Saturday, August 2, 2014

ပါတီထူထောင်လိုသူများအား တရားခံ ရာဇဝတ်သားသဖွယ် ဆက်ဆံလျက်ရှိ



ပြည်ထဲရေးဝန်ကြီးနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးခင်ဗျား

ပြည်သူ့အကျိုးပြု လှုပ်ရှားမှု ပါတီ ကို တည်ထောင်လိုသူ(၂၀) ဦးအား ကိုယ်စားပြု၍
ကိုယ်စားလှယ်အဖြစ် ကျနော်ဦးဝင်းချို တစ်သီးပုဂ္ဂလအား လွှဲအပ်ပြီး ၂၁-၇-၂၀၁၄ နေ့က
 နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံး တွင် လျှောက်ထားခဲ့ပါသည်။

ပါတီတည်ထောင်လိုသူများအနေဖြင့် သတ်မှတ်ထားသော တည်ဆဲဥပဒေများနှင့်ညီညွတ်ရန်
လိုအပ်သည့်အတွက် သက်ဆိုင်ရာဌာန ဆိုင်ရာများမှ စုံစမ်းစစ်ဆေးရန် အမှန်တကယ် လိုအပ်ကြောင်း
ကျနော်တို့အနေဖြင့်လက်ခံရမည်ဖြစ်ပါသည်။

B S Iအထူးစုံစမ်းစစ်ဆေးရေး ,C I Dမှုခင်းတပ်ဖွဲ့, S Bသတင်းတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများသည် ၄င်းတာ ဝန်ကို ဆောင်ရွက်ရမည့် ဌာနဆိုင်ရာများဖြစ်ကြောင်းကိုလည်း နားလည်သိရှိ လက်ခံထားပီးဖြစ်ပါသည်ခင်ဗျား။
ယင်းဌာနဆိုင်ရာများ အနေဖြင့်သက်ဆိုင်သူများ ဖြစ်သည့်ပါတီထူထောင်လိုသူများအားရာဇဝတ်သားကဲ့သို့
စစ်ဆေးရန် မဟုတ်ဘဲတင်ပြထားသည့်အချက်အလက်များမှန်ကန်မှုရှိlမရှိကို သက်ဆိုင်သူများအားအသိပေးရန်မလိုဘဲ
စုံစမ်းရန်သာဖြစ်သည်ဟု ကျနော့်အနေဖြင့် ယူဆမိပါသည်။

သို့သော်လည်း ယခု အချိန်ကြုံတွေ့နေရသည်မှာ ပါတီထူထောင်လိုသူများအား
တရားခံ ရာဇဝတ်သားသဖွယ် ဆက်ဆံပြုမူခြင်းမျိုးရှိနေပါသည်။

ပါတီထူထောင်လိုသူများ၏ဇနီး သားသမီးများ ယင်းဇနီးသားသမီးများ၏ မိဘ ဆွေမျိုးများသာမက ဆက်စပ် သူများအားလုံးကို စစ်ဆေး မေးမြန်းခြင်း။

စစ်ဆေးရန် ဌာနဆိုင်ရာရုံးသို့ လာရောက်ရန် ခေါ်ယူပြီး ပါလာသည့်အိတ်များ တယ်လီဖုံးများကို ဌာနဆိုင်ရာ ဝန်ထမ်းများအားသိမ်းဆည်းခိုင်းခြင်းမှာ ရာဇဝတ်သားကဲ့သို့ဆက်ဆံခြင်းများ ရှိန်ေသည့်အတွက ယင်းအပြုအမူများအာ်း လုံးဝ(လုံးဝ)လက်ခံနိုင်ခြင်း
မရှိပါကြောင်း လူကြီးမင်းများအားသိစေအပ်ပါသည်။
် လမ်းပေါ်နိုင်ငံရေးကို စွန့်လွှတ်၍ လွှတ်တော်တွင်းlပြင်နိုင်ငံရေးကို ဦးစားပေးလုပ်ဆောင်ရန်စီစဉ်နေခြင်းကို မလိုလားသည့်အသွင်သဏ္ဍန်
ဆောင်ခြင်းအတွက် လည်း ဝမ်းနည်းမိပါကြောင်း လူကြီးမင်းများအား သိစေအပ်ပါသည်ခင်ဗျား။

မိဘ ပြည်သူများအား အသိပေးလိုသည်မှာ ပါတီ ထူထောင်ခွင့်ရရှိသည်ဖြစ်စေ သို့မဟုတ် မရရှိသည်ဖြစ်စေ
ပြည်သူများအတွက် ဆောင်ရွက်မည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ မည်သည့်အကြောင်းနှင့်မျှ နောက်ဆုတ်မည် မ
ဟုတ်ကြောင်းကို ပါတီထူထောင်လိုသူများအားလုံးကိုယ်စား တင်ပြအပ်ပါသည်ခင်ဗျား။

ပွင့်လင်းမြင်သာသော တာဝန်ခံ၊တာဝန်ယူမှုရှိသော

ဦးဝင်းချို
ဖုံး
၀၉ ၇၃၂၀၆၈၃၈
၀၉ ၂၅၀၆၆၆၇၂၆

0 အကြံပြုခြင်း: