Sunday, August 10, 2014

ပြည်သူတွေဆီ လာနိုင်မယ့် အန္တရယ် လက်ပိုက်ကြည့်နေ



ဒီမို အန်းဂရီးဘတ်

ဒီသတင်းခေါင်းစဉ်ဟာ အပေါ်ယံလေး ဖတ်လိုက်မယ်ဆိုရင်တော့ သရော်စရာ၊ ရီစရာ၊ ဟားစရာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အသေအချာ စဉ်းစားကြည့်မယ် ဆိုရင် ဒါမျိုးလုပ်တာဟာ လူသတ်တာ၊ ပြည်သူတွေဆီ လာနိုင်မယ့် အန္တရယ် လက်ပိုက်ကြည့်နေတာ။

နာဂစ်တုန်းကလည်း ဒီလိုပဲ ပွဲတင်၊ ယစ်ပူဇော်၊ ယတြာတွေ ချေခဲ့ကြမယ် ဆိုတာ သေချာ ပါတယ်။ မုန်တိုင်းလာမယ်ဆိုတာ သိသိကြီးနဲ့ ပြည်သူကို အသိပေး၊ ရွှေ့ပြောင်းမှုတွေကို ကူညီ မလုပ်ပေးပဲ ထိုင်ပြီး ဘုရားရှိခိုးနေကြတာပေါ့ဗျာာာာာ

ဒါဆိုရင် ၂၀၀၈ ကနေ ၂၀၁၄ မှာ ဘာတွေ ပြောင်းလဲသွားပြီလဲ ဆိုတာကို တွေ့နိုင်မြင်နိုင်မှာပါ။ တိုင်းပြည်ကို မောင်ပိုင်စီးအုပ်ချုပ်နေသူတွေရဲ့ ပညာ အတွေးအခေါ် ဗဟုသုတ နှင့် ပြည်သူတွေ အပေါ် ထားရှိတဲ့ စေတနာတွေကို မျက်ဝါးထင်ထင် တွေ့လိုက် ရတာပါပဲ .....

အတွေးနက်ကြပါ .... ဒီယတြာတွေ ပရိတ်တွေနဲ့ပဲ နာဂစ်မှာ လူပေါင်း ၂ သိန်းကျော်သေခဲ့တယ် ဆိုတာကို မမေ့ပါနဲ့။ ၂၀၁၅ မှာ ဒီလိုငကြောင်တွေကို လက်မခံတော့ဘူးဆိုတဲ့ သန္ဒိဒါန် ချကြပါ။

0 အကြံပြုခြင်း: