Wednesday, September 17, 2014

နေပြည်တော် ရဲမှူးးအုန်းကျော်ရဲ့ သားမူးယစ်ကားမောင်းယာဉ်မှုစစ်က တာဝန်ဆက်လုပ်ဖို့တွန့်နေ



 Pyi Sone
===========================
NO ONE IS ABOVE THE LAW!
ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ
===========================

16.09.2014

နေပြည်တော် ရဲမှူး အုန်းကျော်ရဲ့ သား လင်းသီဟကျော် မနေ့ညက ရန်ကုန်မြို့ ဟယ်လ်ပင်လမ်းနားမှာ မူးယစ်ကားမောင်းပြီး... စည်းမဲ့ကမ်းမဲ့ မီးနီဖြတ်မောင်း.... တခြားကားကိုဝင်တိုက်၊ တဖက်ကားက မကြာခင် မင်္ဂလာဆောင်တော့မယ့် သတို့သမီးလောင်းရဲ့ ဖခင်တယောက် သေဆုံး၊ နေပြည်တော်က ရဲမှူးကဖုန်းဆက်တော့ ယာဉ်မှုစစ်က တာဝန်ဆက်လုပ်ဖို့တွန့်နေ....... လူကသေပြီ အမှုက ဖွင့် မဖွင့်....
......
ကဲ... မြန်မာနိုင်ငံရဲ့ တရားဥပဒေ ဘာလဲ ဘယ်လဲ ?
ပြည်သူတွေကို ကာကွယ်မှာလား?
အာဏာာရှိ လူတန်းစားနဲ့ သူတို့သားသမီးတွေကို ကာကွယ်မှာလား?

===========================
Update: 1:27pm

မနေ့ညက မီးနီဖြတ်မောင်းပြီး လူသေသည်အထိ ယာဉ်တိုက်မှုဖြစ်ထားတဲ့ နေပြည်တော် ရဲမှူး အုန်းကျော်ရဲ့သာ လင်းသီဟကျော်ကို ဒဂုံမြို့မ ရဲစခန်းယာဉ်(ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃/၂၇၉ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်လို့ ပြောပါတယ်။

==========================

Update: From Yangon Police

မီးနီဖြတ်မောင်းသဖြင့် ယာဉ်တိုက်မှုဖြစ်ကာ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆

၁၅.၉.၂၀၁၄ရက်နေ့၂၂၃၀အချိန်ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်းတောင်မှမြောက်သို့
ဒဂုံမြို့နယ်နေ ယာဉ်မောင်း ကိုလင်းသီဟကျော်(၂၂)နှစ်မောင်းနှင်လာသော1G---
Nissan AD ဗင် ကိုယ်ပိုင်ယာဉ်သည် ပြည်လမ်းနှင့် ပြည်ထောင်စုရိမ်သာ
လမ်းဆုံမီးပွိုင့်အရောက် မီးနီအားဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် ပြည်ထောင်စု
ရိပ်သာလမ်းအတိုင်း အရှေ့မှအနောက်သို့ အလုံမြို့နယ်နေ ယာဉ်မောင်း ဦးစန်းလွင် မောင်းနှင်လာ သော 3F--- တိုယိုတာ Ractic ကိုယ်ပိုင်ယာဉ်နှင့်
တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးသွားခဲ့ပြီး 3F--- ယာဉ်ပေါ်ပါ ဦးစိန်ဟန်
(၅၃)နှစ်မှာ ပါးစပ်သွေးထွက်ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ်
သေဆုံးသွားခဲ့ပြီးယာဉ်မောင်းဖြစ်သူဦးစန်းလွင်တွင်ပွန်းပဲ့၊နာကျင်ဒဏ်ရာများရရှိခဲ့၍ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ယာဉ်အားမဆင်မခြင်မီးနီဖြတ်မောင်းခဲ့သူယာဉ်မောင်းကိုလင်းသီဟကျော်
အား ဒဂုံမြို့မ ရဲစခန်းယာဉ်(ပ)၃၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃/၂၇၉ဖြင့်အမှုဖွင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Ref: https://www.facebook.com/yangonpolice/posts/549462615183010

0 အကြံပြုခြင်း: