု သတင်းရရှိပါသည်။
အဆိုပါ ကုလားစိန်ဝင်းဆိုသူသည် တာမွေလေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး
(၂၀၀၆)ခုနှစ်နောက်ပိုင်း တာမွေလေးရပ်ကွက်မှ
ရေပိုက်ဖောက်လိုသူပြည်သူများထံမှ
ငွေကြေးကောက်ခံလုပ်စားနေသူတစ်ဦးဖြစ်ကြောင်းနှင့် တာမွေကိုယ်စားလှယ်
ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် ပူးပေါင်းပြီး ရပ်ကွက်အတွင်း
သြဇာပြလုပ်စားနေသူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

တာမွေစောင့်နတ်

0 အကြံပြုခြင်း: