Sunday, September 28, 2014

သခင်သိန်းမောင်ကွယ်လွန်


Makhin Oo

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်သည် မနေ့ညက ၁၁-၀၀နာရီအချိန်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အခုဘဲ အကြောင်းကြားလာပါတယ်။

ပထမလွတ်လပ်ရေးခေတ်။ ဒုတိယလွတ်လပ်ရေးခေတ်များမှာ တိုင်းသူပြည်သားများနှင့်အတူ အစဉ်တစိုက် ရပ်တည်ခဲ့သော

ကျွန်မကို သမီးလေးလိုချစ်သော၊

ကျွန်မ စာဖတ်ပြရင် ပြုံးပြီးနားထောင်တတ်သော ၊

ကျွန်မရေးသားနေသော စာများအတွက် ကျေးဇူးတင်ကြောင်းပြောတတ်သော

ဘဘသခင်သိန်းမောင် ကွယ်လွန်သွားခြင်း အတွက် မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း။

ဘဘသခင်သိန်းအောင်သည် ကွယ်လွန်ချိန်မှာ အသက်၉၆နှစ်ရှိပြီဖြစ်ပါသည်။

ရပ်ဝေးရပ်နီးမှ သခင်သိန်းမောင်အား ချစ်ခင်လေးစားသူများအားအကြောင်းကြားသိစေအပ်ပါသည်။

မနက်တွင် ရေဝေးသုသန်သို့ ပို့ဆောင်သဂြိုလ်မည်ဟု သိရသော်လည်း အချိန် အတိအကျ မသိ၇သေးပါကြောင်း။

0 အကြံပြုခြင်း: