Thursday, October 23, 2014

လူသတ်မှုဖြစ်တဲ့ ညက Ac Bar ထဲက ဓါတ်ပုံ စထွက်လာပါပြီ


U Htay Tint
Ac မိသားစု ဆွေမျိုးတွေက
လိပ်ကျွန်းပေါ်က ကယ်ဆယ်ရေးအဖွဲ့ သားတွေ ဖြစ်လို့ 
သက်သေခံ အထောက်အထားများ ဖျောက်ဖျက်ခြင်း
ဖျက်စီးခြင်း နေရာရွေ့ ခြင်း လွှဲပြောင်းခြင်း များကို
တရားဝင် လုပ်နိုင်သော အခြေအနေတွင် ရှိသည် ။

ဒဏ်ရာရလာတဲ့ ရှောင်ကို
CSILA က မေးလိုက်တဲ့ အခါ ဆိုင်ကယ်မှောက်လို့ ရတဲ့
ဒဏ်ရာတွေလို့  အကြောင်းပြန်ပါတယ် ။
လူသတ်မှုဖြစ်တဲ့ ညက Ac Bar ထဲက ဓါတ်ပုံ စထွက်လာပါပြီ ။
ဧည့်သည်တွေ အားလုံးလိုလို အကျီအမဲ ဝတ်ထားကြပါတယ် ။


Sean has replied my email. This what he said:
"Yes, I just checked the dates. It's from the 15th. And being in choppers that would have been about 7 or 8pm, so about 13 hours after the murder. Would be a bit strange to be out partying after witnessing something like that, would it not?"

Sean also said "I don't have a side of the story for that night because I wasn't out that night. Ask THEM for evidence that I was out. Don't ask me for evidence that WASN'T out. That would be absurd. Search the meaning of the 'burden of proof' if you don't understand why.

If you look carefully you'll see that everybody in that photograph is wearing a koh Tao pub crawl t-shirt. So I think that is the day after the murder. And it's definitely in choppers at this point.

Yes, I was scared of Mon. You can see that he's vicious. The more lies I hear he's spreading about me, the more I believe he knows something or had something to do with it. What happened with the CCTV footage (of what is obviously) him walking up and down sairee with no shirt on just after the time of the murder?

မူရင်းလင့်
https://www.facebook.com/CSILA90210/photos/a.600950366649359.1073741828.596740650403664/723844444359950/?type=1&theater

Htoo Chit
၂၂၊၁၀၊၂၀၁၄၊

- လူသတ်မှု့နဲ့ စွတ်စွဲခံထားရသည့် အလုပ်သမားနှစ်ဦး၏မိဘများကို မြန်မာပြည်မှ ခေါ်ယူခဲ့ပါသည်။
- ၂၂၊၁၀၊၂၀၁၄ ရက်နေ့မနက်တွင်၊ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာပြီး၊ အဆိုပါမိသားစုအားနှင့် သတင်းထောက်များတွေ့ဆုံခဲ့ပါသည်။
- နေ့လည် ( ၄) နာရီတွင်၊ သံအမတ်ကြီး ဦးဝင်မောင်မှ၊ ထိုင်းလူ့အခွင့်ရေးကောင်မရှင်နှင့် ထိုင်းရှေ့နေများကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံးပြီး၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်
- ထိုင်းရှေ့နေများကောင်စီမှ ထိုင်းနိုင်ငံ၏၊ ကျွမ်းကျင်သည့် လူ့အခွင့်အရေး ရှေ့နေ ( ၁၆)ဦးပါဝင်သည့် ကော်မီတီဖွဲ့စည်းခဲ့ပြီး အဆိုပါအမှု့ကို တရားဥဒေအရအကူအညီပေးလျှက်ရှိပါသည်
- အစွတ်စွဲခံထားရသည့် အလုပ်သမားများ၏ မိသားစုဝင်များနှင့်ထိုင်းရှေ့နေများကောင်စီမှတာဝန်ရှိသူများ၊ထိုင်းလူ့အခွင့်အရေး ကော်မရှင်မှတာဝန်ရှိသူများ၊ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံးမေးမြန်းခဲ့ပါသည်၊
- ယခုကိစ္စသည်၊ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာသုံးနိုင်ငံ ပြသာနာဖြစ်နေသည့်အတွက်၊ အားလုံးအတွက်အဆင်ပြေစေချင်။ ပွင့်လင်း၊မြင်သာသည့် စုံစမ်းစစ်ဆေးမှု့ ဖြစ်ချင်ကြောင်း၊ အမှန်တရားအတိုင်းဘဲဖြစ်ချင်ကြောင်းနှင့် မြန်မာပြည်သားများကို အတွက်မိမိအနေဖြင့်အတတ်နိုင်ဆုံးတရားဥပဒေအရကူညီပေးသွားမည်ဖြစ်ကြောင်း၊မကြာမီအတွင်း ထိုင်းရှေ့နေများကောင်စီရုံးသို့ သွားရောက်ပြီး။ မြန်မာအစိုးရအနေဖြင့်တရားဝင်အမှု့အပ်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီး ဦးဝင်းမောင်မှပြောပါသည်။
- ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်သည်၊ထိုင်းနိုင်ငံ၏ရဲတပ်ဖွဲ့နှင့်အစိုးရလက်အောက်တွင်မရှိကြောင်း။အမှန်အတိုင်းပြောရမည်ဆိုလျှင် မိမိတို့အား မည်သူမှအမိန့်ပေးလို့ မရ။ မိမိတို့ အနေဖြင့်မတရားသဖြင့် ပြုကျင့်ခံနေရ သည့် သူများကို အကူအညီပေးဖို့ဖွဲ့ထားခြင်းဖြစ်ကြောင်း နှင့် မိမိတို့ အနေဖြင့် ဘာသာလူမျိုးမခွဲခြားဘဲ လူသားအခြင်းခြင်းကူညီဖို့ လိုအပ်ပါသည်။ မိမိတို့ အနေဖြင့် အစွတ်စွဲခံထားရသည့် မြန်မာအလုပ်သမားများသည်၊ နှိမ့်စက်ညှင်းပန်းခံခဲ့ရသည်၊ဟုယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်ဥက္ကဌမှပြောပါသည်။
- (၂၄၊၁၀၊၂၀၁၄) ရက်နေ့တွင် မိသားစုများအနေဖြင့် ကော့စမွေကျွန်းအကျဉ်ထောင်သို့သွားရောက်ပြီး၊လူသတ်မှု့မှု့ဖြင့် စွတ်စွဲခဲ့ထားရသည့် သားများနှင့် သွားရောက်တွေ့ဆုံးမည်ဖြစ်ပါသည်။

(ထူးချစ်)

မှတ်ချက်၊ အဆိုပါလုပ်ငန်းများ၊ အောင်မြင်ချောမွေ့အောင်၊လုပ်ဆောင်နိုင်ရန်အတွက်၊ ကူညီဆောင်ရွက်ပေးနေသည့်၊ ထိုင်း၊မြန်မာ၊မိတ်ဆွေများကိုလွန်စွာကျေးဇူးတင်ပါသည်၊ မိမိတို့လုံးခြုံရေးအတွက်၊ စိုးရိမ်ပူပန်ပေး (ဆုတောင်းပေးနေသည့်)့ ဆိုသည့် မြန်မာနိုင်ငံသားညီ၊ငယ်၊ညီမငယ်များကိုလဲ ၊ လွန်စွာကျေးဇူးတင်ပါကြောင်း နှင့်မိမိတို့ အနေဖြင့်အဆိုပါလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ပါက၊ အန္တရယ်ရှိနိုင်သည်ကို ကြိုတင်တွက်ချက်ပြီးဖြစ်ပါကြောင်း၊

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ
********************************************************************
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့
ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက်ပါပြီ။
.
အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
.
ဒါကြောင့် ဒီအမှုကို သူတို့ လုံးဝ မကျူးလွန်ခဲ့တာတာကြောင့် ထိုင်းရဲတွေဆီမှာ သူတို့သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ချက်ကို တရားဝင် ပြန်ရုပ်သိမ်းတာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်း လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်တယ် လို့ ဝန်ခံခိုင်းခဲ့လို့သာ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့လည်း ရှေ့နေ Ratsada Manurassada က ပြောထားပါ တယ်။
.
"ရဲက မေးခွန်းတွေ မေးတာကို စကားပြန်က ပြန်ဆိုပေးခဲ့တဲ့အခါ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်။ ဘက်ပေါင်းစုံ က အချက် အလက်တွေ စုဆောင်းမယ်" လို့ ရှေ့နေ Ratsada Manurassada က ဘန်ကောက်ပို့စ် ကို ပြောပါတယ်။
.
အခု အမှုမှာ စကားပြန် ကိုကမာဆိုတဲ့ ရိုတီရောင်းသူက မှားယွင်းဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့တယ်ဆိုတာ
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောတယ်လို့ သူက ဆက်ပြောထားပါတယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့ရဲ့ ၀န်ခံချက် ရုပ်သိမ်း တဲ့ ကြေညာချက်ကို လက်မှတ်ထိုးပေး တာကြောင့် ရှေ့နေ Ratsada Manurassada က စာရွက်ကို ယူလာပြီး ထိုင်းအစိုးရရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ခဲ့သူ Paiboon Achawananthakhun ကို ပေးအပ်ခဲ့ပါ တယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေလည်း ထိုင်းရဲက ဖမ်းဆီးထားတဲ့ သူတို့ရဲ့ သားတွေကို တွေ့ဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
.
သူတို့အတွက် နေထိုင်မှုကိစ္စတွေကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက စီစဉ်ဆောင် ရွက်ပေးထားပြီး သားဖြစ်သူတွေကို ထိုင်းနိုင်ငံ အကျဉ်းထောင်တခုဖြစ်တဲ့ ကော့စမွေ အကျဉ်းထောင်ဆီ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
.
သူတို့ရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့နဲ့ လိပ်ကျွန်း အရေး ကူညီပေးနေသူတွေ ငွေကြေး အခက် အခဲရှိနေတာကြောင့် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ)နဲ့ ၊ လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်းထွန်းတို့က တဦးလျှင် ကျပ် သိန်း ၁၀၀ စီနဲ့ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၀၀ ကို အလှူငွေထည့် ၀င်မှုကိုမနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြပါတယ်။
.
Photo(1) : လိပ်ကျွန်းအမှု တရားဆွဲဆိုသူထံ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတို့ သွားရောက်ကာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းတဲ့စာ သွားပေးစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
အိမ့်သံစဉ် ~ ဧရာဝတီ

0 အကြံပြုခြင်း: