Saturday, July 26, 2014

ပြည်သူရွေးချယ်ခြင်း မခံရတဲ့သူတွေကလွှတ်တော်မှာ ဝင်ထိုင်ချင်ကြတယ်



"PRစနစ်ကို ကျင့်သုံးချင်တယ် ဆိုတာက ပြည်သူအတွက်လား ပါတီအတွက်လား ဆိုတာကို စဉ်းစားစေချင်ပါတယ်"

"ပြည်သူရဲ့ အဆုံးအဖြတ်ကိုပဲ ရဲရဲဝံ့ဝံ့ ခံယူစေချင်ပါတယ်"

"အခုဆိုရင် ကျွန်မတို့ နိုင်ငံမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ ပြည်သူရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခွင့် မရပါဘူး။ အဲ့ဒီလို အခြေအနေမှာ ပြည်သူရွေးချယ်ခြင်း မခံရတဲ့သူတွေက မဲအားလုံးပေါင်းပြီး ရရှိလာမဲ့ အချိုးကျစနစ်နဲ့ လွှတ်တော်မှာ ဝင်ထိုင်ချင်ကြတယ်
ဆိုတာက အင်မတန်မှကို ရှက်စရာ ကောင်းပါတယ်"

ဒေါ်ခင်သန္တာ (တံတားဦးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်)


လက်ရှိအခြေအနေမှာလည်းပဲ ကျွန်မတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကို လည်းပဲကျွန်မတို့ ပြည်သူတွေက ရွေးချယ်လို့မရပါဘူး။ တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန်္ဒမပါဘူး။ အခုတစ်ခါဥပဒေပြုရေးမှာပါဒီစနစ်ကြောင့် ပြည်သူကို၊ ပြည်သူ့ ကိုယ်စားလှယ်များကို တိုက်ရိုက်မဲပေးခွင့်၊တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူးဆိုရင်ကျွန်မတို့နိုင်ငံ ဟာဘာနိုင်ငံဖြစ်နေလဲဆိုတာက်္ဘာမှာချပြဖို့ အင်မတန်ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါ လို့ကြွေးကြော် ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။

တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ


သတိ - လွှတ်တော်အတွင်း ခြေမည်းကြီးများ ၀င်ရောက်တော့မည်။
သိန်းစိန်အာဏာရူးအုပ်စု အချိုးကျ PR စနစ်ကို မဖြစ်ဖြစ်အောင် အသည်းအသန်လုပ်နေကြရသလည်း။
နိုင်ငံရေးပါတီကို ထောင်၊ ရွေးကောက်ခံရခြင်း မလိုဘဲ ထောင်ထားတဲ့ ပါတီရဲ့  အချိုးကျရတဲ့ အခွင့်အရေးကို ယူပြီး ပြည်သူ့ လွှတ်တော်ထဲကို နိုင်ငံတော်လူသတ်သမားတွေ နိုင်ငံတော်သူခိုးကြီးတွေ နိုင်ငံတော်လူညာကြီးတွေ နိုင်ငံတော်စီးပွားသောင်းကျန်းသူတွေ အလွယ်တကူ ၀င်ရောက်လာပြီး တိုင်းပြည်ရဲ့  အုပ်ချူပ်ရေး စီးပွားရေးတွေကို ထင်ရာစိုင်း အုပ်ချူပ်ကြဖို့ ပါဘဲ။
အထူးသဖြင့်ကတော့ အာဏာရှင်ကြီး နေ၀င်း မျိုးဆက် ကျော်နေ၀င်း အေးနေ၀င်း ဇွဲနေ၀င်းတို့ ၊ အာဏာရှင်ကြီး သန်းရွှေရဲ့  မျိုးဆက်တွေ၊ အာဏာရူးဗိုလ်ချူပ်ကြီးများရဲ့  မျိုးဆက်တွေ ၀င်ရောက်ဖို့  ကြိုတင်လမ်းခင်းခြင်းပါဘဲ။ အဲ့ဒီလမ်းကို ပြည်သူတွေ သွေးတွေ အသက်တွေနဲ့  ခင်းတဲ့လမ်းကို ကျားသေတွေက လျှောက်လှမ်းမှာ ဖြစ်ပါတယ်။
ရဟန်းရှင်လူပြည်သူလူထုအားနဲ့  အဆိုပါ PR စနစ်ကို အပြင်းအထန် ဆန့် ကျင်တိုက်ထုတ်ကြဖို့  ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် လုပ်ဆောင်ကြမှသာ နောင် ပြည်သူ့ မျိုးဆက်တွေ အာဏာရှင်မျိုးဆက်ရဲ့  ခြေမည်းကြီးများ အောက်မှာ မရောက်မှာပါ။
ပြည်သူ့ လွှတ်တော်ထဲကို ခြေမည်းကြီးများ နင်းခြေ ၀င်ရောက်လာပါတော့မယ်။
နစ်နေမန်းအနေနဲ့  Proportional Representation (PR) အချိုးကျ ကိုယ်စားပြုစနစ်ကျင့်သုံးမှုအား လုံးဝ သဘောမတူ လက်မခံပါကြောင်း ထပ်မံ ပြောကြားပါတယ်။
Proportional Representation (PR) အချိုးကျ ကိုယ်စားပြုစနစ်ဟာ မဲအရေအတွက်အချိုးအစားအတိုင်း နိုင်ငံရေးပါတီတစ်ခုချင်းစီတိုင်းအတွက် လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာရရှိစေသော အချိုးကျစနစ်ဖြစ်တယ်။
ဒီမိုကရေစီအမည်ခံအယောင်ပြ အာဏာရှင်စနစ်ကျင့်သုံးနေဆဲ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် လုံးဝ မကိုက်ညီသည့်အပြင်၊ အာဏာရှင်အုပ်စု၏ ဝေပုံကျအာဏာခွဲဝေကိုင်တွယ် အုပ်ချူပ်မည့် စနစ်ဖြစ်မည် ဖြစ်တယ်။
ဒီမိုကရေစီစနစ်ကို စစ်စစ်မှန်မှန် ကျင့်သုံးခွင့် မရှိ၊ မရရှိသေးသော မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အချိန်အခါတွင် Proportional Representation (PR) အချိုးကျ ကိုယ်စားပြစနစ်သည် အာဏာရှင်တို့  အလိုကျ ဖန်တီးစီမံ အကြံအဖန်များဖြင့် အာဏာရှင်လက်သပ်မွေး ပေါက်ဖွားသည့် အာဏာရှင်လက်သစ်နိုင်ငံရေးပါတီများ၊ အလိုတူအလိုကျ ဂွင်လှလှ စီစဉ်ကြသည့် ပုလင်းတူ ဗူးစို့  အမေမတူ ဖအေကွဲ ကိုယ်ကျိုးရှာ အချောင်လမ်းစဉ်လိုက် နိုင်ငံရေးပါတီများ၏ လက်ချင်းချိတ်ဆက်၍ ပြည်သူလူထုအား ဒုက္ခရောက်အောင် လုပ်ကြမည့် များစွာအန္တရာယ်ကြီးစေနိုင်မည့် လုပ်ဆောင်ချက် သာဖြစ်တယ်။
စကားရှင်းရှင်း ပြောရလျှင် အုတ်ရောရော ကျောက်ရောရော အချောင်သမား နိုင်ငံရေးပါတီများနှင့် မွေးစားအာဏာရှင်လက်ပါးစေနိုင်ငံရေးပါတီများပါ လွှတ်တော်အတွင်း ၀င်ထိုင်ခွင့် ရစေမည့် လုပ်ရပ်ဖြစ်တယ်။ ဒီလို နိုင်ငံရေးပါတီတိုင်းမှ လွှတ်တော်အတွင်း ၀င်ရောက်ခွင့်ဖန်တီးတဲ့ အာဏာရှင်တို့ လုပ်ရပ်ဟာ မက်လုံးကြီးသဖွယ် အားလုံး သိမ်းကျုံးခေါ်ယူပြီး၊ စစ်မှန်စွာ ရွေးချယ်တင်မြှောက်သော ပြည်သူ့ ကိုယ်စားလှယ်စစ်စစ်များဖြင့်သာ အရည်အချင်း မှန်ကန်ပြည့်ဝစွာဖြင့် ဖွဲ့ စည်းသည့် ပြည်သူ့ အစိုးရ ပေါ်ပေါက်ရေး၏ အနှစ်သာရကို ဖျက်ဆီးတာလည်း ဖြစ်တယ်။
၂၀၀၈ ခုနှစ်၊ နာဂစ်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ ကန့် သတ်ချုပ်ခြယ်ထားသော ဥပဒေပုဒ်မများ မပြင်မဆင် မပယ်မဖျက်သေးသမျှ၊ ပြည်သူ့ လွှတ်တော်အတွင်း ပြည်သူလူထုမှ ရွေးချယ်တင်မြှေက်ခြင်း မခံရသော ကိုယ်စားလှယ်အတုအယောင်များ ရှိနေသေးသမျှ၊ နိုင်ငံတော်သမ္မတများအား ပြည်သူလူထုမှ တိုက်ရိုက်ရွေးချယ်ခွင့် မရရှိသေးသမျှ ဗိုလ်ချူပ်ကြီး ဗိုလ်ချူပ်ဟောင်းများမှအစ စစ်ဘောင်းဘီချွတ် အရပ်သားအုပ်ချူပ်ရေးဘက်သို့  အသွင်ပြောင်း ကူးပြောင်းခြယ်လှယ်အုပ်ချူပ်နေမှုများ ရှိနေသေးသမျှ ဒီမိုကရေစီခုတုံးလုပ် ဗန်းပြသော Proportional Representation (PR) အချိုးကျ ကိုယ်စားပြုစနစ် ဖြစ်ပေါ်ကျင့်သုံးရန် စီမံမှုသည် အာဏာရှင်အစိုးရအတွက် အသက်ဆက်စေရုံသာမက အားအင်ကြီးထွားစေရန် အားဆေးသောက်သုံးခြင်းနှင့် ပြည်သူလူထုအား အဆိပ်ဆေးတိုက်ကျွေးခြင်းသာ ဖြစ်တယ်။
သို့ ဖြစ်၍ စစ်မှန်သော နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ မပေါ်ပေါက်သေးသ၍၊ ပြည်သူ့ လွှတ်တော်အတွင်း ၂၅% သော ရွေးကောက်ခံမဟုတ်သည့်သူများ ရှိနေသေးသ၍၊ ပြည်သူလူထုမှ နိုင်ငံတော်သမ္မတများအား တိုက်ရိုက်ရွေးချယ်ခွင့် မရှိသေးသ၍၊ စစ်ဘောင်းဘီချွတ်၍ အရပ်သားအုပ်ချူပ်ရေးဘက်သို့  အသွင်ပြောင်း ကူးပြောင်းခြယ်လှယ်အုပ်ချူပ်နေမှုများရှိနေသေးသ၍ Proportional Representation (PR) အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးမှုအား လုံးဝ သဘောမတူ လက်မခံပါကြောင်း ပြောကြားလိုပါတယ်။
အထူးသဖြင့် ပြည်သူ့ လွှတ်တော်အတွင်း ခြေမည်းကြီးများ ၀င်ရောက်လာမည့် အခြေအနေဖန်တီးသည့် သိန်းစိန်တို့ ၏ PR စနစ်ကို လုံးဝ ကန့် ကွက်ပါတယ်။
လေးစားလျက် -
နစ်နေမန်း။


ပီအာစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာနောက်ဆုံး ပါတီကြီးနှစ်ခုပဲအသက်ရှင်ကျန်ရစ်တယ် မြန်မာပြည်လိုတနေရာပဲနိုင်နိုင်တိုင်းရင်းသား ကိုယ်စားပြုတွေအတွက်ဘယ်လိုမှမဖြစ်နိုင်ဖူး ပြည်နယ်မှာတမျိုးတိုင်းမှာတမျို့းရွေးကောက် ပွဲကျင်းပဖို့အဆိုတင်တာတွေတွေ့ရတော့ ဖင်မနိုင်ပဲပဲကြီးဟင်းနဲ့ဆူးပုတ်ရွက်စားပြီး လွှတ်တော်တက်နေကြတယ်လို့ပဲပြောရ မှာပဲ။ဒညင်းသီးတောင်အဆစ်ပါတယ်။ နံချက်...... — feeling ဝေးဝေးနေ.

0 အကြံပြုခြင်း: