Saturday, August 9, 2014

ပေးတဲ့ဘွဲ့တံဆိပ် မှန်သမျှ အကုန်ရရှိထားပြီးဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြော



 နိုင်ငံတကာတက္ကသိုလ်တွေနဲ့ မြန်မာနိုင်ငံက ပေးတဲ့ဘွဲ့တံဆိပ် မှန်သမျှ
အကုန်ရရှိထားပြီးရင်ဖေ့ဘွတ်ကပေးတဲ့(ရူးကမ္ဘာ)ဘွဲ့တံဆိပ်လဲလာယူပါအုံး

 အလှူအတန်း ရက်ရော လှသည့်အတွက် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရ မှ
 ပေးအပ်သည့် ဘွဲ့မှန်သမျှ အားလုံးယူဆောင်ပြီးဖြစ်သည် ဟု ဇေကမ္ဘာ ဦးခင်ရွှေက မွန်ပြည်နယ်၊
 ရေးမြို့နယ်သို့ လှူဒါန်းရေး ခရီးစဉ်အခမ်းအနား ၌ ပြောဆို
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာပေးတဲ့ဘွဲ့မှန်သမျှ အကုန်ယူသွားပြီ။ အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ၊ နောက်တခါ ၀ဏ္ဏကျော်ထင်၊ နိုင်ငံတကာတက္ကသိုလ်တွေ ကလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ ပေးကြတယ်။
ဦးခင်ရွှေသည် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ခမည်း ခမက်တော်စပ် သူလည်းဖြစ်ကာ ယခင် စစ်အစိုးရက သိမ်းယူခဲ့သည် လယ်မြေများ အများအပြားပေါ်တွင် လျော်ကြေးငွေ မပေးသည့်အတွက် လယ်သမားများဖြင့် အငြင်းပွားမှုများလည်း ရှိနေသူဖြစ်သည်။
__________________
ကောက်နုတ်ချက်
The Ladies News Journal

1 အကြံပြုခြင်း:

Anonymous said...

တော်တော်ပေါတာဘဲနော် ။ ဒီလိုလူမျိုး လွှတ်တော်ထဲ ခေါ်သွင်းတဲ့လူ အဆင့်လည်းခန့် မှန်းရလောက်ပါတယ်