Sunday, July 27, 2014

Miss Universe Myanmar 2014 ရွေးချယ်ပွဲ


Miss Universe ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာကိုယ်စားပြု
အလှမယ်ရွေးချယ်ရာမှာ ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက အလှမယ်အဖြစ် အရွေးခံ ရပါတယ်။ အလှမယ် ရွေးချယ်ပွဲကို ရန်ကုန်မြို့ အမျိုးသား ကဇတ်ရုံမှာ ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်သွားပြီး ဆန်ခါတင် အလှမယ် အယောက် ၂၀ထဲက နေ အဆင့်ဆင့် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲပထမဆင့်မှာ ဆန်ခါတင်ပြိုင်ပွဲဝင် ၂ဝ က ကချင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ပြီး ဒုတိယအဆင့်မှာ swim suit ဖြင့် ယှဉ်ပြိုင်စေခဲ့ပါတယ်။ အဲဒီနောက်မှာ ဆန်ခါတင်ပြိုင်ပွဲဝင် ၁ဝ ဦးကို ရွေးချယ်ကြေညာပြီး စိတ်ကြိုက် ညနေခင်းဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

အဆင့်သုံး အပြီးမှာ ပရိသတ်မဲ ပေးရွေးချယ်တဲ့ Miss Famous ဆုအပါအဝင် Title ဆုတွေကို ပေးအပ်ခဲ့ပါတယ်။ နောက်ဆုံဆန်ခါတင်ငါးဦးထဲကနေ ဆုစာရင်း အဆင့်ဆင့်ကို ကြေညာအပြီးမှာ Miss Universe Myanmar အလှမယ်အဖြစ် ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာအား ရွေးချယ်ခဲ့တာပါ။ Miss Universe Myanmar ဟာ အေမေရိကန်နိုင်ငံ လက်စ်ဗီးဂက်စ်မြို့မှာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် Miss Universe ပြိုင်ပွဲမှာ မြန်မာ ကိုယ်စားပြုအလှမယ်အနေနဲ့ ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

Miss Universe Myanmar 2014 ရွေးချယ်ပွဲတွင် 1st Runner Up ဆုကို ခါးနံပါတ် ၁၆ ယွန်းမီမီကျော်၊ 2nd Runner Up ဆုကို ခါးနံပါတ် ၂ ရွှေစင်ကိုကိုတို့က အသီးသီး ဆွတ်းခူးသွားပါတယ်။ Miss Universe ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော်အကြာမှာ မြန်မာနိုင်ငံက တကျော့ပြန်အဖြစ် မိုးစက်ဝိုင်က ၂ဝ၁၃ ခုနှစ် ရုရှားနိုင်ငံမော်စကိုမြိမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
video
DVB

0 အကြံပြုခြင်း: