Tuesday, July 8, 2014

ဘယ်ဂျာနယ်ကထည့်ပေးမလဲ



လှည်းကူးမြို့နယ်၊ ဘားလား (တံတားကြီး) ကျေးရွာအနီးရှိ လယ်ယာမြေများ ပေါ်တွင် ကွန်ကရစ်လမ်းများ ဖောက် လုပ်ခြင်း၊ လူနေအိမ်ယာများ ဖော်ခြင်း စသဖြင့် ပါတီ နာမည်ကို အသုံးပြုပြီး ဥပဒေနှင့် အညီ မပြုလုပ်ခြင်းတို့ကြောင့် ဦးနေမျိုးဝေအား မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ စတင်တည်ထောင်စဉ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဦးညိုမင်းလွင်နှင့် ပါတီ တည်ထောင်စဉ်တွင် ပါဝင်ခဲ့သူ ဦးတင်မောင်အေးတို့က တိုင်း ကော်မရှင်ထံသို့ ဇွန်လ ၁၇ ရက်နေ့က တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ဦးတင်မောင်အေးနှင့် ဦးညိုမင်းလွင်တို့ကို လွန်ခဲ့သော ၃ လခန့်ကတည်း က ပါတီဗဟိုကော်မတီ အစည်း အဝေး ဆုံးဖြတ်ချက်အရ ပါတီမှ ထုတ်ပယ်ထား ပြီးဖြစ်ကြောင်း လက်ရှိပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက ဧရာဝတီသို့ ပြောသည်။

ပါတီလုပ်ငန်းများအတွက် နေရာပေးသော်လည်း မယူသည့်အပြင် မိမိ၏ လုပ်ငန်းများကိုပါ နှောင့်ယှက် နေသည့်အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ ကော်မရှင်မှ ခေါ်ယူစစ်ဆေးသည့် သတင်းနှင့် ပက်သက်ပြီး မေးမြန်းရာ တွင် ဦးနေမျိုးဝေက “အဲဒါ နိုင်ငံရေးလား။ အဲဒါကို စိတ်ဝင်စားတယ်၊ ငါ့နိုင်ငံရေးကို စိတ်မ၀င်စားဘူးဆိုရင် မင်းဟာက အလကားဂျာနယ်၊ လုံးဝ သုံးမရတဲ့ဂျာနယ်။ ငါ လုပ်တဲ့ နိုင်ငံရေးတွေကို စိတ်ဝင်စားပြီး ဖော်ထုတ်ပေးရမှာပေါ့။ ငါက ဂျာနယ်တွေ ကလည်း သိအောင် လုပ်ချင်သေးတာ။ အဲဒီလို ဖော်ထုတ်တာမဟုတ်တဲ့ ဂျာနယ်ကို ငါက အင်တာဗျူးမပေးဘူး” ဟု ဧရာဝတီသို့ ပြန်လည် ပြောဆိုသည်။

(( ဧရာဝတီ သတင်းဌာန ))

0 အကြံပြုခြင်း: