Sunday, July 13, 2014

၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းတဲ့လား



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ
မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်း
က မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံ
ခဲ့ခြင်းဖြစ်သည်ဟု ယ ခင်အစိုးရ နိုင်ငံတော်အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

ကနေဒါလိုဒီမိုကရေစီနိုင်ငံမှာရဲရင့်ငယ်နေတဲ့ရပ်ကွက်က
တသိန်းကျော်ရှိတယ်မဲပေးနိုင်သူ ၈သောင်းလောက်ရှိမယ်၊
တကယ်မဲပေးတာ၂သောင်းခွဲနဲ့၃သောင်းလောက်ပဲပေးတယ်၊
မဲပြန့်တာနဲ့နိုင်တဲ့သူကတသောင်းခွဲလောက်ပဲမဲရတယ်၊
အမေရိကန်မှာလည်းဒီလောက်ပဲ၊
တစ်နိုင်ငံလုံးရှိမဲပေးပိုင်ခွင့်ရှိသူအရေအတွက်ရဲ့၃၅ရာခိုင်
နူန်းလောက်ပဲမဲပေးဖို့စိတ်ဝင်စား တယ်၊

နာဂစ်အပျက်အစီးတွေကြားထဲလုပ်တဲ့ပွဲ ၉၈ ဒသ မ ၁၂
ရာခိုင်နှုန်းက မဲပေးတယ်ဆိုတော့လိမ်တော့လိမ်ပေါ့၊
ယုတ္တိရှိအောင်လေးလည်းလုပ်ပေါ့၊

၄၃၆ပြင်ဖို့လက်မှတ်၃သန်းပဲရသေးတယ်ဆိုတာတကယ်တော့
ဒီမိုကရေစီနိုင်ငံတခုမှာအတော်လေးတောင်များတဲ့ပမာဏပါ၊
Campaignကလဲခက်ခဲပင်ပန်းသလိုနိုင်ငံရေးစိတ်
မ၀င်စားသူကိုလဲအတင်းအကြပ်တောင်းဆိုလို့မရပါဖူး။

၁၉၉၀တုံးကတော့မဆလကိုစိတ်နာလို့အတော်များများ
အန်နယ်လ်ဒီကိုမဲပေးခဲ့ကြဖူးပါတယ်၊

နာဂစ်ဖွဲ့စည်းပုံကိုရက်ရွှေ့လုပ်ဖို့တိုက်တွန်းတာတွေလဲ
သူနားမထောင်ခဲ့ဖူး၊နာဂစ်ဖြစ်တဲ့နေရာတွေချန်ပြီးအမှိုက်
တွေတောင်လိုပုံနေတဲ့မြို့ပျက်တွေထဲမှာလုပ်တာတောင်
၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတဲ့ဖွဲ့စည်းပုံ....
ရဲတယ်ဆိုရင်နောက်တခေါက်ထပ်ပြီးဆန္ဒခံယူပွဲလုပ်ပေး
ဖို့တောင်းဆိုပါတယ်။

အမေစုကနောက်တခါမှတ်ကျောက်တင်ခိုင်းနေပြီ၊
တစ်နိုင်ငံလုံးရှိမဲပေးပိုင်ခွင့်ရှိသူများအနက်မှဘယ်လောက်
ပဲမဲပေးတယ်ဆိုတာသက်သေရနိုင်ပါတယ်။

0 အကြံပြုခြင်း: