Saturday, August 9, 2014

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီအားလက်ခံတွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီအအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာဂျွန်ကယ်ရီအား ၁၀၊၈၊၂၀၁၄ တနင်္ဂနွေနေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ခြံအမှတ် ၅၄ နေအိမ်တွင် လက်ခံတွေ့ဆုံမည်ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးမှုများအပြီးတွင်ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် ပြည်တွင်းမီဒီယာများဖြစ်ကြသော အသံလွှင့်ဌာန(၅)ခု၊ နေ့စဉ်ထုတ်သတင်းစာ(၇)ခု၊အပတ်စဉ်ထုတ်ဂျာနယ်(၄)ခုနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များကလပ်အားဖိတ်ကြားထားပါ သည်။ လူဦးရေအကန့်အသတ်ကြောင့်ဖိတ်ကြားခြင်းမပြုနိုင်ခဲ့သော သတင်းမီဒီယာဌာနများအား သတင်းစာရှင်းလင်းပွဲအပြီးတွင် Media Handout အဖြစ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ကြည်တိုး
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

0 အကြံပြုခြင်း: