Wednesday, September 17, 2014

"သတင်းထောက်တစ်ယောက်ကို ဖာခေါင်းတွေ ၀ိုင်းရိုက်"



 Su Su Nway

++++++++++++++++++++++++++++++++++++++++
အလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်သူ ကိုခင်မောင်မြင့်ကို
ရန်ကုန်မြို့၊ ပန်ဘဲတန်းမြို့နယ်မှ ပါတီကြီးတစ်ခု၏ ရပ်ကွက်ခေါင်းဆောင်နှင့်
အရံမီးသတ်တပ်ဖွဲ့ခေါင်းဆောင်ဦးဆောင်သောဖာခေါင်းများက ၀ိုင်းဝန်းရိုက်နှက်
ကြသဖြင့်၊ ဦးခေါင်းတွင်(၁၂)ချက်ချုပ်ရပြီး နံရိုးနှစ်ချောင်း ကျိုးသည့်ဒဏ်ရာဖြင့်
ရန်ကုန်မြို့၊ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံ၊ခွဲစိတ်ဆောင်တွင် အတွင်း
လူနာ အဖြစ် ဆေးဝါးကုသမှု ခံယူနေရပါသည်။

ကိုခင်မောင်မြင့်သည် ပန်းဘဲတန်းမြို့နယ်၊ ၃၉ လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း
တို့တွင် အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့် ပြည့်တန်ဆာလုပ်ငန်းများ
ပေါ်ပေါ်တင်တင် တွင်ကျယ်ကျက်စားနေသည့်ဖြစ်ရပ်ကို လေ့လာစုံစမ်း၍ သတင်း
ဆောင်ပါးရေးသား ဖော်ထုတ်ခဲ့သည့်အပြင်၊ သက်ဆိုင်ရာ ပန်းဘဲတန်းမြို့နယ်၊
ရဲတပ်ဖွဲ့သို့လည်း အရေးယူဆောင်ရွက်ပေးရန်အတွက် အများပြည်သူကိုယ်စား
တင်ပြတိုင်ကြားခဲ့ဖူးသည်။ သို့သော်လည်း ယနေ့ချိန်အထိ မည်သို့မျှ အရေးယူ
ဆောင်ရွက်ခြင်း မရှိခဲ့သော်လည်း ထိုနေရာ ပတ်ဝန်းကျင်တ၀ိုက်သို့
ကိုခင်မောင်မြင့် ဖြတ်သွားဖြတ်လာပြုတိုင်း ဖာခေါင်းများနှင့် ပြည့်တန်ဆာများက
ဝိုင်းဝန်းရန်စ ရိသဲ့သဲ့လုပ်လေ့ရှိကြပါသည်။

၁၃၊ ၉၊၂၀၁၄နေ့တွင်မူ ရန်ကုန်မြို့၊ စင်ထရယ်ဟော်တယ်၌ ကျင်းပပြုလုပ်သော
မသန်စွမ်းသတင်းစာရှင်းလင်းပွဲပြီးနောက် အခြားသော သတင်းထောက်များနှင့်
လမ်းခွဲ၍ အပြန်၊ ဗိုလ်အောင်ကျော်လမ်းသို့အရောက်တွင် ပါတီကြီးတစ်ခု၏
ရပ်ကွက်ခေါင်းဆောင်နှင့် အရံမီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးဆောင်သော
ဖာခေါင်းများက ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိပြီး
မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကာ ပြေးလာခဲ့ရပြီး လက်ဖက်ရည်ဆိုင်တစ်ခုထဲ
အရောက်တွင် သတိမေ့ လဲကျခဲ့ရသည်။

ယခုအခါ ဦးခေါင်းတွင်(၁၂)ချက်ချုပ်ရပြီး၊ နံရိုးနှစ်ချောင်း ကျိုးသည့်ဒဏ်ရာဖြင့်
ရန်ကုန်မြို့၊ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံ၊ ခွဲစိတ်ဆောင်တွင် အတွင်း
လူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရပါသည်။ ကျမတို့ သွားရောက်ခဲ့သည့် မနေ့က
ညနေပိုင်းအထိ ဆေးရုံမှဆေးဝါးကုသမှုအချို့ ပြုလုပ်ပေးသော်လည်း လိုအပ်သ
လောက် ကြပ်ကြပ်မတ်မတ် ကုသမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ကျမတို့ရောက်
ရှိပြီး တိုက်တိုက်တွန်းတွန်း ပြောဆိုမှသာ အောက်စီဂျင်ဘူးလာတပ်ပေးသည်။
မိသားစုက အမှုဖွင့်တိုင်ကြားထားပြီးဖြစ်သော်လည်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က
မည်သို့မျှ အရေးယူဆောင်ရွက်မှု မရှိသေးကြာင်းလည်း သိရှိရပါသည်။

0 အကြံပြုခြင်း: