Saturday, August 9, 2014

ညောင်ဦးနဲ့ပဲခူးတဝက်စီမျှလို့ရရင်


May Popa

ညောင်ဦးမြို့နယ် မှာ မိုးခေါင်လို့ရေရှားနေတာတောင်သူတွေ ထွန်ယက်စိုက်ပျိုးဖို့နေနေသာသာ
နွားစာအတွက် မြက်တို့ ပင် မပေါက်နိုင်ပါ။သောက်ရေအတွက် ပင် ရေမရှိ လို့ အခက်ကြုံနေရပါတယ်။

ကျောက်ပန်းတောင်းနဲ့ ညောင်ဦးနယ် တွေမှာ ပြီးခဲ့တဲ့နှစ်တွေက ကန်တွေထဲ ရေအနည်းအကျဉ်း ဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မိုးတွင်းမှာတောင် ရေကန်တွေ လည်း ခန်းခြောက် နေပါပြီ၊

ကျောက်ပန်းတောင်းမြို့အနီးနဲ့ ပုပ္ပါးတောင်အနီး တဝိုက် ကတော့ သစ်ပင်သစ်ရိပ်ကောင်းတဲ့ ဒေသလေးတွေ ဖြစ်လို့ မိုးရွာပေမယ့် ကျန်နယ်တွေက တော့ ယခုအချိန်ထိ မစိုက်မပျိုးနိုင် ကြသေးပါဘူး။

တောင်သူလယ်သမားတွေရဲ့ ကျေးဇူးရှင် နွားကြီးတွေ စားဖို့ မြက်ပင်တွေ မရှိလို့ ကျောက်ပန်းတောင်းနယ်ဘက်သို့ နေ့စဉ် မြက်ရိတ်သွားကြရပါတယ်။

ထော်လာဂျီ၊ ကား၊ ရထားတို့ နဲ့ ဝေးလှတဲ့ ခရီးကို ရွာလုံးကျွတ် နွားစာရိတ် ထွက်ရပါတယ်။
ထော်လာဂျီသမားတို့ လည်း နွားစာမြက်ထုံးတို့ တင်ပြီး တစ်နေ့ နှစ်ခေါက်သုံးခေါက်လောက် ဆွဲရတာ ပေါ့။

မိုးတွင်းမှာ တောင် နွားစာ သောက်ရေ ဒီ လောက်ရှားနေ ရင် နွေ လ တွေကို ဘယ်လိုကျော်ဖြတ်ရမယ်မှန်း မသိတော့ပါဘူး။

ဒီဒုက္ခတွေ ကြုံနေရတာ ကာလရှည်ကြာ လာပေမယ့် ဘယ်အစိုးရဌာနကမှ ယခုအချိန် ထိ တာဝန်ယူဆောင်ရွက်ပေးမှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ရက်လောက် က စုတည်ရွာဘက်က ဂွေးချိုတောင်မြတ်စွာဘုရား ပင့်ကာ မိုးခေါ် ဆုတောင်းခဲ့ပေမယ့်လည်း မနေ့ညနေက ကျောက်ပန်းတောင်းနယ်မှာ ရွာတဲ့ မိုးက ညောင်ဦးနယ်ကို ကွင်းရှောင်သွားပြန်ပါတယ်။

မိုးသားမိုးရိပ်တွေမြင်တော့ အိမ်က နွားပိုက်ကလေး နဲ့ နွားမကြီးခမျာ အစာစိုစိုကလေး ကို စားရတော့မယ် အထင်နဲ့ ပျော်ခဲ့ရပေမယ့် အခုတော့ ဝေးသွားရပြန်ပါပြီ၊

မေပုပ္ပါး
၈၈၈၈ 26 နှစ်ပြည့် နှင့် မွေးနေ့ အမှတ်တရ
ဓာတ်ပုံ Aung Hein and May Popa

0 အကြံပြုခြင်း: