Sunday, July 20, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ငါးသန်းကျော်ရ


By
အောင်သူရ
http://www.7daydaily.com/story/16317#.U8vIb7E1D9s
Issue No.
No.445 Sunday, July 20, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ် ကောက်ခံရာတွင် စာရင်းပိတ် သည့် ဇူလိုင် ၁၉ ရက်၌ စုစု ပေါင်းလက်မှတ် ငါးသန်းကျော် ရရှိကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံခြင်းကို မေ လ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ ပြီး ဇူလိုင် ၁၉ ရက်တွင် အပြီး သတ်မှတ်ထားခဲ့သည်။

‘‘ဒီနေ့ရုံးချုပ်မှာ စာရင်း ပေါင်းတာ ငါးသန်းကျော်ရတယ် လို့ပြောတယ်။ ငါးသန်းကျော်ရ တာမနည်းပါဘူး’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆို ခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါ် နန်းခင်ထွေးမြင့်ကပြောသည်။

တိုင်းနှင့် ပြည်နယ်အသီးသီး မှ တက်ရောက်လာကြသော စာ ရင်းများကို ပေါင်းကြည့်ရာတွင် အကြမ်းဖျင်း ငါးသန်းကျော်ရရှိ ထားပြီး လာမည့်နှစ်ပတ်အတွင်း စာရင်းအတိအကျ ထုတ်ပြန် ပေးသွားမည်ဟု NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်း ထိန်ကပြောသည်။

ရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 အကြံပြုခြင်း: